Sales Hotline : 09448001653       Download App



မြန်မာ အမျိုးသမီးတွေအတွက် ပညာသင်စရိတ်ငြိမ်း ထောက်ပံ့ပေးမယ့် DAUGHTERS RISING SCHOLARSHIP PROGRAM

ဒီနေ့ မျှဝေပေးသွားမယ့်အကြောင်းအရာကတော့ မြန်မာနိုင်ငံက လူနည်းစု တိုင်းရင်းသူလေးတွေ၊ စစ်ဘေးရှောင်အမျိုးသမီးတွေ၊ ကြိုးစားချင်ပေမဲ့ နောက်ခံမရှိလို့ လမ်းစပျောက်နေတဲ့ မြန်မာအမျိုးသမီးလေးတွေအတွက် သီးသန့်ရည်ရွယ်ပြီး စရိတ်ငြိမ်းထောက်ပံ့ပေးသွားမယ့် ပညာသင်ဆုအကြောင်းပဲ ဖြစ်ပါတယ်။ 

ပေးအပ်တဲ့ အဖွဲ့အစည်း - Daughter Rising

တက်ရောက်ရမယ့် ပညာတော်သင်ဆုအမျိုးအစား - Full and Partial Scholarships

တက်ရောက်ရမယ့် ကာလ - (၄) နှစ်

ရရှိမယ့် ဘွဲ့အမျိုးအစား - Bachelor Degree

နောက်ဆုံးလျှောက်ထားရန်ရက် - မတ်လ ၁၊ ၂၀၂၄ ခုနှစ်

ဒီပညာသင်ဆုအစီအစဉ်မှာ Lotus Scholarship နဲ့ Orchid Scholarship ဆိုပြီး (၂) မျိုး ရှိပါတယ်။ 

Lotus Scholarship

ထူးချွန်တဲ့ကျောင်းသူတွေအတွက် ကျောင်းစရိတ်နဲ့ နေစရိတ်တို့ကို အပြည့်အ၀ ထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်။ 

  • Tuition
  • Travel Expenses
  • Living Stipend
  • Visa Paperwork
  • Medical Insurance
  • School Supplies

Orchid Scholarship

ငွေကြေးလိုအပ်တဲ့ ကျောင်းသူတွေအတွက် နေစရိတ်နဲ့ ကျောင်းစရိတ်အတွက် ထောက်ပံ့ကြေးတစ်ဝက်ကို ပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ နေထိုင်စရိတ်အတွက် တစ်လကို ထိုင်းဘတ် ၁၀,၀၀၀ အထိ ထောက်ပံ့ပေးပါတယ်။ 

ဒီပညာသင်ဆုပရိုဂရမ်မှာ ရွေးချယ်တက်ရောက်နိုင်တဲ့ ဘာသာရပ်တွေကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။ 

  • Mental Health & Psychology 
  • Development
  • Conflict and Peace Studies
  • Ecology and Environmental Sustainability
  • Social Sciences
  • Public Administration, Policy and Governance
  • Education
  • Public Health
  • Communication Arts
  • Law
  • History and Cultural Studies တို့ကို ထိုင်းနိုင်ငံရဲ့ တက္ကသိုလ်တွေမှာ သင်ကြားရမှာ ဖြစ်ပါတယ်။ 

ဒီပညာသင်ဆုကို ဘယ်လိုလူတွေ လျှောက်လို့ရလဲ?

  • လျှောက်ထားသူသည် မြန်မာနိုင်ငံ သို့ ထိုင်းနိုင်ငံရှိ တိုင်းရင်းသား အမျိုးသမီးဖြစ်ရပါမယ်။
  • စစ်ရှောင်နေရသူများ၊ ခက်ခဲတဲ့ မိသားစုကနေ လာတဲ့သူများကို ပိုမိုအလေးပေး ရွေးချယ်ပါမယ်။
  • အနည်းဆုံး အထက်တန်းအောင်မြင်ထားသူ ဖြစ်ရပါမယ်။ 

ပညာသင်ဆုအတွက် ဘာတွေလိုအပ်မလဲ?

  • National ID
  • Passport (Optional)
  • Acceptance letter (Optional*)
  • Academic Reference Letter
  • Professional Reference Letter (Optional)
  • Academic, Professional, or other Leadership Achievements (Optional)

ဒီပညာသင်ဆု လျှောက်ထားသူတွေဟာ အောက်က Essay မေးခွန်းတွေကိုလည်း သေချာဖြေဆိုပေးဖို့ လိုပါတယ်။

1. BIOGRAPHY: Tell us about yourself! Where you are from, your ethnicity, family background, proudest achievements and anything else you think makes you who you are today. (150 words maximum)

ကိုယ့်ရဲ့ အကြောင်း၊ မိသားစုနောက်ခံနဲ့ ဘ၀မှာ ဂုဏ်ယူရဆုံး အောင်မြင်မှုတွေကို မေးတာပါ။ 

2. What are your career goals and how will your intended study help you achieve them? What are some challenges you might face to make these career dreams come true? (200 words maximum)

ကိုယ့်ဘ၀ရည်မှန်းချက်က ဘာလဲ၊ အဲ့ဒီရည်မှန်းချက်ကို အောင်မြင်ဖို့ ဘယ်လိုတွေ ကြိုးစားခဲ့ရလဲ၊ ဘယ်လို အခက်အခဲတွေနဲ့ ကြုံတွေ့ခဲ့ရလဲဆိုတာတွေကို ရေးသားရပါမယ်။

3. Why is gender equality important? (100 words maximum)

ကျား/မ တန်းတူအခွင့်အရေးက ဘာကြောင့်အရေးကြီးရတာလဲဆိုတာ ကိုယ့်ရဲ့အမြင်ကို ချရေးရမှာပါ။ 

4. Describe the most challenging hardship(s) you have overcome and how you overcame it. (200 words maximum)

ဘ၀မှာ အကြီးမားဆုံး စိန်ခေါ်မှုက ဘာလဲဆိုတာနဲ့ အဲ့တာကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ခဲ့လဲဆိုတာ ပြောပြခိုင်းတာပါ။ 

5. Upon graduation, how will you contribute to peace, equality and use your degree to be of service to others? (500 words maximum) 

ဘွဲ့ရပြီးရင် အဲ့ဘွဲ့နဲ့ ငြိမ်းချမ်းရေးနဲ့ တန်းတူညီမျှမှုအတွက် လူထုကို ဘယ်လိုတွေ အကျိုးပြန်ပြုမလဲဆိုတာ ရေးပေးရမှာပါ။

ဖောင်ပိတ်မယ့်ရက်ကတော့ မတ်လ (၁) ရက်နေ့ဖြစ်ပြီး အင်တာဗျုးခေါ်မယ့်ရက်ကတော့ မတ်လ (၁၅) ရက်နေ့ကနေ ဧပြီလ (၁၅) ရက်နေ့အထိ ဖြစ်ပါတယ်။ စကော်လာရသွားသူတွေကိုတော့ မေလ (၅) ရက်နေ့မှာ ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 

Application Link 

>> https://docs.google.com/forms/d/e/1FAIpQLScHxFksFkS1enQ4JoanApe3J-gSy3Cxh2XP3shB7CUsIb_Akg/viewform

DAUGHTERS RISING ဆိုတာ ထိုင်းနဲ့ မြန်မာက ခက်ခဲနေတဲ့ အမျိုးသမီးတွေအတွက် ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အရှေ့တောင်အာရှနိုင်ငံတွေမှာ ပညာသင်ကြားနိုင်ဖို့ စာသင်စရိတ် ထောက်ပံ့ပေးလျက်ရှိတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။

ဒါ့အပြင် ဟိုတယ်လုပ်ငန်းမှာ ဝင်ရောက်လုပ်ကိုင်လိုသူတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းနဲ့ Training Program တွေကိုလည်း ထောက်ပံ့ပေးလျက်ရှိပါတယ်။ ကျောင်းမတက်နိုင်တဲ့ ကလေးငယ်တွေ၊ ဒုက္ခရောက်နေတဲ့ ကလေးငယ်တွေ၊ နှိပ်စက်ခံနေရတဲ့ ကလေးငယ်တွေအတွက်လည်း ကူညီစောင့်ရှောက် ပြုစုပျိုးထောင်ရေးလုပ်ငန်းစဉ်တွေကို ဆောင်ရွက်လျက်ရှိတဲ့ လူထုအကျိုးပြု အဖွဲ့အစည်းပါ။ 

DAUGHTERS RISING နဲ့ ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို အောက်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

>> https://daughtersrising.org/scholarship-application?fbclid=IwAR1L8LwMaVTcN_piIELUYNYI655QAyqZMADRsnhEZ-BVDiryD8Xo0KZAZug
 

International Latest Post Read 1379 times