Sales Hotline : 09448001653       Download App
YTU မှ မူလတန်းကျောင်းကိစ္စဝိုင်းဝန်းကူညီနိုင်ရန် ဖိတ်ခေါ်
** Unicode **
ကျောင်းဝန်းထဲမှ မူလတန်းကျောင်းလေး ဇူလိုင်လတွင် ပြန်လည်ဖွင်လှစ်ရမည်ဆိုပါက လိုအပ်သည်များကို ကူညီပေးနိုင်ရန်အတွက် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဌ
ကကိုအောင်ကျော်ခန့်သည် မနေ့ကညနေပိုင်းတွင်ကျောင်းအုပ်ဆရာမကြီးထံ သွားရောက်မေးမြန်းခဲ့ပါတယ်။
လာမည့်ဇူလိုင်တွင် ကျောင်းဖွင့်ရမည်ဆိုပါက အဓိကလိုအပ်မှုဖြစ်သော Social Distancing လုပ်ရန်အတွက် ကျောင်းသုံးပရိဘောဂများ ထပ်မံလိုအပ်ခြင်းရှိမရှိ၊ အခြားလိုအပ်မှုများဖြစ်သော မူကြိုတန်းမှ ပထမတန်း၊ ဒုတိယတန်း၊ တတိယတန်း၊ စတုတ္ထတန်းနှင့် ပဉ္စမတန်းတို့အလိုက် အခန်းကန့်ရန်ကိစ္စ၊ လာမည့်နွေရာသီအမှီ အပူခံမျက်နှာကြက်များ တပ်ဆင်နိုင်ရေးကိစ္စ၊ Whiteboard နှင့် ဆရာဆရာမများအတွက် Office Furnitureကိစ္စ၊ စာကြည့်တိုက်အတွက် ကလေးများလက်လှမ်းမှီနိုင်မည့် ပရိဘောဂများဖြည့်ဆည်းပေးရန်ကိစ္စစသည်တို့ကိုကို ဆွေးနွေးကြပါတယ်။
ပါဝင်ကူညီလိုသူများအနေဖြင့် အောက်ပါကိစ္စရပ်များကို ပါဝင်ကူညီနိုင်ပါသည်။
- မျက်နှာကြက်တပ်ဆင်ရမည့် အတိုင်းအတာ (၁၀၂) ကျင်းခန့်ရှိပြီး မျက်မှာဘုတ်ပြား (၆၀) ခန့်လည်း အသင့်ရှိပြီးဖြစ်ပါတယ်။
- အခန်းကန့်ခြင်း (Light Partition) အတွက် အကန့် (၆) ကန့်ရှိမည်ဖြစ်ပါတယ်။
- စာရေးစားပွဲထိုင်ခုံရိဘောဂများအတွက်‌ စားပွဲခုံရှည် ထိုင်ခုံရှည် (၂၅) စုံခန့်ရှိပြီးဖြစ်ပြီး ပုံစံတူအမျိုးအစားများ အတန်းလိုက် အနည်းဆုံး (၂) စုံစီထပ်မံလိုအပ်ပါတယ်။
(ကလေးငယ်များမှာ သေချာပြုလုပ်ထားသည့် ခုံအနိမ့်များသာအသုံးပြုရခြင်းဖြစ်ပါတယ်။)
- စာရေးကိရိယာများအရောင်တင်ခြင်း(ဆေးသုတ်ခြင်း)
- Whiteboard (၅) စုံစာအတွက် ကျောင်းသားသမဂ္ဂမှ ပေးအပ်ကူညီသွားမည်ဖြစ်ပါတယ်။
-ရုံးသုံးစားပွဲထိုင်ခုံများအတွက် တက္ကသိုလ်၏စတိုထဲတွင် ပို့ထားသောပရိဘောဂများအနက်မှအချို့ကိုပြန်လည်ပြင်ဆင်အသုံးပြုနိုင်ရေး ပါမောက္ခချုပ်ထံ အစီရင်ခံတင်ပြပေးမည်ဖြစ်ပါတယ်။
Secretarial Skills (5) Secretarial Skills နှင့်ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။
သို့ဖြစ်ပါ၍ ပံ့ပိုးကူညီလိုသူများအနေဖြင့် နည်းပညာရပ်ပိုင်းအရဖြစ်စေ၊ လုပ်အားအရဖြစ်စေ၊ ငွေကြေးအရဖြစ်စေ၊ ပစ္စည်းအရဖြစ်စေ ဆောင်ရွက်ပေးလိုပါက ကျောင်းသားသမဂ္ဂထံ ဆက်သွယ်နိုင်ပါကြောင်း လေးစားစွာအသိပေးတင်ပြအပ်ပါတယ်။
Photo Credit: Yangon Technological University Students' Union - YTUSU
Credit: Yangon Technological University Students' Union - YTUSU
** Zawgyi **
Tips Tips Latest Post Read 3773 times