ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်များ စတင်ခေါ်ယူ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့် လျှောက်လွှာများကို  ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အနည်းဆုံး စုစုပေါင်းရမှတ် (၃၄၀)နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်သည်။


၂၀၂၄-၂၀၂၅ ပညာသင်နှစ် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်  စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc.) (၄)နှစ် သင်တန်းအတွက် လျှောက်ထားလိုသူသည် - 


- ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် STEAMS (1) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ ဘာသာတွဲဖြင့် အောင်မြင်သူဖြစ်ရမည်။

- တက္ကသိုလ်ဝင်စာမေးပွဲတွင် အနည်းဆုံး စုစုပေါင်းရမှတ် (၃၄၀)နှင့် အထက်ရရှိသူဖြစ်ရမည်။

- ကွင်းလက်တွေ့လုပ်ငန်းများတွင် ကိုယ်တိုင်ပါဝင် လေ့ကျင့်လုပ်ဆောင်ကြရမည်ဖြစ်သဖြင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်နိုင်သည့် ကျန်းမာရေး(က)အဆင့်ရှိသူနှင့် စိတ်ပါဝင်စားသူဖြစ်ရမည်။

- တက္ကသိုလ်မှ ချမှတ်သော စည်းမျဉ်း၊ စည်းကမ်းများကို လိုက်နာနိုင်သူဖြစ်ရမည်။ 

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ်ဝင်ခွင့်အတွက် အမျိုးသားဦးရေ (၅၀%) နှင့် အမျိုးသမီးဦးရေ (၅၀%) လက်ခံသွားမည် ဖြစ်ကာ စုစုပေါင်း ကျောင်းသားကျောင်းသူ (၃၀၀) ဦး လက်ခံမည် ဖြစ်ကြောင်း သိရသည်။ 

 

 

ဝင်ခွင့်လျှောက်လွှာပုံစံကို  www.yau.edu.mm/event  တွင် ရယူပြီး မိမိအစီအစဉ်ဖြင့် ( A4-Size) ကွန်ပျူတာစာစီစာရိုက်၍ဖြစ်စေ၊ Print ထုတ်၍ဖြစ်စေ လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည်။ 


- တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ကြောင်းသက်ဆိုင်ရာကျောင်းအုပ်ကြီး၏ထောက်ခံချက် (မိတ္တူ) (ကျောင်းအပ်သည့်အချိန်တွင် မူရင်းတင်ပြရမည်)

- အမှတ်စာရင်း(မိတ္တူ) (ကျောင်းအပ်နှံချိန်တွင်မူရင်းတင်ပြရမည်) 

- သက်ဆိုင်ရာကျောင်းသားနှင့် မိဘနှစ်ပါး၏ နိုင်ငံသားစိစစ်ရေးကတ်(မိတ္တူ)

- လိုင်စင်ဓါတ်ပုံ(၃)ပုံ (ကျောင်းအပ်ချိန်တွင်ပေးအပ်ရန်)

- အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်(မူရင်း) (သို့မဟုတ်) သက်ဆိုင်ရာရဲစခန်းထောက်ခံချက်(မူရင်း)

 

လျှောက်လွှာကို အထက်ပါ အထောက်အထားများနှင့်အတူ (၂၅-၁၀-၂၀၂၄) ရက်၊ (သောကြာနေ့) နောက်ဆုံးထား၍ ကျောင်းသားရေးရာဌာန၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ ဇေယျာသီရိမြို့နယ်၊ နေပြည်တော်သို့ လိပ်မူ၍ စာတိုက်သေတ္တာအမှတ် ၁၅၀၅၀၁ (သို့မဟုတ်) Email လိပ်စာ [email protected] သို့ Scan ဖတ်၍ ပေးပို့လျှောက်ထားနိုင်သည်။ 


ကျောင်းဝင်ခွင့်အတွက် ရွေးချယ်ခြင်း မခံရပါက ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နစ်နာမှုမရှိစေရန်အတွက် အခြားတက္ကသိုလ်များသို့လည်း အရံလျှောက်ထားရန် လိုအပ်ပါသည်။ တက္ကသိုလ်ဝင်ခွင့်ရရှိသူများစာရင်းကို ကျောင်းဖွင့်ချိန်နှင့်အတူ www.yau.edu.mm/event တွင်လည်း အသိပေးသွားမည်ဖြစ်သည်။

 

အသေးစိတ် စုံစမ်းမေးမြန်းလိုပါက အထက်ပါ Email လိပ်စာ (သို့) ဖုန်း ၀၆၇-၃၄၁၆၅၁၂ နှင့် ၀၉၈၉၄၄၁၅၇၉၀ တို့ကို စုံစမ်းမေးမြန်းနိုင်ပါသည်။

---------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News University / College Read 1136 times