Sales Hotline : 09448001653       Download App



YUFL မှ ဖွင့်လှစ်မည့် ရုံးချိန်လွတ် အင်္ဂလိပ်ဘာသာစကားသင်တန်းကို Online မှ သင်ယူနိုင်ပြီ

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) တွင် ဖွင့်လှစ်သင်ကြားမည့် အင်္ဂလိပ်ဘာသာစကား Diploma in English for Communication Skills သင်တန်းကို Online မှ တက်ရောက်လိုသူများအတွက် ဧပြီလ (၂၉) ရက်နေ့မှ စတင်လျှောက်ထားနိုင်ပြီဖြစ်‌ကြောင်း သိရပါသည်။ သင်တန်းတက်ရောက်ရမည့်ရက်သည် စနေ၊ တနင်္ဂနွေ ရုံးချိန်လွတ်ဖြစ်ပြီး Online မှ သင်ယူနိုင်မည်ဖြစ်သောကြောင့် နယ်ဝေးမှ ကျောင်းသား/ကျောင်းသူများလည်း တက်ရောက်ခွင့်ရှိပါသည်။ 

 

အင်္ဂလိပ်ဘာသာစကား Diploma in English for Communication Skills သင်တန်းကို Face to Face အပြင် Online မှလည်း ဖွင့်လှစ်သင်ကြားပေးပါမည်။ ထို့ကြောင့် လျှောက်လွှာပုံစံကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေရာဌာနတွင် ထုတ်ယူပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားနိုင်ပါသည်။

 

လျှောက်ထားသူသည် အနိမ့်ဆုံးပညာအရည်အချင်းအရ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားရမည်ဖြစ်ပြီး လျှောက်လွှာနှင့်တကွ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်းနှင့် မိတ္တူ (သို့) ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ ပတ်စပို့ဆိုဒ်ဓာတ်ပုံ (၃) ပုံတို့ကို ပူးတွဲတင်ပြရပါမည်။ 

 

ယခင်က YUFL တွင် Basic I နှင့် Basic II တက်ရောက်အောင်မြင်ခဲ့သူများသည် ဝင်ခွင့်ဖြေစရာမလိုဘဲ တစ်ဆင့်မြင့်အတန်းမှ စတင်တက်ရောက်နိုင်ပါသည်။ ထိုသို့တက်ရောက်ဖို့ Basic I နှင့် Basic II တက်ရောက်အောင်မြင်ခဲ့သည့် အထောက်အထားများကို လျှောက်လွှာနှင့်တကွ ပူးတွဲတင်ပြရပါမည်။ မည်သည့် Level မှ မတက်ရောက်ဖူးသူများအနေဖြင့် ဝင်ခွင့်ဖြေပြီး Basic I Level အတန်းမှ စတင်လျှောက်ထားနိုင်ပါသည်။ 

 

Face to Face သင်တန်းလျှောက်ထားသူများအားလုံး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဝင်ခွင့်စာမေးပွဲ သွားရောက်ဖြေဆိုရမည်ဖြစ်ပါသည်။ ဝင်ခွင့်အောင်မြင်သူများသာ သင်တန်းကြေးကို ငွေလက်ခံဌာနတွင် ပေးသွင်းရမည်ဖြစ်သည်။

 

နယ်မှ Online သင်တန်းတက်ရောက်မည့် ကျောင်းသား/ကျောင်းသူများအနေဖြင့် YUFL Quick Pay တွင် အချက်အလက်ပြည့်စုံစွာ ဖြည့်စွက်၍ ငွေပေးသွင်းနိုင်ပါသည်။ Online မှတက်​ရောက်ရန်​ လျှောက်ထားသူများသည် ၀င်ခွင့်စာ​မေးပွဲကို Online တွင်​ ဖြေဆိုရမည်ဖြစ်ပြီး ​ဖြေဆိုချိန်​ရောက်ပါက Email မှတစ်ဆင့် Link​ ပေးပို့ပါမည်။  ထို့ကြောင့် မိမိ၏ ဖုန်းနံပါတ်နှင့် အီးမေးလ်လိပ်စာတို့ကို မှန်ကန်စွာ​ဖြည့်စွက်ထားရန် လိုအပ်ပါသည်။

 

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များ 

လျှောက်ထားရမည့်ရက် - ၂၉.၄.၂၀၂၄ မှ ၃.၅.၂၀၂၄ အထိ

ဝင်ခွင့်စာမေးပွဲ ခုံအမှတ်စာရင်း ထုတ်ပြန်မည့်ရက် - ၅.၅.၂၀၂၄

ဝင်ခွင့်စာမေးပွဲဖြေဆိုမည့်ရက် - ၆.၅.၂၀၂၄

ဝင်ခွင့်အောင်စာရင်းကြေညာမည့်ရက် - ၈.၅.၂၀၂၄

ငွေသွင်းရမည့်ရက် - ၈.၅.၂၀၂၄ - ၁၀.၅.၂၀၂၄

သင်တန်းစမည့်ရက် - ၁၁.၅.၂၀၂၄

သင်တန်းကာလ - ၁၈ လ (Level တစ်ခုကို ၃ လဖြင့် စုစုပေါင်း Level ၆ ခု)

သင်တန်းကြေး - Level တစ်ခုလျှင် ၁ သိန်းကျပ် (Level တစ်ခုချင်းစီ ခွဲသွင်းရန်)

သင်တန်းပို့ချမည့်နေရာ - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

သင်တန်းပို့ချမည့်ရက်နှင့် အချိန် -

Face to Face (စနေ၊ တနင်္ဂနွေ)

Basic I, Basic II (နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ)

Inter I (နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ)

Online - Basic I, Basic II (သောကြာ၊ စနေ၊ တနင်္ဂနွေ)

ညနေ ၆ နာရီမှ ည ၈ နာရီအထိ

Online - Inter I (စနေ၊ တနင်္ဂနွေ)

နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ

 

အဆိုပါ သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကို စုံစမ်းလိုပါက ၀၁၇၅၁၃၁၉၀၊ ၀၉-၄၄၂၂၅၃၈၁၂၊ ၀၉-၄၂၈၂၂၇၄၈၄၊ ၀၉-၇၉၁၂၆၉၇၉၈ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။ 

 

Diploma in English for Communication Skills (Online) သင်တန်းအတွက် လျှောက်လွှာတင်ခြင်း

>> https://www.edge.com.mm/article/diploma-in-english-for-communication-skills-online.html

Latest Post Local News Read 9011 times