အမေရိကန်နိုင်ငံတွင် YSEALI Professional Fellows ပညာသင်ခွင့်လျှောက်ထားနိုင်

အမေရိကန်နိုင်ငံတွင် YSEALI Professional Fellows ပညာသင်ခွင့်လျှောက်ထားနိုင်

**Unicode**

အမေရိကန်သို့ ငါးပတ်ကြာပညာသင်ခွင့်ရမည့် YSEALI Professional Fellows ကိုစတင်လျှောက်ထားနိုင်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ကြေညာထားပါတယ်။


YSEALI Professional Fellows ကိုအသက် (၂၅)မှ (၃၅) နှစ်အတွင်းရှိ လူငယ်ခေါင်းဆောင်များ လျှောက်ထားနိုင်ပြီး ၎င်းပညာသင်ဆုတွင် အမေရိကန်တွင် ငါးပတ်ကြာနေထိုင်ခွင့်ရပြီး အမေရိကန်နိုင်ငံရှိ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၊ ပြည်နယ်နှင့် ဒေသန္တရအစိုးရဌာနများ၊ ပုဂ္ဂလိက ကဏ္ဍရုံးတို့ရှိလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသူများနှင့် တိုက်ရိုက်စကားပြောခွင့်ရရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း လေ့လာခွင့်လည်းရရှိမည်ဖြစ်ပါတယ်။


YSEALI Professional Fellows ကခေါ်ယူသည့် ပညာသင်ဆုတွင် Civic Engagement, Economic Empowerment, Governance and Society, Sustainable Development and the Environment စသည့်တို့ဖြစ်ပြီး ၎င်းကဏ္ဍများထဲမှ ဘာသာရပ်တစ်ခုသာ ရွေးချယ်ရမည်ဖြစ်ပါတယ်။


၎င်းပညာသင်ဆုများကို ဘရူနိုင်း၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်း၊ အရှေ့တီမော၊ ဗီယက်နမ်နှင့် မြန်မာနိုင်ငံတို့တွင် နေထိုင်ကြသော ပြောင်းလဲမှုနှင့် ဆန်းသစ်တီထွင်မှု၊ အရပ်ဘက်လူ့အဖွဲ့အစည်းနှင့် ပုဂ္ဂလိက ကဏ္ဍ (သို့) အများပြည်သူကဏ္ဍများတွင် ဦးဆောင်လျက်ရှိသည့်လူငယ်များ လျှောက်ထားနိုင်ပါတယ်။


လျှောက်လွှာများကို စက်တင်ဘာ (၁) ရက်မှ နိုဝင်ဘာ (၁) ရက်အထိသတ်မှတ်ထားပြီး http://bit.ly/springpfp220 မှ တစ်ဆင့်လျှောက်ထားနိုင်ကြောင့် သိရပါတယ်။

Source: Daily Eleven

**Zawgyi**



YSEALI Professional Fellows ကိုအသက် (၂၅)မှ (၃၅) နှစ်အတွင်းရှိ လူငယ်ခေါင်းဆောင်များ လျှောက်ထားနိုင်ပြီး ၄င်းပညာသင်ဆုတွင် အမေရိကန်တွင် ငါးပတ်ကြာနေထိုင်ခွင့်ရပြီး အမေရိကန်နိုင်ငံရှိ အကျိုးအမြတ်မယူသော အဖွဲ့အစည်းများ၊ ပြည်နယ်နှင့် ဒေသန္တရအစိုးရဌာနများ၊ ပုဂ္ဂလိက ကဏ္ဍရုံးတို့ရှိလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသူများနှင့် တိုက်ရိုက်စကားပြောခွင့်ရရှိမည်ဖြစ်ပြီး လုပ်ငန်းခွင်အတွင်း လေ့လာခွင့်လည်းရရှိမည်ဖြစ်ပါတယ်။

 

Web Design (66) Web Design နှင့်ပတ်သက်ပြီး သင်တန်း (66) ခုရှာရန်နှိပ်ပါ။


YSEALI Professional Fellows ကခေါ်ယူသည့် ပညာသင်ဆုတွင် Civic Engagement, Economic Empowerment, Governance and Society, Sustainable Development and the Environment စသည့်တို့ဖြစ်ပြီး ၄င်းကဏ္ဍများထဲမှ ဘာသာရပ်တစ်ခုသာ ရွေးချယ်ရမည်ဖြစ်ပါတယ်။



 

Read More:>>> PPTT သင်တန်းသားခေါ်ယူရာတွင် လုံလောက်မှုမရှိပါက အခြားနေရာများမှ ခေါ်ယူမည်



 

Source: Daily Eleven

 

International Read 1338 times