နှစ်စဉ် နိုဝင်ဘာလတိုင်း IBDP အတွက် ပညာသင်ဆုပေးအပ်တဲ့ UWC

 

အရင်တစ်ပတ်က IBDP ပရိုဂရမ်အကြောင်း မိတ်ဆက်ပေးခဲ့ပြီးဖြစ်တဲ့အတွက် ဒီတစ်ပတ်မှာတော့ မြန်မာကျောင်းသား၊ ကျောင်းသူတွေကို နှစ်စဉ်နိုဝင်ဘာလတိုင်း IBDP အတွက် ပညာသင်ဆုပေးတဲ့ UWC အကြောင်း မျှဝေပေးသွားမှာဖြစ်ပါတယ်။ 

 

IBDP အကြောင်း ဖတ်ရှုရန် >> https://www.edge.com.mm/article/-ib-diploma.html

 

UWC ဆိုတာဘာလဲ?

UWC ဆိုတာ United World Colleges ရဲ့ အတိုကောက်ဖြစ်ပြီး မတူညီတဲ့ နိုင်ငံ၊ ယဉ်ကျေးမှုနဲ့ လူမျိုးတွေ စုစည်းပြီး ငြိမ်းချမ်းရေးနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်ကို ဖော်ဆောင်ဖို့ ပညာရေးကို တွန်းအားတစ်ခုအဖြစ် အသုံးပြုလျက်ရှိတဲ့ လူသားအကျိုးပြု အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ 

 

 

UWC စတင်တည်ထောင်ခဲ့ပုံ

UWC ကို ၁၉၆၂  ခုနှစ်မှာ UK နိုင်ငံရှိ Atlantic College နဲ့အတူ Kurt Hahn က စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Nelson Mandela, King Charles - III နဲ့ Louis Mountbatten တို့က UWC ရဲ့ President အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးပြီး လက်ရှိမှာတော့ Queen Noor of Jordan က President အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။

 

UWC Scholarship 

ဒီပညာသင်ဆုကတော့ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ United World Colleges (၁၈) ကျောင်းမှာ International Baccalaureate Diploma Programme (IBDP) ပညာရေး သင်ကြားဖို့ အသက် ၁၆ နှစ်နဲ့ ၁၉ နှစ်ကြား ကျောင်းသားတွေကို နှစ်စဉ်ရွေးချယ် ပေးအပ်တဲ့ ပညာသင်ဆုပဲ ဖြစ်ပါတယ်။ 


UWC ကျောင်း (၁၈) ကျောင်း

အောက်ဖော်ပြပါ နိုင်ငံ (၁၈) နိုင်ငံမှာ UWC ကျောင်းတစ်ကျောင်းစီ ရှိပါတယ်။ UWC ကျောင်းတွေဟာဆိုရင် သာမန် အထက်တန်း ပညာရေးထက်ပိုတဲ့ လူမျိုးပေါင်းစုံ ယှဉ်တွဲနေထိုင်ရေး Diversity ၊ Sustainability နဲ့ Community Engagement စတဲ့ UWC Values တွေကို အလေးထားတဲ့ ကျောင်းသားတွေကို နှစ်စဉ် မွေးထုတ်ပေး‌နေတာ ဖြစ်ပါတယ်။ 

  1. Atlantic College (UK)
  2. UWC-USA(New Mexico-USA)
  3. UWC Costa Rica (Costa Rica)
  4. UWC Pearson College (Canada)
  5. UWC Red Cross Nordic (Norway)
  6. UWC Robert Bosch (Germany)
  7. UWC Maastricht (Netherlands)
  8. UWC Adriatic (Italy)
  9. UWC Mostar (Bosnia and Herzegovina)
  10. UWC Dilijan (Armenia)
  11. Waterford Kamhlaba UWC (Eswatini)
  12. UWC East Africa (Tanzania)
  13. Li Po Chun UWC (Hong-Kong)
  14. UWC Mahindra (India)
  15. UWC South East Asia (Singapore)
  16. UWC Thailand (Thailand)
  17. UWC Changshu (China)
  18. UWC ISAK (Japan)


 

 

UWC National Committee

National Committee ဆိုတာက မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း (၁၅၀) မှာ အသီးသီးရှိကြတဲ့ နိုင်ငံအဆင့် UWC အဖွဲ့အစည်းဖြစ်ပါတယ်။ UWC Myanmar National Committee ကိုတော့ ၂၀၁၀ ခုနှစ်မှာ စတင်ဖွဲ့စည်းထားပြီး UWC Alumni တွေ၊ Volunteers တွေ ပါဝင်ပါတယ်။ 

 

UWC ကိုလျှောက်ထားနိုင်မယ့် နည်းလမ်း (၂) မျိုး 

  • Global Selection Process (GSP)
  • National Committee (NC) - Scholarship  

 

Global Selection Process (GSP) နဲ့ လျှောက်မယ်ဆိုရင် အထက်ဖော်ပြပါ ကျောင်း (၁၈) ကျောင်းထဲကမှ မိမိနှစ်သက်ရာ UWC ကျောင်းကို ရွေးပြီး အချိန်မရွေး လျှောက်ထားနိုင်ပါတယ်။ ဒါပေမယ့် GSP နဲ့လျှောက်ထားမယ်ဆိုရင် ကုန်ကျစရိတ်အားလုံးကို သင့်ဘက်က ပေးရမှာဖြစ်ပါတယ်။ GSP နဲ့ လျှောက်ထားဖို့ စိတ်၀င်စားတယ်ဆိုရင် apply.uwc.org မှာ GSP (Global Selection Process) ကို ရွေးချယ်ပြီး လျှောက်ထားနိုင်ပါပြီ။

 

ပညာသင်ဆုနဲ့ UWC ကို တက်ချင်တယ်ဆိုရင်တော့ ပုံမှန်အားဖြင့် နိုဝင်ဘာလကနေ ဇန်နဝါရီလအတွင်း National Committee တွေကနေဆင့် လျှောက်ထားရမှာဖြစ်ပါတယ်။ National Committee ကနေ လျှောက်မယ်ဆိုရင် ကိုယ့်နိုင်ငံကို နေရာချပေးတဲ့ ကျောင်းတွေကိုသာ တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။

 

ကိုယ်က မြန်မာနိုင်ငံသားဆိုရင် Myanmar National Committee မှာ လျှောက်ထားရပါမယ်။ ပြီးရင် UWC ကျောင်းတွေကို တင်ပေးပါတယ်။ ကျောင်းတွေက ထပ်ဆင့် ရွေးချယ်လိုက်တဲ့ ကျောင်းသားတွေကို Myanmar National Committee က နောက်ဆုံး အတည်ပြုပြီး ပညာသင်ဆု ပေးပါတယ်။ 

 

ပညာသင်ဆု လျှောက်ထားလိုသူတွေအတွက်

- မြန်မာနိုင်ငံသားဖြစ်ရပါမယ်။

- အသက် (၁၅) နှစ်ကနေ (၁၈) နှစ်အထိ (Sep 2, 2005 - May 1, 2009 အတွင်း မွေးဖွားသူ ဖြစ်ရပါမယ်)

- ၁၀ တန်း (သို့) ၁၁ တန်းပြီးထားပြီသူဖြစ်ရပါမယ်။ 

- ကိုယ်ပိုင်အသုံးပြုနေတဲ့ အီမေးလ်တစ်ခုရှိရပါမယ်။ 

- English Skills အပြော၊ အရေး တက်ကျွမ်းရပါမယ်။ 

 

ပြင်ဆင်ထားရမယ့် စာရွက်စာတမ်းများ

မှတ်ပုံတင်

- ပတ်စ်ပို့

- အိမ်ထောင်စုစာရင်း

- ပညာရေးနောက်ခံနှင့် အမှတ်စာရင်း

- လျှောက်လွှာမှာပါမယ့် အက်ဆေး (၅) ပုဒ်

- (၅) မိနစ်စာ ဗီဒီယို

- Two References (Academic and Non-academic)

- မိဘအုပ်ထိန်းသူ ထောက်ခံချက် ( မိဘ (သို့) အုပ်ထိန်းသူနှစ်ယောက်က  UWC မှာကျောင်းတက်ဖို့ သဘောတူကြောင်း၊ ကုန်ကျစရာရှိလာခဲ့ရင်လည်း ထောက်ပံ့ပေးဖို့ သဘောတူညီကြောင်း ဖောင်မှာ ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ် )

 

UWC မှာ ကျောင်းတက်ခွင့်ရမယ်ဆိုရင် နိုင်ငံပေါင်း (၁၅၀) က မတူညီတဲ့ ကျောင်းသားတွေနဲ့ အတူယှဉ်တွဲနေထိုင်ရင်း ပညာသင်ယူခွင့်ရမှာမလို့ ကွဲပြားစုံလင်တဲ့  ယဉ်ကျေးမှု ဓလေ့စရိုက်နဲ့ အတွေ့အကြုံအသစ် များစွာ ရမှာဖြစ်ပါတယ်။ 

 

UWC မှာ ကျောင်းတက်ပြီး ရရှိမယ့် အခွင့်အလမ်း

Tutor & Guidance Counselor

UWC တက်နေစဉ်အတွင်းမှာပဲ ကျောင်းမှာရှိတဲ့ Counselor တွေက သင့်ရဲ့အနာဂတ်အစီအစဉ်နဲ့ ပတ်သက်ပြီး UWC ပြီးတာနဲ့ University ဆက်တက်ချင်တာလား၊ ဒါမှမဟုတ် gap year ယူပြီး Charity အဖွဲ့တစ်ခုစတင် ဆောင်ရွက်ချင်တာလား၊ (သို့) Community တခုခုမှာ စေတနာ့ဝန်ထမ်းလုပ်ချင်တာလား...အစရှိသဖြင့် ဆွေးနွေးတိုင်ပင် အကြံပေးပေးပါတယ်။ 

 

Opportunity to attend a University 

UWC တက်ပြီးသွားရင်တော့ ''You have the opportunity to attend a university anywhere in the world'' ပါ။ မိမိနှစ်သက်ရာ တက္ကသိုလ်တွေမှာ ပညာသင်ဆုတွေနဲ့ ဆက်လက်သင်ယူနိုင်အောင် ထောက်ပံ့ပေးပါတယ်။

 

UWC Hub

UWC themes ကို အခြေခံပြီး တစ်ကမ္ဘာလုံးက ကျောင်းသားဟောင်းတွေ အမြဲအချိတ်အဆက်ရှိဖို့နဲ့ Community challenge တွေ အတူတကွဖြေရှင်းနိုင်ဖို့ ရည်ရွယ်ပြီး UWC က Event တွေ ပြုလုပ်လေ့ရှိပါတယ်။ သင်ဟာ UWC alumni တစ်ယောက်ဖြစ်သွားတာနဲ့ UWC Hub platform မှာ ဝင်ရောက်နိုင်ပြီး UWC ကပြုလုပ်တဲ့ in person events မှန်သမျှကို ပါဝင်နိုင်ပါတယ်။

 
Source - UWC Myanmar National Committee

High International Local Read 53 times