Sales Hotline : 09448001653       Download App



YUFL မှ မေလတွင် ဖွင့်လှစ်မည့် အင်္ဂလိပ်နှင့် ကိုရီးယားဘာသာစကားသင်တန်း

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် (YUFL) တွင် ဖွင့်လှစ်သင်ကြားမည့် အင်္ဂလိပ်ဘာသာစကား Diploma in English for Communication Skills သင်တန်းနှင့် ကိုရီးယားဘာသာစကား Korean Workplace Readiness and Language Proficiency Course (EPS-TOPIK) သင်တန်းတို့ကို လာမည့် ၂၉ ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။ ဝင်ခွင့်လျှောက်လွှာပုံစံများအား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေရာဌာနတွင် ထုတ်ယူပြီး သတ်မှတ်ရက်အတွင်း လျှောက်ထားနိုင်ပါသည်။ 

 

Diploma in English for Communication Skills

အင်္ဂလိပ်ဘာသာစကား Diploma in English for Communication Skills သင်တန်းကို လျှောက်ထားသူတိုင်း ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်မှသာ သင်တန်းကြေးကို ငွေလက်ခံဌာနတွင် ပေးသွင်းရပါမည်။ 

 

လျှောက်ထားသူသည် အနိမ့်ဆုံးပညာအရည်အချင်းအရ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားရမည်ဖြစ်ပြီး လျှောက်လွှာနှင့်တကွ တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်းနှင့် မိတ္တူ (သို့) ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ ပတ်စပို့ဆိုဒ်ဓာတ်ပုံ (၃) ပုံတို့ကို ပူးတွဲတင်ပြရပါမည်။

 

အကယ်၍ YUFL တွင် အချိန်ပိုင်း English သင်တန်းတက်ရောက်ပြီးသူဖြစ်ပါက မိမိတက်ရောက်ခဲ့သော Basic 1/Basic 2 အောင်လက်မှတ်တို့ကို လျှောက်လွှာတင်သွင်းရာတွင် တစ်ပါတည်း ပြသ၍ Level နောက်တစ်ဆင့်မှ စတင်တက်ရောက်နိုင်မည်ဖြစ်ပါသည်။  

 

လျှောက်ထားရမည့်ရက် - ၂၉.၄.၂၀၂၄ မှ ၃.၅.၂၀၂၄ အထိ

ဝင်ခွင့်စာမေးပွဲ ခုံအမှတ်စာရင်း ထုတ်ပြန်မည့်ရက် - ၅.၅.၂၀၂၄

ဝင်ခွင့်စာမေးပွဲဖြေဆိုမည့်ရက် - ၆.၅.၂၀၂၄

ဝင်ခွင့်အောင်စာရင်းကြေညာမည့်ရက် - ၈.၅.၂၀၂၄

ငွေသွင်းရမည့်ရက် - ၈.၅.၂၀၂၄ - ၁၀.၅.၂၀၂၄

သင်တန်းစမည့်ရက် - ၁၁.၅.၂၀၂၄

သင်တန်းကာလ - ၁၈ လ (Level တစ်ခုကို ၃ လဖြင့် စုစုပေါင်း Level ၆ ခု)

သင်တန်းကြေး - Level တစ်ခုလျှင် ၁ သိန်းကျပ် (Level တစ်ခုချင်းစီ ခွဲသွင်းရန်)

သင်တန်းပို့ချမည့်နေရာ - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

သင်တန်းပို့ချမည့်ရက် - စနေနေ့၊ တနင်္ဂနွေနေ့ 

သင်တန်းပို့ချမည့်အချိန် - နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ

 

Korean Workplace Readiness and Language Proficiency Course (EPS-TOPIK)

ဝင်ခွင့်လျှောက်လွှာများအား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ကျောင်းသားရေရာဌာနတွင် လျှောက်ထားရမည်ဖြစ်ပြီး လျှောက်ထားသူသည် အနိမ့်ဆုံးပညာအရည်အချင်းအရ အမျိုးသားဖြစ်လျှင် အလယ်တန်းအောင်မြင်ပြီးသူဖြစ်ရမည်၊ အမျိုးသမီးဖြစ်လျှင် အထက်တန်းအောင်မြင်ထားရပါမည်။ အသက်သတ်မှတ်ချက်အရ ၁၈ နှစ်မှ ၃၅ နှစ်အတွင်း ဖြစ်ရပါမည်။

 

လျှောက်လွှာနှင့်တကွ အလယ်တန်း/အထက်တန်းအောင်မြင်ကြောင်းလက်မှတ်မူရင်းနှင့် မိတ္တူ (သို့) ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ၊ ပတ်စပို့ဆိုဒ်ဓာတ်ပုံ (၃) ပုံတို့ကို ပူးတွဲတင်ပြရပါမည်။ 

 

လျှောက်ထားရမည့်ရက် - ၃၀.၄.၂၀၂၄ မှ ၉.၅.၂၀၂၄ အထိ

သင်တန်းစမည့်ရက် - ၁၁.၅.၂၀၂၄

သင်တန်းကာလ - ၆ လ 

သင်တန်းကြေး - ၃ သိန်းကျပ် 

သင်တန်းပို့ချမည့်နေရာ - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်

သင်တန်းပို့ချမည့်ရက် - စနေနေ့၊ တနင်္ဂနွေနေ့ 

သင်တန်းပို့ချမည့်အချိန် - နံနက် ၉ နာရီမှ နေ့လည် ၁၂ နာရီအထိ

 

အဆိုပါ သင်တန်းများနှင့်ပတ်သက်သည့် အသေးစိတ်အကြောင်းအရာများကို စုံစမ်းလိုပါက ၀၉-၄၂၈၂၂၇၄၈၄၊ ၀၉-၇၉၁၂၆၉၇၉၈၊ ၀၉-၄၅၀၀၂၇၂၆၃၊ ၀၉-၄၄၂၂၅၃၈၁၂ တို့ကို ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။


Related Article :

YUFL တွင် ဗီယက်နမ်ဘာသာစကား သင်တန်းအတွက် စတင်လျှောက်ထားနိုင်

>> https://www.edge.com.mm/article/yufl-6616081091c09.html

 

မေလမှာ ဖွင့်လှစ်မယ့် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ ဘွဲ့လွန်ဒီပလိုမာသင်တန်း

>> https://www.edge.com.mm/article/diploma-in-geography-of-tourism.html

 

YUFL မှ ဖွင့်လှစ်မည့် ရုံးချိန်လွတ် အင်္ဂလိပ်ဘာသာစကားသင်တန်းကို Online မှ တက်ရောက်နိုင်ပြီ

>> https://www.edge.com.mm/article/yufl-online-class.html

 

 

Latest Post Local News Read 3198 times