ဘွဲ့ရထားပြီး အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတစ်ခုခုတွင် လုပ်သက်ရှိသူများ တက်ရောက်နိုင်သည့် အွန်လိုင်း မဟာဘွဲ့သင်တန်း (၂) ခုကို ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။
ဖွင့်လှစ်မည့် ဘွဲ့သင်တန်း (၂) ခု
- ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာမဟာဘွဲ့ (Executive Master of Banking and Finance - EMBF) Online သင်တန်း
- အာမခံလုပ်ငန်းဆိုင်ရာ မဟာဘွဲ့ (Master of Insurance – MI) Online သင်တန်း
လျှောက်ထားနိုင်မည့် သတ်မှတ်အရည်အချင်း
- EMBF အတွက် ဘဏ်လုပ်ငန်း (သို့) ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင် (အဆင့်မြင့် စီမံခန့်ခွဲမှု) အတွေ့အကြုံ လုပ်သက်အနည်းဆုံး (၅) နှစ် ရှိရမည်ဖြစ်ပြီး၊ (၃၁-၃-၂၀၂၅) ရက်နေ့တွင် အသက် (၃၀) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
- MI အတွက် အာမခံလုပ်ငန်း၊ ဘဏ်လုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းတစ်ခုခုတွင် လုပ်ငန်းခွင်အတွေ့အကြုံ လုပ်သက်အနည်းဆုံး (၂) နှစ် ရှိရမည်ဖြစ်ပြီး၊ (၃၁-၃-၂၀၂၅) ရက်နေ့တွင် အသက် (၂၅) နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။
- အသိအမှတ်ပြုတက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
- တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခုခု တစ်ပြိုင်တည်း တက်ရောက်နေသူ မဖြစ်စေရ။
- သက်ဆိုင်ရာ သင်ရိုးနှင့်အညီ သတ်မှတ်ထားသောအချိန်အတိုင်း ပြည့်မီစွာ တက်ရောက်နိုင်သူ ဖြစ်ရမည်။
- မဟာဘွဲ့သင်တန်းများအတွက် သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲနှင့် လူတွေ့အကဲဖြတ် စစ်ဆေးခြင်းတို့ကို လူကိုယ်တိုင် လာရောက် ဖြေဆိုအောင်မြင်သူဖြစ်ရမည်။
- သင်တန်းတက်ခွင့်ရရှိပါက သုတေသနကျမ်းစာအတွက် နှုတ်ဖြေစာမေးပွဲကို လူကိုယ်တိုင် လာရောက် ဖြေဆိုရမည်ဖြစ်ပါသည်။
လျှောက်ထားရမည့်ပုံစံ
သင်တန်းနှင့် သက်ဆိုင်သော စာရွက်စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အခန်း (၂၀၆) တွင် (၇-၁-၂၀၂၅ မှ ၁၈-၂-၂၀၂၅ အထိ) သတ်မှတ်ရက်အတွင်း ထုတ်ယူလျှောက်ထားနိုင်ပါသည်။
သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲကို (၂၃-၂-၂၀၂၅) တနင်္ဂနွေနေ့၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၌ ကျင်းပပါမည်။ သင်တန်းအတွက် ဝင်ခွင့်ရေးဖြေစာမေးပွဲတွင် သတ်မှတ်အဆင့်မီသူများအား လူတွေ့စစ်ဆေးရွေးချယ်၍ လက်ခံပါမည်။
သင်တန်းများအတွက် ဖုန်းနံပါတ် ၀၁၇-၅၂၆၆၁၃ (သင်တန်းရေးရာဌာန)၊ ၀၉-၄၄၂၆၃၁၈၉၈ (ဝါဏိဇ္ဇဗေဒဌာန) တို့တွင် အသေးစိတ် မေးမြန်း စုံစမ်းနိုင်ပါသည်။