ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းဥပဒေဘွဲ့သင်တန်းအတွက် သင်တန်းသားခေါ်ယူ

ရန္ကုန္အေဝးသင္တကၠသိုလ္မွ အြန္လိုင္းဥပေဒဘဲြ႔သင္တန္းအတြက္ သင္တန္းသားေခၚယူ

၂၀၁၉-၂၀၂၀ ပညာသင္ႏွစ္ရဲ႕ အြန္လိုင္းဥပေဒဘဲြ႔သင္တန္း (Online LLB) အတြက္ ပထမႏွစ္သင္တန္းသားေခၚယူေနပါတယ္။

သင္တန္းကို ဒီဇင္ဘာ (၂) ရက္တြင္စတင္ဖြင့္လွစ္မည္ျဖစ္ၿပီး ရန္ကုန္အေဝးသင္တကၠသိုလ္ ဥပေဒပညာဌာနမွဦးစီးကာ Web-based Teaching System (WBTS) ကို အသံုးျပဳသင္ၾကားပို႔ခ်ေပးမွာျဖစ္တယ္လို႔သိရပါတယ္။ ေလွ်ာက္ထားလိုသူေတြအေနနဲ႔ တကၠသိုလ္ဝင္တန္းစာေမးပဲြမွာ ရမွတ္စုစုေပါင္း (၃၅၀) ႏွင့္အထက္၊ အဂၤလိပ္စာမွာ (၅၀) ႏွင့္အထက္ရရွိသူ (သို႔) ဥပေဒပညာဘဲြ႔မွအပ အျခားဘဲြ႔တစ္ခုခုရရွိၿပီးသူေတြ (ပထမႏွစ္မွစတင္တက္ေရာက္ရပါမည္) တက္ေရာက္ႏိုင္မွာျဖစ္ပါတယ္။

ေလွ်ာက္လႊာေတြကို ႏုိဝင္ဘာ (၁၃) ရက္၊ နံနက္ (၉) နာရီမွ စတင္ေလွ်ာက္ထားႏိုင္ၿပီး ေလွ်ာက္လႊာႏွင့္အတူ တကၠသိုလ္ဝင္တန္းေအာင္လတ္မွတ္မူရင္း၊ အမွတ္စာရင္းမူရင္းတို႔ကို ပူးတဲြတင္ျပရမွာပါ။ သင္တန္းကာလမွာ (၅) ႏွစ္ျဖစ္ၿပီး ဝင္ခြင့္ေလွ်ာက္လႊာေတြကို (https://www.ynou.edu.mm) မွတစ္ဆင့္ ေလွ်ာက္ထားရမွာျဖစ္ပါတယ္။ ရန္ကုန္အေဝးသင္တကၠသိုလ္ သင္တန္းေရးရာဌာနတြင္ သင္တန္းဝင္ခြင့္မွတ္ပံုတင္ျခင္းကို ျပဳလုပ္ရမွာျဖစ္ၿပီး သင္တန္းနဲ႔ပတ္သက္တဲ့အေသးစိတ္ကို ဖုန္း - ၀၁၂၃၀၅၉၃၈၊ ၀၁၅၂၅၁၆၄ ႏွင့္ ၀၁၅၃၇၄၁၃ တို႔ကို ဆက္သြယ္စံုစမ္းေမးျမန္းႏိုင္ပါတယ္။

Source: Internet Journal

 

**Unicode**

ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းဥပဒေဘွဲ့သင်တန်းအတွက် သင်တန်းသားခေါ်ယူ

၂၀၁၉-၂၀၂၀ ပညာသင်နှစ်ရဲ့ အွန်လိုင်းဥပဒေဘွဲ့သင်တန်း (Online LLB) အတွက် ပထမနှစ်သင်တန်းသားခေါ်ယူနေပါတယ်။

သင်တန်းကို ဒီဇင်ဘာ (၂) ရက်တွင်စတင်ဖွင့်လှစ်မည်ဖြစ်ပြီး ရန်ကုန်အဝေးသင်တက္ကသိုလ် ဥပဒေပညာဌာနမှဦးစီးကာ Web-based Teaching System (WBTS) ကို အသုံးပြုသင်ကြားပို့ချပေးမှာဖြစ်တယ်လို့သိရပါတယ်။ လျှောက်ထားလိုသူတွေအနေနဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရမှတ်စုစုပေါင်း (၃၅၀) နှင့်အထက်၊ အင်္ဂလိပ်စာမှာ (၅၀) နှင့်အထက်ရရှိသူ (သို့) ဥပဒေပညာဘွဲ့မှအပ အခြားဘွဲ့တစ်ခုခုရရှိပြီးသူတွေ (ပထမနှစ်မှစတင်တက်ရောက်ရပါမည်) တက်ရောက်နိုင်မှာဖြစ်ပါတယ်။

လျှောက်လွှာတွေကို နိုဝင်ဘာ (၁၃) ရက်၊ နံနက် (၉) နာရီမှ စတင်လျှောက်ထားနိုင်ပြီး လျှောက်လွှာနှင့်အတူ တက္ကသိုလ်ဝင်တန်းအောင်လတ်မှတ်မူရင်း၊ အမှတ်စာရင်းမူရင်းတို့ကို ပူးတွဲတင်ပြရမှာပါ။ သင်တန်းကာလမှာ (၅) နှစ်ဖြစ်ပြီး ဝင်ခွင့်လျှောက်လွှာတွေကို (https://www.ynou.edu.mm) မှတစ်ဆင့် လျှောက်ထားရမှာဖြစ်ပါတယ်။ ရန်ကုန်အဝေးသင်တက္ကသိုလ် သင်တန်းရေးရာဌာနတွင် သင်တန်းဝင်ခွင့်မှတ်ပုံတင်ခြင်းကို ပြုလုပ်ရမှာဖြစ်ပြီး သင်တန်းနဲ့ပတ်သက်တဲ့အသေးစိတ်ကို ဖုန်း - ၀၁၂၃၀၅၉၃၈၊ ၀၁၅၂၅၁၆၄ နှင့် ၀၁၅၃၇၄၁၃ တို့ကို ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။

Source: Internet Journal

Latest Post News Read 2266 times