ဗြိတိန်အစိုးရ၏ Chevening ပညာသင်ဆု လျှောက်ထားနိုင်ပြီ

ဗြိတိန်အစိုးရ၏ Chevening ပညာသင်ဆု လျှောက်ထားနိုင်ပြီ

**Unicode**

ခေါင်းဆောင်နိုင်စွမ်းရှိပြီး ခိုင်မာသည့်ပညာရေးနောက်ခံရှိသူများကို ဗြိတိန်အစိုးရကပေးအပ်သည့် ရှီးဗနင်း (Chevening) ပညာသင်ဆု ၂၀၂၀-၂၁ ဖြစ်ပါတယ်။


မဟာဘွဲ့သင်တန်းပညာသင်ဆုအတွက် လူ့အခွင့်အရေး၊ နိုင်ငံရေးသိပ္ပံနှင့် အုပ်ချုပ်ရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ဂျာနယ်လစ်ဇင်နှင့်မီဒီယာ၊ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာရေးနှင့် ပဋိပက္ခဖြေရှင်းရေးစသည့် ဘာသာရပ်နယ်ပယ်လျှောက်သူများကို ဦးစားပေးစဉ်းစားပါတယ်။
ရှီဗနင်း ပညာသင်ဆုလျှောက်ထားလိုသူများသည် ဘွဲ့တစ်ခုနှင့် အင်္ဂလိပ်ဘာသာစကားကျွမ်းကျင်မှု IELTS (၆ ဒသမ ၅) အနိမ့်ဆုံး ရရှိထားရမည်ဖြစ်ပါတယ်။

၎င်းအပြင်နယ်ပယ်တစ်ခုတွင်အနည်းဆုံးတွင် (၂) နှစ်ခန့်အခုလုပ်လုပ်ကိုင်ဖူးရမည်ဖြစ်ပြီး ၎င်းလုပ်ငန်းခွင်နှင့်ဆက်စပ်သည့် ဘာသာရပ်များကို မဟာဘွဲ့တက်ရောက်ခွင့်လျှောက်ထားရမည်ဖြစ်ပါတယ်။


ပညာသင်ဆုချီးမြှင့်ခံရသူများအနေဖြင့် ဗြိန်တိန်တက္ကသိုလ်တစ်ခုတွင် ဘွဲ့လွန်သင်တန်းတက်ရောက်ရန် ရွေးချယ်နိုင်ပြီးလျှောက်ထားလိုသူများသည် တက္ကသိုလ်တစ်ခုတည်းတွင် မတူညီသော ဘာသာရပ်သုံးခုကိုလည်းကောင်း၊ မိမိကြိုက်နှစ်သက်သည့်ဘာသာရပ်တစ်ခုတည်းကို မတူညီသော တက္ကသိုလ်သုံးခုတွင်လည်းကောင်းလျှောက်ထားရန် လိုအပ်ပါတယ်


ရှီဗနင်းပညာသင်ဆုသည် မဟာဘွဲ့သင်တန်းတက်ရောက်မည့် ကျောင်းသား/သူများအား ပေးအပ်ခြင်းဖြစ်ပြီးလျှောက်ထားသူများအတွက် အသက်အရွယ်ကန့်သတ်ချက်မရှိပေ။

ရှီဗနင်းပညာသင်ဆုလျှောက်ထားရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ ပတ်စ်ပို့၊ ပညာရေးအထောက်အထားနှင့် မိမိတက်ရောက်လိုသော တက္ကသိုလ်၊ ဘာသာရပ်သုံးခုစာရင်း၊ လျှောက်ထားသူသည် ပညာသင်ဆုပေးသင့်သူဖြစ်ကြောင်းအခြားသူနှစ်ဦး၏ ထောက်ခံတင်ပြချက်များကို ထည့်သွင်းလျှောက်ထားရမည်ဖြစ်ပါတယ်။
ပညာသင်ဆုအဖြစ်ကောျင်းလခ၊ နေထိုင်စားသောက်စရိတ်၊ ခရီးစရိတ်များကို ဗြိတိန်အစိုးရက ပံ့ပိုးပေးမည်ဖြစ်ပါတယ်။


ရှီဗနင်းပညာသင်ဆုကို http://www.chevening.org/apply တွင်နိုင်ဝင်ဘာလ (၅) ရက်နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပါတယ်။

Source: 7Day News

**Zawgyi**

ေခါင္းေဆာင္ႏိုင္စြမ္းရွိၿပီး ခိုင္မာသည့္ပညာေရးေနာက္ခံရွိသူမ်ားကို ၿဗိတိန္အစိုးရကေပးအပ္သည့္ ရွီးဗနင္း (Chevening) ပညာသင္ဆု ၂၀၂၀-၂၁ ျဖစ္ပါတယ္။


မဟာဘြဲ႔သင္တန္းပညာသင္ဆုအတြက္ လူ႔အခြင့္အေရး၊ ႏိုင္ငံေရးသိပၸံႏွင့္ အုပ္ခ်ဳပ္ေရး၊ စီးပြားေရးဖြံ႔ၿဖိဳးတိုးတက္မႈ၊ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းမႈ၊ ဂ်ာနယ္လစ္ဇင္ႏွင့္မီဒီယာ၊ ျပည္သူ႔က်န္းမာေရး ေစာင့္ေရွာက္မႈ၊ ပညာေရးႏွင့္ ပဋိပကၡေျဖရွင္းေရးစသည့္ ဘာသာရပ္နယ္ပယ္ေလ်ွာက္သူမ်ားကို ဦးစားေပးစဥ္းစားပါတယ္။
ရွီဗနင္း ပညာသင္ဆုေလ်ွာက္ထားလိုသူမ်ားသည္ ဘြဲ႔တစ္ခုႏွင့္ အဂၤလိပ္ဘာသာစကားက်ြမ္းက်င္မႈ IELTS (၆ ဒသမ ၅) အနိမ့္ဆံုး ရရွိထားရမည္ျဖစ္ပါတယ္။

 

National Universities & Colleges (77) အမ်ိဳးသားတကၠသုိလ္ႏွင့္ေကာလိပ္မ်ား ႏွင့္ပတ္သက္ျပီး (77) ခုရွာရန္ႏွိပ္ပါ။


၄င္းအျပင္နယ္ပယ္တစ္ခုတြင္အနည္းဆံုးတြင္ (၂) ႏွစ္ခန္႔အခုလုပ္လုပ္ကိုင္ဖူးရမည္ျဖစ္ၿပီး ၄င္းလုပ္ငန္းခြင္ႏွင့္ဆက္စပ္သည့္ ဘာသာရပ္မ်ားကို မဟာဘြဲ႔တက္ေရာက္ခြင့္ေလ်ွာက္ထားရမည္ျဖစ္ပါတယ္။


ပညာသင္ဆုခ်ီးျမွင့္ခံရသူမ်ားအေနျဖင့္ ၿဗိန္တိန္တကၠသုိလ္တစ္ခုတြင္ ဘြဲ႔လြန္သင္တန္းတက္ေရာက္ရန္ ေရြးခ်ယ္ႏိုင္ၿပီးေလ်ွာက္ထားလိုသူမ်ားသည္ တကၠသုိလ္တစ္ခုတည္းတြင္ မတူညီေသာ ဘာသာရပ္သံုးခုကိုလည္းေကာင္း၊ မိမိႀကိဳက္ႏွစ္သက္သည့္ဘာသာရပ္တစ္ခုတည္းကို မတူညီေသာ တကၠသုိလ္သံုးခုတြင္လည္းေကာင္းေလ်ွာက္ထားရန္ လိုအပ္ပါတယ္


ရွီဗနင္းပညာသင္ဆုသည္ မဟာဘြဲ႔သင္တန္းတက္ေရာက္မည့္ ေက်ာင္းသား/သူမ်ားအား ေပးအပ္ျခင္းျဖစ္ၿပီးေလ်ွာက္ထားသူမ်ားအတြက္ အသက္အရြယ္ကန္႔သတ္ခ်က္မရွိေပ။

 

Read More:>>> ၂၀၁၉-၂၀၂၀ ခုႏွစ္ ပညာသင္ႏွစ္ A.G.T.I (ပထမႏွစ္) ဝင္ခြင့္ေလ်ွာက္လႊာမ်ားေခၚယူျခင္း


ရွီဗနင္းပညာသင္ဆုေလ်ွာက္ထားရာတြင္ ႏုိင္ငံသားစိစစ္ေရးကတ္ျပား၊ ပတ္စ္ပို႔၊ ပညာေရးအေထာက္အထားႏွင့္ မိမိတက္ေရာက္လိုေသာ တကၠသိုလ္၊ ဘာသာရပ္သံုးခုစာရင္း၊ ေလ်ွာက္ထားသူသည္ ပညာသင္ဆုေပးသင့္သူျဖစ္ေၾကာင္းအျခားသူႏွစ္ဦး၏ ေထာက္ခံတင္ျပခ်က္မ်ားကို ထည့္သြင္းေလ်ွာက္ထားရမည္ျဖစ္ပါတယ္။
ပညာသင္ဆုအျဖစ္ေကာ်င္းလခ၊ ေနထိုင္စားေသာက္စရိတ္၊ ခရီးစရိတ္မ်ားကို ၿဗိတိန္အစိုးရက ပံ့ပိုးေပးမည္ျဖစ္ပါတယ္။

NN


ရွီဗနင္းပညာသင္ဆုကို http://www.chevening.org/apply တြင္ႏိုင္ဝင္ဘာလ (၅) ရက္ေနာက္ဆံုးထားေလ်ွာက္ထားရမည္ျဖစ္ပါတယ္။

 

Source: 7Day News

 

International Read 1544 times