ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲ ကျင်းပမည်

ရန်ကုန်တက္ကသိုလ်သည် ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ(၁)ရက်နေ့တွင် နှစ် (၁၀၀) ပြည့်မြောက်ပြီဖြစ်ရာ ရန်ကုန်တက္ကသိုလ် ရာပြည့်အထိမ်းအမှတ် ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲကို ကျင်းပမည် ဖြစ်ပါသည်။ ပြိုင်ပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များမှာ အစဉ်အလာကြီးမားခဲ့သည့် ရန်ကုန်တက္ကသိုလ်၏သမိုင်းကြောင်းကို ပြည်သူများအနေနှင့် နှံ့စပ်စွာသိရှိနိုင်စေရန်၊ ရန်ကုန်တက္ကသိုလ်၏ နိုင်ငံ့ ဂုဏ်ဆောင် ဆရာကြီး၊ ဆရာမကြီးများနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများ၏ ဂုဏ်သတင်းအချက်အလက်များကို ပြန်လည်ဖော်ထုတ်နိုင်ရန်၊ ယခင်က အရှေ့တောင်အာရှတွင် ထင်ရှားကျော်ကြားခဲ့သည့် ရန်ကုန်တက္ကသိုလ်၏ - အတိတ်ပုံရိပ်များကို ပြန်လည်အောက်မေ့သတိရလာစေရန်၊ ရန်ကုန်တက္ကသိုလ်၏အောင်မြင်မှုများကို လေးစားအတုယူ၍ ပညာရေးအဆင့်အတန်း မြင့်မားရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်လိုစိတ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ကျင်းပခြင်း ဖြစ်ပါသည်။

ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ 

ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ တက္ကသိုလ်၊ ဒီဂရီ၊ ကောလိပ်အသီးသီးတွင် တက်ရောက်လျက်ရှိသော ကျောင်းသား၊ ကျောင်းသူများသည် တစ်ဖွဲ့လျှင် (၃)ဦး ပါဝင်သောအဖွဲ့ ဖွဲ့၍ အဖွဲ့လိုက် ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ ပါဝင်ယှဉ်ပြိုင်မည့် အဖွဲ့များသည် အောက်ဖော်ပြပါလိပ်စာများတွင် ဖော်ပြထားသည့် ပြိုင်ပွဲဝင်
လျှောက်လွှာပုံစံများကို ပြည့်စုံစွာဖြည့်စွက်၍ (၃-၁၁-၂၀၂၀)ရက်နေ့ နောက်ဆုံး ထား၍ ဖော်ပြပါ e-mail လိပ်စာများသို့ ပြန်လည်ပေးပို့ရမည်။ 
ပြိုင်ပွဲဝင်လျှောက်လွှာများအနက်မှ ရွေးချယ်ခံရသူများစာရင်းကို (၅-၁၁-၂၀၂၀)ရက်နေ့၌ www.uy.edu.mm နှင့်  www.dagonuniversity.edu.mm တို့တွင် ကြေငြာပေးမည်ဖြစ်သည်။ အဆင့်လိုက် ပြိုင်ပွဲများကို မြန်မာ့အသံနှင့်ရုပ်မြင်သံကြား တွင် ရိုက်ကူးထုတ်လွှင့်ပြသမည်ဖြစ်သည်။ ကြိုတင်လေ့လာဖတ်ရှုထားရမည့် စာအုပ်များမှာ -

  • ကျော်ဝင်း၊ သမိုင်းပါမောက္ခ(ငြိမ်း) ရေးသားသော ကံ့ကော်မြေမှ ရန်ကုန်တက္ကသိုလ်စာအုပ်၊ 
  • အောက်တိုဘာလထုတ် ကြေးမုံသတင်းစာနှင့် မြန်မာ့အလင်းသတင်းစာတို့မှ ရန်ကုန်တက္ကသိုလ်ဆိုင်ရာ ဆောင်းပါးများ
  • အင်တာနက် စာမျက်နှာ ရန်ကုန်တက္ကသိုလ် သမိုင်း ဆိုင်ရာအထောက်အထားများ ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များ ကိုသိရှိလိုပါက ဝက်ဘ်ဆိုက်စာမျက်နှာ - University of Yangon www.uy.edu.mm နှင့်  www.dagonuniversity.edu.mm

Facebook Page - National University of Art and Culture - Yangon, NUAC-Ygn, Official တွင် လည်းကောင်း၊

e-mailလိပ်စာ -

ဒေါက်တာထိပ်တင်ဟန်၊ [email protected] ဖုန်း- ၀၉၂၆၄၆၃၆၁၂၉၊

ဒေါက်တာဇော်စိုးမင်း [email protected] ဖုန်း-၀၉၅၁၃၇၅၅၄၊

ဒေါက်တာလဲ့လဲ့အောင် [email protected] ဖုန်း-၀၉၅၁၉၄၁၁၂ တို့တွင် စုံစမ်းမေးမြန်းနိုင်ပါ သည်။

ရန်ကုန်တက္ကသိုလ်ရာပြည့်သဘင်အခမ်းအနား

ပျော်ပွဲရွှင်ပွဲကျင်းပရေးလုပ်ငန်းကော်မတီ

 

Latest Post Read 549 times