YUFL မှာ ဖွင့်လှစ်မယ့် (၈) လတာ IR ဒီပလိုမာသင်တန်း

 

နိုင်ငံတကာဆက်ဆံရေး ပညာရပ်ကို အချိန်ပိုင်း သင်ကြားလိုသူများအတွက် YUFL မှ Diploma in International Relations (DIR) သင်တန်းကို နိုဝင်ဘာလ (၂၁) ရက်နေ့တွင် ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရပါသည်။ 

 

နိုဝင်ဘာလ (၁) ရက်နေ့မှ စပြီး YUFL ကျောင်းသားရေးရာဌာနတွင် လျှောက်လွှာပုံစံကို ထုတ်ယူပြီး နိုဝင်ဘာလ (၁၃) ရက်နေ့အထိ လျှောက်ထားနိုင်ပါသည်။ သင်တန်းဝင်ခွင့်အတွက် ရေးဖြေစာမေးပွဲ ဖြေဆိုရမှာဖြစ်ပြီး စာမေးပွဲအောင်မှသာ သင်တန်းကြေးပေးသွင်းပြီး တက်ရောက်နိုင်မည်ဖြစ်သည်။

 

ရေးဖြေစာမေးပွဲဖြေဆိုရမည့်ရက်မှာ နိုဝင်ဘာလ (၁၈) ရက်နေ့ဖြစ်ပြီး အောင်စာရင်းကို နိုဝင်ဘာလ (၂၀) ရက်နေ့မှာ ထုတ်ပြန်ကြေညာပေးမည်ဖြစ်သည်။ သင်တန်းကို ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်နေ့ စတင်ဖွင့်လှစ်မှာဖြစ်ပြီး ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ (၃၀) ရက်နေ့အထိ တက်ရောက်ရပါမည်။ 

 

သင်တန်းကို တစ်ပတ် (၅) ရက်၊ တနင်္လာနေ့မှ သောကြောနေ့၊ နံနက် (၇) နာရီမှ (၉) နာရီအထိ တက်ရောက်ရပါမည်။ Semester (၂) ခု ရှိမည်ဖြစ်ပြီး Semester (၁) ခုကို (၁၆) ပတ် ကြာမြင့်မည်ဖြစ်သည်။ သင်တန်းကြေးသည် Semester (၂) ခုပေါင်းကို မြန်မာငွေ နှစ်သိန်းကျပ် ကျသင့်ပါသည်။

 

အဆိုပါသင်တန်းကို လျှောက်ထားမည့်သူများသည် -

  • ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်။
  • နိုင်ငံတော်က အသိအမှတ်ပြု ဘွဲ့တစ်ခု ရရှိပြီးသူဖြစ်ရမည်။

 

တင်ပြရမည့် စာရွက်စာတမ်းများ

  • ဘွဲ့လက်မှတ် မူရင်းနှင့် မိတ္တူ
  • နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ
  • ပတ်စပို့ဓာတ်ပုံ (၃) ပုံ

 

သင်တန်းသားဦးရေ (၂၀) ဦးထက် လျော့နည်းပါက သင်တန်းဖွင့်လှစ်မည် မဟုတ်ကြောင်း သိရပါသည်။ သင်တန်းနှင့် ပတ်သတ်သည့် အသေးစိတ် အချက်အလက်များကို ၀၁-၇၅၁၃၁၉၀ ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

=================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက်များကို
Telegram မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News University / College Read 176 times