YUFL မှ ဖွင့်လှစ်မည့် Online နှင့် Face to Face ဘာသာစကားသင်တန်းများ 

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ကိုယ်တိုင်သွား၍တက်ရောက်နိုင်သော ဘာသာစကားသင်တန်းများကို (၂၈-၉-၂၀၂၄) ရက်နေ့မှစ၍လည်းကောင်း၊ Online သင်တန်းများကို (၂၇-၉-၂၀၂၄) ရက်နေ့မှစ၍လည်းကောင်း ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

 

ထို့အပြင် တရုတ်နိုင်ငံ၏ နိုင်ငံရေး၊ စီးပွါးရေး၊ လူနေမှုစနစ်နှင့်အတူ တရုတ်စာ ၂၅% ပါသော Diploma in China Studies (၁) နှစ် သင်တန်းကိုလည်း ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်သည်။ 

 

ဖွင့်လှစ်မည့် သင်တန်းများမှာ - 

  • Diploma in English For Communication Skills (Online နှင့် Face to Face)
  • တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ၊ ဂျာမန်၊ ဂျပန်၊ ရုရှား (Online)
  • တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်း၊ မြန်မာ (Face to Face)
  • Diploma in China Studies (Face to Face)

 

Diploma in English For Communication Skills (Online နှင့် Face to Face)

 

Diploma in English for Communication သင်တန်းကို စတင်တက်ရောက်မည့်သူများအတွက် ယခင်က ဝင်ခွင့်ဖြေဆိုထားပြီး တက်ရောက်ခွင့်မရသေးသူ လူဟောင်းများကိုသာ လက်ခံဝင်ခွင့်ပြုမည်ဖြစ်ကြောင်း တက္ကသိုလ်လူမှုကွန်ရက်စာမျက်နှာတွင် ကြေညာထားပါသည်။ 

သင်တန်းကြေးပေးသွင်းပြီးပါက အောက်ပါ Google form အား ဖြည့်စွက်ရပါမည်။ 

https://forms.gle/k8Qjep81Ly5HZMbaA

 

တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ၊ ဂျာမန်၊ ဂျပန်၊ ရုရှား (Online)

 

သင်တန်းကြေးပေးသွင်းပြီးပါက အောက်ပါ Google form အား ဖြည့်စွက်ရပါမည်။ 

>> https://docs.google.com/forms

 

တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတာလျံ၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်း၊ မြန်မာ (Face to Face)

 

Diploma in China Studies (Face to Face)

 

Online သင်တန်းများအတွက် ငွေပေးချေမှုစနစ်

--------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News Vocational Read 2465 times