YUFL Online မှ ဖွင့်လှစ်ပို့ချမည့် နိုင်ငံခြားဘာသာစကားသင်တန်းများ

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာနမှ နိုင်ငံခြားဘာသာစကား အခြေခံ သင်တန်းများဖြစ်သော (အင်္ဂလိပ်၊ ပြင်သစ်၊ ဂျာမန်၊ အီတာလျံ၊ ဂျပန်၊ ကိုရီးယား၊ရုရှား) မြန်မာဘာသာ (နိုင်ငံခြားသားများအတွက်)၊ ဘာသာဗေဒဌာနမှ ဘာသာဗေဒ အခြေခံမိတ်ဆက်သင်တန်း နှင့် ပထဝီဝင်ဌာနမှ Diploma in Economic and Tourism (DTEG) သင်တန်းများအား Online Zoom Application မှတစ်ဆင့် သင်ကြားဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သင်တန်းနှင့် ပတ်သက်သော အသေးစိတ်အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်သည်_

 

သင်တန်းဝင်ခွင့်လျှောက်လွှာများကို အောက်ဖော်ပြပါလင့်ခ်မှနေ၍ ၂၀၂၃ခုနှစ် ဇွန်လ ၂ရက်နေ့ (သောကြာနေ့) နံနက် ၉း၃၀ အတိတွင် အွန်လိုင်းမှလျှောက်ထားရမည်ဖြစ်သည်။

 

သင်တန်းလျှောက်ထားရန်လင့်ခ် - http://www.chrd.yufl.edu.mm 

 

သင်ကြားမည့်အစီအစဥ် - Online (Zoom Application)

 

သင်တန်းကာလ - (၁၂)ပတ်

 

သင်တန်းကြေး- ၁၀၀,၀၀၀/-ကျပ်(တစ်သိန်းကျပ်)၊  မြန်မာဘာသာသင်ကြားမည့်နိုင်ငံခြားသားများအတွက် USD 180 နှင့်ညီမျှသောငွေကြေး (ဗဟိုဘဏ်၏ နေ့စဥ်ငွေကြေးလဲလှယ်နှုန်းဖြင့်သာ)

သင်တန်းကြေးပေးသွင်းရန်ဘဏ်အကောင့် - ငွေစာရင်းအမှတ် (MD-010777) မြန်မာ့စီးပွားရေးဘဏ် (ကမာရွတ်ဘဏ်ခွဲ) (သို့) KPay

 

သင်တန်းပို့ချမည့်နေ့ရက် - သောကြာနေ့၊ စနေနေ့၊ တနင်္ဂနွေနေ့

 

သင်တန်းပို့ချမည့်အချိန် - သောကြာနေ့ (ညနေ ၆း၀၀ မှ ည ၈း၀၀)

                                    စနေနေ့ ၊ တနင်္ဂနွေနေ့ (နံနက်ပိုင်း ၉း၀၀ မှ ၁၁း၀၀)

သင်တန်းကာလ - ၂၀၂၃ခုနှစ် ဇွန်လ ၁၇ရက်နေ့မှ ၂၀၂၃ခုနှစ် ဩဂုတ်လ ၂၇ရက်နေ့အထိ 

 

အနိမ့်ဆုံးပညာအရည်အချင်း - တက္ကသိုလ်ဝင်တန်းအောင်

Advertisement 

Click Here > Central Ko Soe Myint

တင်ပြရမည့် စာရွက်စာတမ်းများမှာအောက်ပါအတိုင်းဖြစ်သည်_

 

  • တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် မူရင်းနှင့်မိတ္တူ (သို့) ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ

  • နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူ

  • ပတ်စ်ပို့တ်ဓာတ်ပုံ (၃)ပုံ

  • ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာမူရင်း

  • အလုပ်ရှင်၏ထောက်ခံစာ(မြန်မာဘာသာသင်တန်းတက်ရောက်မည့်နိုင်ငံခြားသားကျောင်းသားများသာ)

 

Online မှလျှောက်လွှာတင်သွင်းရာတွင် သတ်မှတ်ထားသော ပုံစံအတိုင်းပြည့်စုံစွာ ဖြည့်စွက်ပေးပို့ ရမည်ဖြစ်ပြီး Sever သို့အရင် ရောက်ရှိလာသော လျှောက်လွှာများကို အစဥ်လိုက်အတိုင်း ဦးစားပေး လက်ခံသွားမည်ဖြစ်သည်။

 

သင်တန်းတက်ရောက်ခွင့်ရရှိသူ အမည်စာရင်းကို Website တွင် ၂၀၂၃ခုနှစ် ဇွန်လ ၉ရက်နေ့ နံနက် ၁၀း၀၀နာရီတွင် ကြေညာထားမည်ဖြစ်သည်။ သင်တန်းတက်ရောက်ခွင့်ပါဝင်မှသာ သင်တန်းကြေးကို ဆက်လက်ပေးသွင်းရမည်ဖြစ်ပြီး သင်တန်းကြေး ပေးသွင်းပြီးမှသာလျှင် သင်တန်းသာအဖြစ် သတ်မှတ်မည်ဖြစ်သည်။ ပညာအရည်အချင်းသတ်မှတ်ချက်အား မှားယွင်းစွာ ဖော်ပြပြီး သင်တန်းတက်ရောက်နေကြောင်း စစ်ဆေးတွေ့ရှိပါက သင်တန်းမှ ထုတ်ပယ်ပြီး သင်တန်းကြေးအား ပြန်လည်ထုတ်ပေးမည် မဟုတ်ကြောင်း သိရှိရသည်။ 

 

တင်ပြရမည့် စာရွက်စာတမ်းများကို သင်တန်းမတက်မီ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် သင်တန်းရေးရာ ဌာနသို့ လူကိုယ်တိုင် (သို့) အမြန်ချောဖြင့် ပေးပို့ရမည်ဖြစ်သည်။ သင်တန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊  သင်တန်းရေးရာဌာန ဖုန်းနံပါတ် ၀၉ ၄၂၈၂၂၇၄၈၄၊ ၀၉ ၇၉၁၂၆၉၇၉၈၊ ၀၉ ၄၅၀၀၂၇၂၆၃၊ ၀၉ ၄၄၂၂၅၃၈၁၂ နံပါတ်များသို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သည်။

 

Source : The Mirror Daily News

 

Latest Post Local News Read 5397 times