ယခုနှစ်ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသား၊ ကျောင်းသူ (၁,၁၀၀) ကျော်ဝင်ခွင့်ရ

ဒီဇင္ဘာတြင္ဖြင့္မည့္ ရန္ကုန္တကၠသိုလ္ပထမႏွစ္သင္တန္းမ်ားသို႔ ေက်ာင္းသား၊ ေက်ာင္းသူ (၁,၁၆၉) ဦးဝင္ခြင့္ရရွိၿပီး ပတ္ဝန္းက်င္ဆိုင္ရာေလ့လာမႈပညာဘာသာရပ္ကို ေက်ာင္းသား၊ ေက်ာင္းသူအမ်ားဆံုး ေရြးခ်ယ္တက္ေရာက္သည္။

ရန္ကုန္တကၠသိုလ္တြင္ဖြင့္မည့္ အထူးျပဳဘာသာရပ္ (၂၆) ခုအနက္ ျမန္မာမႈပညာဘာသာရပ္ကိုတက္ေရာက္သူအနည္းဆံုးျဖစ္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူ (၁၀) ဦးဝင္ခြင့္ရထားသည္။ ပတ္ဝန္းက်င္ဆိုင္ရာေလ့လာမႈပညာဘာသာရပ္ကို ေက်ာင္းသား၊ ေက်ာင္းသူ (၁၀၃) ဦးဝင္ခြင့္ရၿပီး ဘာသာရပ္ (၂၆) ခုအနက္ ဝင္ခြင့္ရဦးေရအမ်ားဆံုးျဖစ္သည္။ ဝင္ခြင့္ရဦးေရဒုတိယအမ်ားဆံုးသည္ ပထဝီဝင္ဘာသာရပ္ျဖစ္ၿပီး (၈၆) ဦးရွိသည္။ အဂၤလိပ္စာဘာသာရပ္ဝင္ခြင့္ရသူ (၈၄) ဦးရွိၿပီး ဝင္ခြင့္ရဦးေရတတိယအမ်ားဆံုးျဖစ္သည္။ 

ရန္ကုန္တကၠသိုလ္ဝင္ခြင့္ရအမွတ္မ်ားသည္ အထူးျပဳဘာသာရပ္အလိုက္ကြာျခားၿပီး ယခုႏွစ္တြင္ ပထဝီဝင္ႏွင့္ ဒႆနိကေဗဒဘာသာရပ္မ်ားသည္ဝင္ခြင့္ရအမွတ္အနိမ့္ဆံုးျဖစ္သည္။ တကၠသိုလ္ဝင္စာေမးပဲြရမွတ္ေပါင္း (၃၆၀) ရထားပါကထိုဘာသာရပ္ (၂) ခုသို႔ဝင္ခြင့္ျပဳခဲ့သည္။ ႏိုင္ငံတကာဆက္ဆံေရးဘာသာရပ္အတြက္ တကၠသိုလ္ဝင္စာေမးပဲြရမွတ္ေပါင္း (၄၇၀) ရမွသာ ဝင္ခြင့္ျပဳၿပီး ဘာသာရပ္ (၂၆) ခုအနက္ ဝင္ခြင့္ရအမွတ္အျမင့္ဆံုးျဖစ္သည္။

"လူေတြ႔စစ္ေဆးမႈရယ္၊ တကၠသိုလ္ဝင္စာေမးပဲြအမွတ္ရယ္ေပၚမူတည္ၿပီး ဝင္ခြင့္ေရြးတာပါ။ ဝင္ခြင့္ရသူေတြက ႏိုဝင္ဘာ (၁၈) ရက္ေက်ာင္းစအပ္ရပါမယ္။ သတ္မွတ္ရက္အတြင္းေက်ာင္းအပ္ဖို႔အေရးၾကီးပါတယ္" ဟု ရန္ကုန္တကၠသိုလ္ လက္ေထာက္ေမာ္ကြန္းထိန္းဦးေအာင္စိုးကေျပာသည္။

ဝင္ခြင့္ရသူမ်ားသည္ ႏိုဝင္ဘာ (၁၈) ရက္မွ (၂၉) ရက္အထိ ရန္ကုန္တကၠသိုလ္သင္တန္းေရးရာဌာနတြင္ ေက်ာင္းအပ္ရမည္ျဖစ္ၿပီး ေက်ာင္းေျပာင္းေရႊ႕ျခင္း၊ ေက်ာင္းဝင္မွတ္ပံုတင္ျခင္းမ်ားကို ႏိုဝင္ဘာ (၂၉) ရက္အၿပီး ေဆာင္ရြက္ရမည္ျဖစ္သည္။

ယခုႏွစ္တြင္ဝင္ခြင့္ေလွ်ာက္ထားလိုသူမ်ားသည္ ရန္ကုန္တကၠသိုလ္သို႔ဝင္ခြင့္ေလွ်ာက္လႊာစာအိတ္တိုက္ရိုက္ေပးပို႔ေလွ်ာက္ထားရၿပီး ဘာသာရပ္အလုိက္သတ္မွတ္ထားသည့္ တကၠသိုလ္ဝင္စာေမးပဲြရမွတ္ႏွင့္ ကိုက္ညီပါကဦးစားေပးဘာသာရပ္ (၃) ခုအထိေလွ်ာက္ထားခြင့္ျပဳခဲ့သည္။ ေလွ်ာက္ထားသူမ်ားကိုလူေတြ႔စစ္ေဆးၿပီး တကၠသိုလ္ဝင္စာေမးပဲြရမွတ္ႏွင့္ လူေတြ႔စစ္ေဆးမႈရလဒ္အေပၚမူတည္ကာဝင္ခြင့္ေရြးခ်ယ္ခဲ့သည္။ 

ရန္ကုန္တကၠသိုလ္တြင္ (၂၀၁၃) ေနာက္ပိုင္းမွစကာ ဝိဇၨာ၊ သိပၸံထူးခြ်န္သည့္ ဘဲြ႔ၾကိဳတန္းေက်ာင္းသားမ်ားအား ျပန္လည္သင္ၾကားေပးေနသည္။ ဝင္ခြင့္ရရွိသူမ်ားထဲမွ သတ္မွတ္ရက္မ်ားေက်ာ္လြန္ၿပီး ဝင္ခြင့္ရသူမ်ားကို တစ္လလွ်င္ က်ပ္ (၁၀၀,၀၀၀) ႏႈန္းျဖင့္ တစ္ႏွစ္လွ်င္ (၁၀) လဝိဇၨာခြ်န္ဆုႏွင့္သိပၸံခြ်န္ဆုမ်ားခ်ီးျမွင့္သည္။

Read More:>>> ၂၀၁၉ ခုႏွစ္တြင္ ျမန္မာႏိုင္ငံစာစစ္ဌာနႏွင့္ ႏိုင္ငံျခားစာစစ္ဌာနမွ ေမးျမန္းခဲ့ေသာ ႐ူပေဗဒဘာသာေမးခြန္း

Source: 7Day Daily

 

**Unicode**

ဒီဇင်ဘာတွင်ဖွင့်မည့် ရန်ကုန်တက္ကသိုလ်ပထမနှစ်သင်တန်းများသို့ ကျောင်းသား၊ ကျောင်းသူ (၁,၁၆၉) ဦးဝင်ခွင့်ရရှိပြီး ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူအများဆုံး ရွေးချယ်တက်ရောက်သည်။

ရန်ကုန်တက္ကသိုလ်တွင်ဖွင့်မည့် အထူးပြုဘာသာရပ် (၂၆) ခုအနက် မြန်မာမှုပညာဘာသာရပ်ကိုတက်ရောက်သူအနည်းဆုံးဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ (၁၀) ဦးဝင်ခွင့်ရထားသည်။ ပတ်ဝန်းကျင်ဆိုင်ရာလေ့လာမှုပညာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ (၁၀၃) ဦးဝင်ခွင့်ရပြီး ဘာသာရပ် (၂၆) ခုအနက် ဝင်ခွင့်ရဦးရေအများဆုံးဖြစ်သည်။ ဝင်ခွင့်ရဦးရေဒုတိယအများဆုံးသည် ပထဝီဝင်ဘာသာရပ်ဖြစ်ပြီး (၈၆) ဦးရှိသည်။ အင်္ဂလိပ်စာဘာသာရပ်ဝင်ခွင့်ရသူ (၈၄) ဦးရှိပြီး ဝင်ခွင့်ရဦးရေတတိယအများဆုံးဖြစ်သည်။ 

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရအမှတ်များသည် အထူးပြုဘာသာရပ်အလိုက်ကွာခြားပြီး ယခုနှစ်တွင် ပထဝီဝင်နှင့် ဒဿနိကဗေဒဘာသာရပ်များသည်ဝင်ခွင့်ရအမှတ်အနိမ့်ဆုံးဖြစ်သည်။ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ပေါင်း (၃၆၀) ရထားပါကထိုဘာသာရပ် (၂) ခုသို့ဝင်ခွင့်ပြုခဲ့သည်။ နိုင်ငံတကာဆက်ဆံရေးဘာသာရပ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်ပေါင်း (၄၇၀) ရမှသာ ဝင်ခွင့်ပြုပြီး ဘာသာရပ် (၂၆) ခုအနက် ဝင်ခွင့်ရအမှတ်အမြင့်ဆုံးဖြစ်သည်။

"လူတွေ့စစ်ဆေးမှုရယ်၊ တက္ကသိုလ်ဝင်စာမေးပွဲအမှတ်ရယ်ပေါ်မူတည်ပြီး ဝင်ခွင့်ရွေးတာပါ။ ဝင်ခွင့်ရသူတွေက နိုဝင်ဘာ (၁၈) ရက်ကျောင်းစအပ်ရပါမယ်။ သတ်မှတ်ရက်အတွင်းကျောင်းအပ်ဖို့အရေးကြီးပါတယ်" ဟု ရန်ကုန်တက္ကသိုလ် လက်ထောက်မော်ကွန်းထိန်းဦးအောင်စိုးကပြောသည်။

ဝင်ခွင့်ရသူများသည် နိုဝင်ဘာ (၁၈) ရက်မှ (၂၉) ရက်အထိ ရန်ကုန်တက္ကသိုလ်သင်တန်းရေးရာဌာနတွင် ကျောင်းအပ်ရမည်ဖြစ်ပြီး ကျောင်းပြောင်းရွှေ့ခြင်း၊ ကျောင်းဝင်မှတ်ပုံတင်ခြင်းများကို နိုဝင်ဘာ (၂၉) ရက်အပြီး ဆောင်ရွက်ရမည်ဖြစ်သည်။

ယခုနှစ်တွင်ဝင်ခွင့်လျှောက်ထားလိုသူများသည် ရန်ကုန်တက္ကသိုလ်သို့ဝင်ခွင့်လျှောက်လွှာစာအိတ်တိုက်ရိုက်ပေးပို့လျှောက်ထားရပြီး ဘာသာရပ်အလိုက်သတ်မှတ်ထားသည့် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နှင့် ကိုက်ညီပါကဦးစားပေးဘာသာရပ် (၃) ခုအထိလျှောက်ထားခွင့်ပြုခဲ့သည်။ လျှောက်ထားသူများကိုလူတွေ့စစ်ဆေးပြီး တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နှင့် လူတွေ့စစ်ဆေးမှုရလဒ်အပေါ်မူတည်ကာဝင်ခွင့်ရွေးချယ်ခဲ့သည်။ 

ရန်ကုန်တက္ကသိုလ်တွင် (၂၀၁၃) နောက်ပိုင်းမှစကာ ဝိဇ္ဇာ၊ သိပ္ပံထူးချွန်သည့် ဘွဲ့ကြိုတန်းကျောင်းသားများအား ပြန်လည်သင်ကြားပေးနေသည်။ ဝင်ခွင့်ရရှိသူများထဲမှ သတ်မှတ်ရက်များကျော်လွန်ပြီး ဝင်ခွင့်ရသူများကို တစ်လလျှင် ကျပ် (၁၀၀,၀၀၀) နှုန်းဖြင့် တစ်နှစ်လျှင် (၁၀) လဝိဇ္ဇာချွန်ဆုနှင့်သိပ္ပံချွန်ဆုများချီးမြှင့်သည်။

Read More:>>> ၂၀၁၉ ခုႏွစ္တြင္ ျမန္မာႏိုင္ငံစာစစ္ဌာနႏွင့္ ႏိုင္ငံျခားစာစစ္ဌာနမွ ေမးျမန္းခဲ့ေသာ ႐ူပေဗဒဘာသာေမးခြန္း

Source: 7Day Daily

Latest Post News Read 1246 times