Sales Hotline : 09448001653       Download App



YUFL မှ ဖွင့်လှစ်သင်ကြားပေးမည့် နိုင်ငံခြားဘာသာစကား အခြေခံသင်တန်း (၁၀) မျိုး

 

YUFL မှ ဖွင့်လှစ်သင်ကြားပေးမည့် နိုင်ငံခြားဘာသာစကား အခြေခံသင်တန်း (၁၀) မျိုးကို တက္ကသိုလ်တွင် လူကိုယ်တိုင် သွားတက်ရမည့် Face to Face နှင့် Online ဟူ၍ အတန်း (၂) မျိုး ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပါသည်။

 

Online အတန်းတွင် - 

တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှားနှင့် ပထဝီဝင်ဌာနမှ Diploma in Tourism and Economics Geography (DTEG) သင်တန်းတို့ကို ရွေးချယ်တက်ရောက်နိုင်ပြီး

 

Face to Face အတန်းတွင် -

တရုတ်၊ ပြင်သစ်၊ စပိန်၊ အီတလီ၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ထိုင်းနှင့် မြန်မာ (နိုင်ငံခြားသားများအတွက်) ဘာသာစကားသင်တန်းများကို တက်ရောက်နိုင်ပါသည်။

 

Registration Link >> https://shorturl.at/bgox0

 

Face to Face အတန်းအတွက် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် လျှောက်လွှာတင်ပြီး သင်တန်းကြေးကို ငွေလက်ခံဌာနတွင် ပေးသွင်းရပါမည်။

 

Online တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် Online ဖောင်တွင် အချက်အလက် ပြည့်စုံစွာ ဖြည့်စွက်၍ YUFL KBZ Quick Pay သို့ ငွေပေးသွင်းနိုင်ပါသည်။ တင်ပြရမည့် စာရွက်စာတမ်းများကို အမြန်ချောပို့ဖြင့် သင်တန်းမတက်မီ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေးရာဌာနသို့ ပေးပို့ရပါမည်။

 

သင်တန်းနှင့်ပတ်သက်သည့် အသေးစိတ်အချက်အလက်များ

 

လျှောက်ထားရမည့်ရက် - ၇.၅.၂၀၂၄ မှ ၁၃.၅.၂၀၂၄ အထိ 

 

သင်တန်းကာလ - ၁၂ ပတ်

၁၇.၅.၂၀၂၄ မှ ၂.၈.၂၀၂၄ အထိ (Online) 
၁၈.၅.၂၀၂၄ မှ ၃.၈.၂၀၂၄ အထိ (Face to Face)

 

သင်တန်းကြေး

- မြန်မာကျောင်းသားများအတွက် ၁ သိန်းကျပ်

- မြန်မာဘာသာစကားသင်မည့် နိုင်ငံခြားသားများအတွက် US$ 180 (ဗဟိုဘဏ်၏ နေ့စဉ် ငွေလဲလှယ်နှုန်းဖြင့် ပေးသွင်းပါရန်)

 

သင်တန်းပို့ချမည့်နေ့ရက်နှင့် အချိန် 

  • Online သင်တန်း (သောကြာ၊ စနေ၊ တနင်္ဂနွေ)

သောကြာ (ညနေ ၆ နာရီမှ ည ၈ နာရီအထိ)
စနေ၊ တနင်္ဂနွေ (နံနက် ၉ နာရီမှ ၁၁ နာရီအထိ)

  • Face to Face သင်တန်း

စနေ၊ တနင်္ဂနွေ (နံနက် ၉ နာရီမှ ‌နေ့လည် ၁၂ နာရီအထိ)

 

တင်ပြရမည့် စာရွက်စာတမ်းများ 

  • တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် မူရင်းနှင့်မိတ္တူ (သို့) ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ
  • ငွေသွင်းပြီးကြောင်းပြေစာ 
  • နိုင်ငံသားစိစစ်ရေးကတ်ပြား မူရင်းနှင့်မိတ္တူ
  • ပတ်စ်ပို့တ်ဓာတ်ပုံ (၃)ပုံ
  • ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာမူရင်း
  • အလုပ်ရှင်၏ထောက်ခံစာ (နိုင်ငံခြားကျောင်းသားများအတွက်သာ) 

 

အနိမ့်ဆုံးပညာအရည်အချင်း သတ်မှတ်ချက်မှာ ဘာသာစကားသင်တန်းများ လျှောက်လိုပါက တက္ကသိုလ်ဝင်စာမေးပွဲအောင်ရမည်ဖြစ်ပြီး DTEG ဒီပလိုမာသင်တန်းအတွက် ဘွဲ့ရဖြစ်ရပါမည်။ 

 

သင်တန်းနှင့် ပတ်သတ်သည့် အသေးစိတ် အချက်အလက်များကို ၀၁-၇၅၁၃၁၉၀၊ ၀၉-၄၄၂၂၅၃၈၁၂၊ ၀၉-၉၇၆၅၃၅၆၅၆၊ ၀၉-၇၉၁၂၆၉၇၉၈၊ ၀၉-၄၂၈၂၂၇၄၈၄ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


 

YUFL မှာ နောက်ထပ်လျှောက်ထားနိုင်သည့် သင်တန်းများ

YUFL တွင် ဗီယက်နမ်ဘာသာစကား သင်တန်းအတွက် စတင်လျှောက်ထားနိုင်
>> https://www.edge.com.mm/article/yufl-6616081091c09.html

 

YUFL မှာ မေလတွင် ဖွင့်လှစ်မည့် (EPS-TOPIK) သင်တန်း 
>> https://www.edge.com.mm/article/yufl-english-korean-language.html

 

YUFL မှ ဖွင့်လှစ်မည့် ရုံးချိန်လွတ် အင်္ဂလိပ်ဘာသာစကားသင်တန်း 
>>  https://www.edge.com.mm/article/yufl-online-class.html

 

Latest Post Local News Read 4519 times