ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)သို့ တက်ရောက်ခွင့် ရသူများစာရင်းကို နိုဝင်ဘာ ၁၅ ရက်က ကြေညာထားပြီး ယင်းတို့ အနက် ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား အစိုးရက စီးပွားချွန်ဆု ပေးအပ်ခြင်းဖြစ် သည်။
ပညာသင်ဆုရရှိသူများအနေဖြင့် နှစ်စဉ် ဒီဇင်ဘာမှ စက်တင်ဘာအထိ တစ်လလျှင် ကျပ် တစ်သိန်း ပညာသင်ဆုကြေးငွေ ရရှိမည်ဖြစ်သည်။
‘‘စီးပွားချွန်ဆုက အစိုးရက ပေးတဲ့ပညာသင်ဆုဆိုတော့ ဒီနှစ် ဝင်ခွင့်ရတဲ့ ကလေးတွေကိုလည်း ပေးမှာပါ။ စီးပွားချွန်ဆုပေးဖို့အ တွက် သတ်မှတ်ထားတဲ့ တက္က သိုလ်ဝင်စာမေးပွဲရမှတ်တွေရှိပါ တယ်။ အဲဒီအမှတ်တွေ ပြည့်မီတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ပေးတာပေါ့’’ဟု ဒေါက်တာခင်နိုင် ဦးက ပြောသည်။
READ - ရန်ကုန်တက္ကသိုလ်တွင် သမိုင်းနှင့်လူမှုရေးဘာသာရပ် တက်ရောက်မည့်သူများ အတွက် ပညာသင်ဆုပေးအပ်မည်
ရန်ကုန်စီးပွားရေးတက္က သိုလ်(လှိုင်နယ်မြေ)သို့ ယခုပညာ သင်နှစ်တွင် ပထမနှစ်ကျောင်း သား၊ ကျောင်းသူ ၂၅၇ ဦး တက် ရောက်ခွင့်ပြုထားပြီး အမြင့်ဆုံး ဝင်ခွင့်အမှတ်သည် ၅၄၂ မှတ်၊ အနိမ့်ဆုံးဝင်ခွင့်အမှတ်သည် ၄၇၇ မှတ်ဖြစ်သည်။
ပထမနှစ်ဝင်ခွင့်ရစာရင်းများ ကြေညာထားသော်လည်း တက္ကသိုလ်အပြောင်းအရွှေ့ စာရင်းများ ငြိမ်သက်မှသာ ရန်ကုန်စီးပွားရေး တက္ကသိုလ် (လှိုင်နယ်မြေ) တွင် တက်ရောက်သည့် ကျောင်းသား၊ ကျောင်းသူစာရင်းကို သိရှိမည်ဖြစ် ပြီး စီးပွားချွန်ဆု ရသူများကိုလည်း ယင်းအချိန်မှသာ ရွေးချယ်နိုင် မည်ဟု ၎င်းက ဆိုသည်။
ပထမနှစ်သင်တန်းများအတွက် ကျောင်းအပ်လက်ခံခြင်းကို နိုဝင်ဘာ ၁၅ ရက်က စတင်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ ၄ ရက်တွင် ကျောင်းစတင်ဖွင့်လှစ်မည် ဖြစ် သည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) တွင် Bache-lor of Accounting, Bachelor of Population Studies, Bachelor of Public Administration, Bachelor of Development Studies လေးနှစ် ဘွဲ့သင်တန်း များကို တက္ကသိုလ်ဝင်စာမေးပွဲ၌ မည်သည့်ဘာသာတွဲဖြင့် အောင်မြင်သည်ဖြစ်စေ စုစုပေါင်းရမှတ် ၄၅၀ နှင့်အထက် ရရှိသူများ လျှောက်ထားခွင့်ပြုခဲ့သည်။
ရန်ကုန် စီးပွားရေးတက္ကသိုလ်ကို ရွာသာကြီးနယ်မြေ၊ လှိုင် နယ်မြေနှစ်ခုခွဲကာ ဘွဲ့ကြိုလေး နှစ်သင်တန်းများ ဖွင့်လှစ်ထား သော်လည်း လှိုင်နယ်မြေရှိ ထူးချွန် ကျောင်းသား၊ ကျောင်းသူများကို သာ စီးပွားချွန်ဆု ရွေးချယ်ပေး အပ်မည်ဖြစ်သည်။
ရန်ကုန်စီးပွားရေးတက္က သိုလ် (လှိုင်နယ်မြေ) ကို ၂၀၁၅-၁၆ ပညာသင်နှစ်က စတင်ဖွင့်လှစ်ခဲ့ သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7day daily