အင်္ဂလိပ်စာ ဆရာတွေအတွက် British Council ရဲ့ အခမဲ့သင်တန်းများ

 

သင်က အင်္ဂလိပ်စာ ဆရာ၊ ဆရာမတစ်ယောက်ဆိုရင် ကိုယ့်ရဲ့ သင်ကြားရေး ကျွမ်းကျင်မှုကို မြှင့်တင်ချင်ပြီး ကျောင်းသားတွေအတွက် ပြီးပြည့်စုံတဲ့ သင်ခန်းစာတွေကို ဖန်တီးနိုင်ဖို့ British Council ကနေ ဖွင့်လှစ်ထားတဲ့ အခမဲ့ အွန်လိုင်းသင်တန်းတွေကို တက်ရောက်သင့်ပါတယ်။

 

British Council ရဲ့ TeachingEnglish မှာ အင်္ဂလိပ်စာ သင်ကြားရေးအတွက် ဆရာဖြစ်သင်တန်းတွေ၊ သင်ကြားရေး နည်းလမ်းတွေ၊ လမ်းညွှန်ချက်တွေကို ထောက်ပံ့ပေးထားပြီး သင့်အား ပိုမိုထိရောက်တဲ့ အင်္ဂလိပ်စာဆရာတစ်ယောက် ဖြစ်လာဖို့ ကူညီပေးမှာဖြစ်ပါတယ်။ 

 

လက်ရှိမှာ တက်ရောက်နိုင်တဲ့ သင်တန်းတွေကတော့ - 

- Understanding language systems

- TeachingEnglish: How to teach pronunciation

- TeachingEnglish: Assessing learning

- Climate action in language education

- Helping teachers to learn

- Making time for research in the English classroom

- TeachingEnglish: Communication skills တို့ဖြစ်ပါတယ်။

 

၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီမှ ဖွင့်လှစ်မယ့် သင်တန်းတွေကတော့ - 

- Planning courses

- TeachingEnglish: How to teach reading တို့ဖြစ်ပါတယ်။ 

 

ထပ်ဖွင့်ဖို့ရှိတဲ့ သင်တန်းတွေကတော့ - 

- TeachingEnglish: Key digital skills

- TeachingEnglish: How to teach writing

- Teaching English to refugees and displaced learners

- Gender in language education

- TeachingEnglish: Inclusive classrooms

- Focus on professional development

- English in the multilingual classroom

- TeachingEnglish: How to teach grammar

- TeachingEnglish: How to teach vocabulary

- Online skills for remote teaching

- TeachingEnglish: Motivating learners

- TeachingEnglish: How to teach listening

- Online skills for 21st century teachers

- Teaching English through literature

- Classroom management for primary

- TeachingEnglish: How to teach speaking

- TeachingEnglish: Creative resources for primary

- TeachingEnglish: Planning lessons

- Motivating activities for primary

- Managing learners and resources

- Building understanding through dialogue

- Safeguarding learners online တို့ဖြစ်ပါတယ်။ 


သင်တန်းတွေ အားလုံးဟာ အခမဲ့ဖြစ်ပြီး နောက်ဆုံးလျှောက်ထားရမယ့် သတ်မှတ်ရက်ကတော့ ကိုယ်လျှောက်မယ့် သင်တန်းအပေါ် မူတည်ပြီး အမျိုးမျိုး ရှိပါတယ်။ သင်တန်းကို ၁၀၀% ပြီးဆုံးသည်အထိ တက်ရောက်နိုင်မယ်ဆိုရင် British Council က အသိအမှတ်ပြု ထုတ်ပေးတဲ့ ဒစ်ဂျစ်တယ် အောင်လက်မှတ်လည်း ရရှိဦးမှာပါ။ 

 

သင်တန်းမှာပါတဲ့ မော်ဂျူးတိုင်းကို တက်ရောက်ပြီး သင်ကြားရေး အရင်းအမြစ်တွေကိုလည်း ဒေါင်းလုတ်လုပ်မှ အောင်လက်မှတ်ရရှိနိုင်မှာကိုတော့ သတိပြုပါ။ 

 

သင်တန်းတိုင်းက အင်္ဂလိပ်စကားပြောနဲ့ သင်ကြားမှာဖြစ်တဲ့အတွက် အင်္ဂလိပ်စာအဆင့် အနိမ့်ဆုံး B1 လောက်ရှိထားမှ အဆင်ပြေပါလိမ့်မယ်။ 

 

သင်တန်းတက်ရောက်ရမယ့် ပုံစံကတော့ အွန်လိုင်းဖြစ်ပြီး ဘယ်နေရာ၊ ဘယ်အချိန်မှာမဆို လေ့လာလို့ရပါတယ်။ သင်တန်းမတက်ရောက်ခင် အောက်က လင့်ခ်ထဲဝင်ပြီး ကိုယ်ပိုင်အကောင့်တစ်ခု ဖွင့်ထားဖို့တော့ လိုပါတယ်။ 

>> https://www.teachingenglish.org.uk/

 

ပြီးတော့မှ အောက်ကလင့်ခ်မှတဆင့် မိမိတက်ရောက်ချင်တဲ့ သင်တန်းကို ရွေးချယ်ပြီး "Enroll in this Free Course" လေးကို နှိပ်လိုက်ပါ။

>> https://www.teachingenglish.org.uk/training

 

အောင်လက်မှတ် ထုတ်ယူချင်တယ်ဆိုရင်တော့ ဖွင့်ထားတဲ့ အကောင့်ရဲ့  My Portfolio >> My courses >> My awards ထဲဝင်ပြီး ဒေါင်းလုတ်ရယူနိုင်ပါတယ်။ 

 

Vocational Read 545 times