ယခုနှစ်ကမ္ဘာ့အဆင့်သတ်မှတ်ချက်၌ အဆင့် (၇၂၂၁) တွင်ရှိနေသော ရန်ကုန်တက္ကသိုလ်

**Zawgyi**

ရန္ကုန္တကၠသိုလ္သည္ ယခုႏွစ္ ကမာၻ႔ အဆင့္သတ္မွတ္ခ်က္၌ (၇၂၂၁) တြင္ ရွိေနေၾကာင္း ပညာေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာၾကားသည္။

ဒီဇင္ဘာ (၂) ရက္က ရန္ကုန္တကၠသိုလ္ ႏွစ္ (၁၀၀) ျပည့္ အထိမ္းအမွတ္စတင္သည့္ အခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္း ျဖစ္သည္။

ရန္ကုန္တကၠသိုလ္သည္ ကမာၻ႔အဆင့္ သတ္မွတ္ခ်က္မ်ား၌ (၂၀၁၆) ခုႏွစ္တြင္ (၁၃၀၇၂)၊ (၂၀၁၇) ခုႏွစ္တြင္ (၉၆၁၉)၊ (၂၀၁၈) ခုႏွစ္တြင္ (၈၇၂၆) ျဖစ္ၿပီး ယခုႏွစ္ (၂၀၁၉)  ခုႏွစ္ တြင္ (၇၂၂၁) တြင္ ရွိသည္ဟု ေဒါက္တာမ်ိဳးသိမ္းႀကီးက ေျပာၾကားသည္။

ရန္ကုန္တကၠသိုလ္ အဆင့္ျမႇင့္တင္ရန္ အတြက္ မဟာစီမံကိန္း (Master Plan) တစ္ခု ေရးဆြဲ အေကာင္အထည္ေဖာ္ေနၿပီျဖစ္ေၾကာင္း ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ က ဆိုသည္။

ထိုမဟာစီမံကိန္း အေကာင္အထည္ ေဖာ္ေဆာင္ေရးအတြက္ ပညာေရးဝန္ႀကီး ဌာန ျပည္ေထာင္ စုဝန္ႀကီး ဥကၠ႒အျဖစ္ ေဆာင္ ႐ြက္သည့္ ဦးစီးေကာ္မတီ (Steering Committee) ႏွင့္ ပညာအရည္အေသြး ျမႇင့္တင္ေရး ေကာ္မတီ (Software Committee)၊ ႐ုပ္ပိုင္းဆိုင္ရာ ျဖည့္ဆည္းေရးေကာ္မတီ (Hardware Committee) ႏွင့္ရန္ကုန္တကၠသိုလ္ ပဋိညာဥ္ ေရးဆြဲေရးေကာ္မတီ (University Charter Committee) မ်ား ထပ္မံဖြဲ႕စည္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

(၂၀၁၅) အမ်ိဳးသားပညာေရး ဥပေဒပါ ျပ႒ာန္းခ်က္အရ ရန္ကုန္တကၠသိုလ္အား  ကိုယ္ပိုင္ စီမံခန႔္ခြဲခြင့္ရွိသည့္  တကၠသိုလ္ ျဖစ္လာရန္ လိုအပ္သည့္  အခ်က္မ်ား ျဖည့္ဆည္းေနၿပီး မၾကာမီအခ်ိန္တြင္ ရန္ကုန္တကၠသိုလ္ သည္ ကိုယ္ပိုင္စီမံခန႔္ခြဲခြင့္ရွိသည့္ တကၠသိုလ္ ျဖစ္ရမည္ဟု ေဒၚေအာင္ဆန္းစုၾကည္က ဆိုသည္။

ႏိုင္ငံတကာ တကၠသိုလ္မ်ားႏွင့္ အက်ိဳးတူ ပူးေပါင္းေဆာင္႐ြက္ရာတြင္ ထိေရာက္ရန္ႏွင့္ ႏိုင္ငံ့အက်ိဳးျပဳ အသုံးခ်သုေတသန လုပ္ငန္းမ်ားအတြက္ ရန္ကုန္တကၠသိုလ္၌ သင္ၾကားေနေသာ သင္႐ိုးၫႊန္းတမ္းမ်ားကို ျပန္လည္ဆန္းစစ္မႈမ်ား၊ အသစ္ျပန္လည္ေရးဆြဲမႈမ်ား၊ ျပဳျပင္မြမ္းမံမႈမ်ား ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ တကၠသိုလ္အခ်င္းခ်င္း ပူးေပါင္းေဆာင္႐ြက္ရာတြင္ လြယ္ကူအဆင္ေျပေစရန္အတြက္ Credit အမွတ္ လႊဲေျပာင္းသည့္စနစ္ ျပဳလုပ္ေနေၾကာင္း သိရသည္။

ရန္ကုန္တကၠသိုလ္ ႏွစ္ (၁၀၀) ျပည့္အထိမ္းအမွတ္ အခမ္းအနားကို ဒီဇင္ဘာ (၂) ရက္မွ (၂၀၂၀) ျပည့္ႏွစ္ ဒီဇင္ဘာ (၃၁) ရက္အထိ က်င္းပမည္ျဖစ္သည္။

ရန္ကုန္တကၠသိုလ္ကို (၁၉၂၀) ျပည့္ႏွစ္ ဒီဇင္ဘာ (၁) ရက္တြင္ စတင္တည္ေထာင္ခဲ့သည္။ တည္ေထာင္ၿပီး အေစာပိုင္းမ်ားတြင္ ယူနီဗာစတီေကာလိပ္ႏွင့္ ဂ်ပ္ဆင္ (ယုဒသန္) ေကာလိပ္ဟူ၍ ေပၚထြက္ခဲ့သည္။ ၁၉၄၀ ႏွင့္ ၁၉၅၀  ျပည့္ႏွစ္မ်ားတြင္ အေရွ႕ေတာင္အာရွ၏ အေကာင္းဆုံးတကၠသိုလ္ျဖစ္ခဲ့သည္။

၈၈၈၈ လူထုအုံႂကြမႈ ကာလအၿပီးတြင္ ရန္ကုန္တကၠသိုလ္ကို  အခ်ိန္အကန႔္အသတ္ ပိတ္ထားခဲ့ၿပီး (၂၀၁၃) ခုႏွစ္ ဒီဇင္ဘာမွ စ၍ ဘြဲ႕ႀကိဳသင္တန္းမ်ား ျပန္လည္ဖြင့္လွစ္ေပးခဲ့သည္။

Source: Daily Eleven

 

Source from https://www.webometrics.info/en/Asia/Burma%20/%20Myanmar%20

**Unicode**

ရန်ကုန်တက္ကသိုလ်သည် ယခုနှစ် ကမ္ဘာ့ အဆင့်သတ်မှတ်ချက်၌ (၇၂၂၁) တွင် ရှိနေကြောင်း ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ဒီဇင်ဘာ (၂) ရက်က ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့် အထိမ်းအမှတ်စတင်သည့် အခမ်းအနားတွင် ပြောကြားခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်သည် ကမ္ဘာ့အဆင့် သတ်မှတ်ချက်များ၌ (၂၀၁၆) ခုနှစ်တွင် (၁၃၀၇၂)၊ (၂၀၁၇) ခုနှစ်တွင် (၉၆၁၉)၊ (၂၀၁၈) ခုနှစ်တွင် (၈၇၂၆) ဖြစ်ပြီး ယခုနှစ် (၂၀၁၉)  ခုနှစ် တွင် (၇၂၂၁) တွင် ရှိသည်ဟု ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားသည်။

ရန်ကုန်တက္ကသိုလ် အဆင့်မြှင့်တင်ရန် အတွက် မဟာစီမံကိန်း (Master Plan) တစ်ခု ရေးဆွဲ အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် က ဆိုသည်။

ထိုမဟာစီမံကိန်း အကောင်အထည် ဖော်ဆောင်ရေးအတွက် ပညာရေးဝန်ကြီး ဌာန ပြည်ထောင် စုဝန်ကြီး ဥက္ကဋ္ဌအဖြစ် ဆောင် ရွက်သည့် ဦးစီးကော်မတီ (Steering Committee) နှင့် ပညာအရည်အသွေး မြှင့်တင်ရေး ကော်မတီ (Software Committee)၊ ရုပ်ပိုင်းဆိုင်ရာ ဖြည့်ဆည်းရေးကော်မတီ (Hardware Committee) နှင့်ရန်ကုန်တက္ကသိုလ် ပဋိညာဉ် ရေးဆွဲရေးကော်မတီ (University Charter Committee) များ ထပ်မံဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(၂၀၁၅) အမျိုးသားပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်အရ ရန်ကုန်တက္ကသိုလ်အား  ကိုယ်ပိုင် စီမံခန့်ခွဲခွင့်ရှိသည့်  တက္ကသိုလ် ဖြစ်လာရန် လိုအပ်သည့်  အချက်များ ဖြည့်ဆည်းနေပြီး မကြာမီအချိန်တွင် ရန်ကုန်တက္ကသိုလ် သည် ကိုယ်ပိုင်စီမံခန့်ခွဲခွင့်ရှိသည့် တက္ကသိုလ် ဖြစ်ရမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

နိုင်ငံတကာ တက္ကသိုလ်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရာတွင် ထိရောက်ရန်နှင့် နိုင်ငံ့အကျိုးပြု အသုံးချသုတေသန လုပ်ငန်းများအတွက် ရန်ကုန်တက္ကသိုလ်၌ သင်ကြားနေသော သင်ရိုးညွှန်းတမ်းများကို ပြန်လည်ဆန်းစစ်မှုများ၊ အသစ်ပြန်လည်ရေးဆွဲမှုများ၊ ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တက္ကသိုလ်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရာတွင် လွယ်ကူအဆင်ပြေစေရန်အတွက် Credit အမှတ် လွှဲပြောင်းသည့်စနစ် ပြုလုပ်နေကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် နှစ် (၁၀၀) ပြည့်အထိမ်းအမှတ် အခမ်းအနားကို ဒီဇင်ဘာ (၂) ရက်မှ (၂၀၂၀) ပြည့်နှစ် ဒီဇင်ဘာ (၃၁) ရက်အထိ ကျင်းပမည်ဖြစ်သည်။

ရန်ကုန်တက္ကသိုလ်ကို (၁၉၂၀) ပြည့်နှစ် ဒီဇင်ဘာ (၁) ရက်တွင် စတင်တည်ထောင်ခဲ့သည်။ တည်ထောင်ပြီး အစောပိုင်းများတွင် ယူနီဗာစတီကောလိပ်နှင့် ဂျပ်ဆင် (ယုဒသန်) ကောလိပ်ဟူ၍ ပေါ်ထွက်ခဲ့သည်။ ၁၉၄၀ နှင့် ၁၉၅၀  ပြည့်နှစ်များတွင် အရှေ့တောင်အာရှ၏ အကောင်းဆုံးတက္ကသိုလ်ဖြစ်ခဲ့သည်။

၈၈၈၈ လူထုအုံကြွမှု ကာလအပြီးတွင် ရန်ကုန်တက္ကသိုလ်ကို  အချိန်အကန့်အသတ် ပိတ်ထားခဲ့ပြီး (၂၀၁၃) ခုနှစ် ဒီဇင်ဘာမှ စ၍ ဘွဲ့ကြိုသင်တန်းများ ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်။

Source: Daily Eleven

News Latest Post Read 2747 times