အခမဲ့တက်ရောက်ပြီး Certificate ပါရယူနိုင်မယ့် HR Management သင်တန်းများ

 

ဒီတစ်ပတ်မှာတော့ HR ပိုင်းကို စိတ်ဝင်စားတဲ့သူတွေ၊ HR Management ပိုင်းမှာ အလုပ်လုပ်ကိုင်နေသူတွေအတွက် Oxford Home Center မှ Free Online HR Courses တွေကို မျှဝေပေးသွားပါမယ်။

 

အချိန်ကန့်သတ်ချက်မရှိဘဲ အင်တာနက်ရှိတဲ့ ဘယ်နေရာကနေမဆို တက်ရောက်လို့ရပါတယ်။ တက်ရောက်နိုင်တဲ့သင်တန်း အမျိုးအစား (၄) မျိုးကို အောက်မှာ ဖော်ပြပေးထားပါတယ်။ 

 

  1. Recruitment Skills (Short Course)

  2. HR Management (Short Course)

  3. Diploma in HR Management 

  4. Certificate in HR Management 

 

  1. Recruitment Skills (Short Course)

 

ဝန်ထမ်းခေါ်ယူရာတွင် ထိထိရောက်ရောက်လုပ်ဆောင်နိုင်ရေးနှင့် HR နှင့် ပတ်သက်ပြီး လိုအပ်သည့် ကျွမ်းကျင်မှု၊ အသိပညာနှင့် စွမ်းရည်များကို ရရှိနိုင်ရန်အတွက် တက်ရောက်သင့်တဲ့    သင်တန်းတစ်ခုပါ။ သင်ယူရမယ့် Course Outline များမှာ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

     

  • An Introduction to Recruitment

  • The UK Recruitment Industry

  • The Structure of the Industry

  • Executive-level recruitment

  • Middle to Senior Management

  • Knowledge-Based Specialists and Professional Staff

  • Permanent Staffing Solutions

 

တက်ရောက်ရန်လင့်ခ် > https://bit.ly/3VIBsf4

 

 

  1. HR Management (Short Course)

 

အခုမှစပြီး HR ကိုလေ့လာချင်လို့ဖြစ်ဖြစ်၊ ဝန်ထမ်းတွေကို စီမံခန့်ခွဲဖို့ လေ့လာချင်တာဖြစ်ဖြစ် သင့်တော်တဲ့ သင်တန်းတစ်ခုပဲဖြစ်ပါတယ်။ အွန်လိုင်းမှာ အခမဲ့ တက်ရောက်လို့ရတဲ့ သင်တန်းဖြစ်ပြီး လုပ်ငန်းခွင်အတွက် နောက်ထပ်ခြေလှမ်းတစ်ခု စတင်ဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဒီ Course မှာဆိုရင်တော့ Topic ၃ ခုပါဝင်တယ်။ Course Outline တွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။

 

  • Introduction to HR Management 

  • Recruitment & Selection

  • Staff Training & Development 

 

တက်ရောက်ရန်လင့်ခ် > https://bit.ly/3OQ0CGm



 

  1. Diploma in HR Management

 

HR နဲ့ပတ်သက်ပြီး အခြေခံ Basic Course ကို တက်ရောက်ပြီးသူများ၊ HR Management ပိုင်းကိုမှ အတွင်းကျကျ သီးသန့်လေ့လာလိုသူများ၊ HR ပိုင်းနဲ့ အသက်မွေးဝမ်းကျောင်းပြုသူများ အထူးတက်ရောက်သင့်တဲ့ သင်တန်းတစ်ခုပဲဖြစ်ပါတယ်။ Course Outline တွေကို အောက်မှာ အသေးစိတ်ဖော်ပြပေးထားပါတယ်။

 

  • Unit 1 - Human Resource Management Introduction

  • Unit 2 - Develop and Implement Recruitment and Selection Strategies

  • Unit 3 - Appraising Employee Performance

  • Unit 4 - Conducting Effective Performance Reviews

  • Unit 5 - Health, Safety and Welfare of Employees

  • Unit 6 - Absence Management and Attendance

  • Unit 7 - Handling Grievance, Discipline, Termination and Dismissal

 

တက်ရောက်ရန်လင့်ခ် > https://bit.ly/3VoGptP


 

  1. Certificate in HR Management 

 

ဒီသင်တန်းကတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ HR ဒီပလိုမာအတန်းကို မတက်ခင် အရင် တက်ထားသင့်ပါတယ်။ HR Management နဲ့ ပတ်သက်ပြီး သိသင့်သိထိုက်တဲ့ အခြေခံသဘောတရားတွေကို သိရှိနားလည်နိုင်စေဖို့အတွက် တက်ရောက်သင့်တဲ့ သင်တန်းတစ်ခုပါ။ အခုမှ HR နယ်ပယ်ထဲ စဝင်မယ့်သူတွေ၊ Junior Level တွေအတွက် သင့်တော်ပါတယ်။ Course Outline ကတော့ အောက်မှာကြည့်ရှုနိုင်ပါတယ်။

 

  • Unit 1 - Human Resource Management Introduction

  • Unit 2 - Develop and Implement Recruitment and Selection Strategies

  • Unit 3 - Conducting Effective Performance Reviews

  • Unit 4 - Health, Safety and Welfare of Employees

 

      တက်ရောက်ရန်လင့်ခ် > https://bit.ly/3XJWdJg

 

Latest Post Vocational Read 1601 times