အာဆီယံနိုင်ငံတွေမှာ Bachelor နဲ့ Master Program တွေကို Fully Funded တက်ရောက်နိုင်မယ့် Scholarship


၂၀၂၀ ခုနှစ်၊ မတ်လကနေစပြီး အခြေအနေအရပ်ရပ်ကြောင့် တက္ကသိုလ်တက်နေဆဲကနေ ရပ်နားလိုက်ရတဲ့ မြန်မာကျောင်းသားတွေအတွက် အခွင့်ရေးကောင်းတစ်ခုကို မျှဝေပေးချင်ပါတယ်။

 

မြန်မာနိုင်ငံမှာ ကိုယ်တက်ရောက်နေဆဲမေဂျာကို နိုင်ငံခြားမှာ ဆက်တက်ပြီး Bachelor Degree၊ Master Degree ရချင်သူတွေအတွက် DAAD မှ ပညာသင်စရိတ်အပြည့်အဝထောက်ပံ့ပေးသွားမယ့် EU Mobility Programme for Myanmar ရဲ့ Scholarship အစီအစဉ်ဖြစ်ပါတယ်။

 

မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ကမ္ဘောဒီယား၊ ဖိလစ်ပိုင်နဲ့ ဗီယက်နမ်နိုင်ငံတို့ရဲ့ နာမည်ကြီးတက္ကသိုလ် (၁၆) ခုမှာ ကိုယ်တက်ရောက်ချင်တဲ့ Master နဲ့ Bachelor Program တွေကို ရွေးချယ်လျှောက်ထားရမှာဖြစ်ပါတယ်။

 

ရွေးချယ်တက်ရောက်နိုင်သည့် တက္ကသိုလ်များနှင့် မေဂျာများ

>> https://static.daad.de

 

အကျိုးခံစားခွင့်

-  International travel allowance (paid in two installments) including student visa/permit fees

- Tuition, university, and insurance fees

- Monthly scholarship of 500€

 

လျှောက်ထားသူသည် -

- မြန်မာနိုင်ငံသားဖြစ်ရပါမယ်။

- Bachelor အတွက် တက္ကသိုလ် တတိယနှစ် (သို့) စတုတ္ထနှစ်အထိ တက်ဖူးသူဖြစ်ရပါမယ်။

- Master အတွက် မာစတာတန်း (၁) နှစ် တက်ပြီးသူဖြစ်ရပါမယ်။

- အဖွဲ့အစည်းတစ်ခုခုမှ ပညာသင်ဆုမရရှိဖူးသူ ဖြစ်ရပါမယ်။

- EMPM နဲ့ ချိတ်ဆက်ထားတဲ့တက္ကသိုလ်တွေကို တစ်ခုထက်ပိုပြီး လျှောက်ထားရပါမယ်။ (ဥပမာ - ပထမဦးစားပေး၊ ဒုတိယဦးစားပေး)

- IELTS, TOFLE , Duolingo စတဲ့ အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု အောင်လက်မှတ်ရှိရပါမယ်။ (မရှိရင်လည်း Host University ဘက်က စစ်ပေးပါလိမ့်မယ်)

 

လိုအပ်သည့် စာရွက်စာတမ်းများ

- Online Application Form

-  Academic Transcript (GPA)

- English Profiency Certificate

- ကိုယ်လျှောက်ထားတဲ့ တက္ကသိုလ်ရဲ့ ဝင်ခွင့်

- Motivation Letter (approximately 2000 words)

- CV

- မှတ်ပုံတင်

- ပတ်စပို့

- ပတ်စပို့အရွယ် ဓာတ်ပုံ

- အိမ်ထောင်စုစာရင်း

 

Scholarship ကို DAAD Portal မှာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့ နောက်ဆုံးထားပြီး လျှောက်ထားရမှာပါ။ လျှောက်ပြီးတစ်ပတ်အကြာ ဇွန်လ (၈) ရက်နေ့မှာစပြီး အရွေးချယ်ခံရသူတွေကို အွန်လိုင်းအင်တာဗျူးခေါ်ဆိုသွားမှာဖြစ်ပါတယ်။

 

DAAD Portal တွင် လျှောက်ထားရန် >> https://www.daad.de

အသေးစိတ်ဖတ်ရှုရန် >> https://www2.daad.de/

 

Related Article : လစဥ်​ကြေးရမယ့်အပြင် ဆေးပညာကို ထိုင်ဝမ်မှာ စရိတ်ငြိမ်း သင်ယူနိုင်မယ့် Exchange Program

>> https://www.edge.com.mm/article

 

International Latest Post Read 686 times