ဂျပန်နိုင်ငံမှ ပေးအပ်မည့် MBA ပညာသင်ဆု လျှောက်ထားနိုင်

ဂျပန်နိုင်ငံမှ ပေးအပ်မည့် MBA ပညာသင်ဆု လျှောက်ထားနိုင်

ဂျပန်နိုင်ငံ Young Leaders’ Program (YLP) ပညာသင်ဆု လျှောက်ထားနိုင်ပြီ ဖြစ်သည်။

“Young Leaders’ Program (YLP)” အစီအစဉ်ဖြင့် Master of Business Administration (MBA) (၁)နှစ် ပညာသင်ဆု အစီအစဉ် လျှောက်ထားနိုင်ကြောင်းကို ဂျပန်နိုင်ငံ Ministry of Education, Culture, Sports, Science and Technology (Monbukagakusho: MEXT) မှတဆင့် သိရှိရပါတယ်။

အဆိုပါ ပညာသင်ဆုသို့ -

- ကုန်သည်စက်မှု အသင်းချုပ် ဗဟိုအလုပ်အမှုဆောင်၊ အလုပ်အမှုဆောင်များနှင့် ၀န်ထမ်းများ၊

- ညီနောင်အသင်းများမှ အမှုဆောင် (သို့) ၀န်ထမ်းများ၊

- ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများ၏ အဖွဲ့ဝင်များ (သို့) ၀န်ထမ်းများ လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။

လျှောက်ထားသူများအနေနဲ့ ဖြည့်စွက်ထားသော Application Form နှင့်အတူ ကိုယ်တိုင်ရေး လျှောက်လွှာ၊ ပညာအရည်အချင်း ထောက်ခံချက်မိတ္တူများ၊ အသင်းချုပ်နှင့် ညီနောင်အသင်းများမှ အမှုဆောင် (သို့) ၀န်ထမ်း၊ ကုန်သည်စက်မှုအသင်းချုပ် အသင်းဝင်ကုမ္ပဏီများမှ အဖွဲ့ဝင် (သို့) ၀န်ထမ်းဖြစ်ကြောင်း ထောက်ခံစာ၊ Passport မိတ္တူ (သို့) မှတ်ပုံတင်မိတ္တူ၊ ဓါတ်ပုံ (၃) ပုံ နှင့် UMFCCI အသင်းဝင်ကဒ်မိတ္တူများ ပါဝင်သော စာရွက်စာတမ်းများ မိတ္တူ (၂)စုံ တို့ကို ပူးတွဲ၍  ၁၂.၁၀.၂၀၁၇ (သောကြာနေ့) ရုံးချိန်အတွင်း နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါတယ်။

အသေးစိတ် အချက်အလက်များကို HRD ဌာန၊ ဖုန်းနံပါတ် ၀၁-၂၃၁၄၃၄၄ ~ ၄၉၊ Ext: ၁၃၃၊ ၁၃၄ ၊ ၀၁-၂၃၁၇၄၈၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပြီး၊ Application Form များကို အသင်းချုပ် HRD ဌာနသို့ ရုံးချိန်အတွင်းလာရောက် ထုတ်ယူနိုင်ပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)

International Read 2143 times