YUFL မှ ဘာသာစကား သင်တန်းများအတွက် သင်တန်းသားများ ခေါ်ယူ

 

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ၂၀၂၄ - ၂၀၂၅ ပညာသင်နှစ်အတွက် မဟာဝိဇ္ဇာဘွဲ့ (Teaching English as a Foreign Language) သင်တန်း၊ ဒီပလိုမာသင်တန်း (အင်္ဂလိပ်၊ အီတာလျံ၊ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်း) နှင့် ဘာသာဗေဒ ဒီပလိုမာသင်တန်းတို့ကို ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

 

Related Article : YUFL မှာ ဖွင့်လှစ်မယ့် (၈) လတာ IR ဒီပလိုမာသင်တန်း

>> https://www.edge.com.mm/article/yufl-ir.html

 

မဟာဝိဇ္ဇာဘွဲ့ (Teaching English as a Foreign Language) သင်တန်း

သင်တန်းကာလ - အချိန်ပြည့် (၂) နှစ်

တက်ရောက်ရမည့်ရက် - တစ်ပတ် (၅) ရက်၊ တနင်္လာနေ့မှ သောကြာနေ့အထိ

တက်ရောက်ရမည့်အချိန် - နံနက် (၉:၀၀) နာရီမှ မွန်းလွဲ (၃:၂၀) အထိ

 

ဒီပလိုမာဘွဲ့ (အင်္ဂလိပ်) သင်တန်း

သင်တန်းကာလ - အချိန်ပြည့် (၁) နှစ်

တက်ရောက်ရမည့်ရက် - တစ်ပတ် (၅) ရက်၊ တနင်္လာနေ့မှ သောကြာနေ့အထိ

တက်ရောက်ရမည့်အချိန် - နံနက် (၉:၀၀) နာရီမှ မွန်းလွဲ (၃:၂၀) အထိ

 

ဒီပလိုမာဘွဲ့ (အီတာလျံ) သင်တန်း

သင်တန်းကာလ - အချိန်ပြည့် (၂) နှစ်

တက်ရောက်ရမည့်ရက် - တစ်ပတ် (၅) ရက်၊ တနင်္လာနေ့မှ သောကြာနေ့အထိ

တက်ရောက်ရမည့်အချိန် - နံနက် (၈:၀၀) နာရီမှ နေ့လည် (၁၂:၀၀) အထိ

 

ဒီပလိုမာဘွဲ့ (ဘာသာဗေဒ) သင်တန်း

သင်တန်းကာလ - အချိန်ပိုင်း (၂) နှစ်

တက်ရောက်ရမည့်ရက် - တစ်ပတ် (၅) ရက်၊ တနင်္လာနေ့မှ သောကြာနေ့အထိ

တက်ရောက်ရမည့်အချိန် - နံနက် (၇:၀၀) နာရီမှ (၈:၅၀) အထိ

 

ဒီပလိုမာဘွဲ့ (တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်း) သင်တန်း

သင်တန်းကာလ - အချိန်ပိုင်း (၄) နှစ်

တက်ရောက်ရမည့်ရက် - တစ်ပတ် (၅) ရက်၊ တနင်္လာနေ့မှ သောကြာနေ့အထိ

တက်ရောက်ရမည့်အချိန် - နံနက် (၇:၀၀) နာရီမှ (၈:၅၀) အထိ

 

သင်တန်းဝင်ခွင့်အတွက် လိုအပ်ချက်များ

- မြန်မာနိုင်ငံသားဖြစ်ရမည်။

- မဟာဝိဇ္ဇာဘွဲ့သင်တန်း ပထမနှစ် တက်ရောက်ရန်အတွက် သတ်မှတ်အရည်အချင်း ပြည့်မီသူဖြစ်ရမည်။

- ဒီပလိုမာသင်တန်းများအတွက် နိုင်ငံတော်မှ အသိအမှတ်ပြုထားသော ဘွဲ့တစ်ခုခု ရရှိပြီးသူဖြစ်ရမည်။

- ဘာသာဗေဒသင်တန်းအတွက် ဝိဇ္ဇာဘွဲ့တစ်ခုခု ရရှိပြီးသူ (သို့) အခြားဘွဲ့ ရရှိထားပါက ဤဘာသာရပ်နှင့် ဆက်စပ်သည့် လုပ်ငန်း လုပ်ကိုင်သူများ (ဘာသာပြန်/ စကားပြန်/ ဘာသာစကားသင်ကြားသူ/ သတင်းမီဒီယာလုပ်ငန်းဆောင်ရွက်နေသူများ) ဖြစ်ရမည်။

 

သင်တန်းဝင်ခွင့် လျှေက်လွှာကို ကျောင်းသားရေးရာဌာနတွင် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့ နောက်ဆုံးထား တင်သွင်းကြရမည်ဖြစ်ပြီး သင်တန်းဝင်ခွင့် စာမေးပွဲ ဖြေဆိုအောင်မြင်မှသာ သင်တန်းတက်ရောက်ခွင့် ရရှိပါမည်။

 

သင်တန်းဝင်ခွင့်နှင့်ပတ်သက်သော အသေးစိတ် အချက်အလက်များကို သိရှိလိုပါက ရုံးချိန်အတွင်း ကျောင်းသားရေးရာဌာနသို့ လူကိုယ်တိုင်သွားရောက်၍ဖြစ်စေ၊ ၀၁-၇၅၁၃၁၉၀ ကို ဖုန်းဆက်၍ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။

=====================================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News University / College Read 1235 times