၂၀၂၃ ခုနှစ်ရဲ့ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၁,၇၉၉) ခု

၂၀၂၃ ခုနှစ်အတွက် The Times Higher Education (THE) က နိုင်ငံပေါင်း (၁၀၄) နိုင်ငံမှ အကောင်းဆုံးတက္ကသိုလ် (၁,၈၀၀) ခန့်ကို ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းတွေကို THE က နှစ်စဉ် ထုတ်ပြန်ပေမယ့် အဲဒီထဲမှာ မြန်မာကတော့ တစ်ခါမှ ပါဝင်ခဲ့ခြင်း မရှိသေးပါဘူး။

 

အာဆီယံနိုင်ငံ (၁၀) နိုင်ငံထဲက ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ စင်္ကာပူ၊ ထိုင်း၊ လာအိုနဲ့ ဘရူနိုင်း နိုင်ငံတွေ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဖြစ်တဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ချ် စတဲ့ နိုင်ငံတွေကတော့ ဒီစာရင်းထဲမှာ နှစ်တိုင်းမဟုတ်တောင် ပါဝင်လေ့ ရှိကြပါတယ်။

 

အခု ထုတ်ပြန်ထားတဲ့ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် စာရင်းထဲမှာဆိုရင် နှစ်စဉ်မပျက် အမေရိကား တက္ကသိုလ်တွေဟာ ထိပ်ဆုံးက ရပ်တည်နေပြီး (၁,၇၉၉) မှာ (၁၇၉) ကျောင်းနဲ့ (၁၀၀) မှာ (၃၄) ကျောင်းထိ ပါဝင်နေတာကို တွေ့ရပါတယ်။ ရာခိုင်နှုန်းအားဖြင့်ဆိုရင် စုစုပေါင်းရဲ့ (၁၀) ရာခိုင်နှုန်းကို ရယူထားတာ ဖြစ်ပါတယ်။

 

ဒုတိယနေရာမှာ ရှိနေတာကတော့ ဗြိတိန်တက္ကသိုလ်တွေ ဖြစ်ပြီး (၁,၇၉၉) ထဲမှာ (၁၆၃) ကျောင်း၊ (၁၀၀) ထဲမှာ ဆိုရင် (၁၀) ကျောင်း ပါဝင်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်အားလုံးရဲ့ (၁၀) ရာခိုင်နှုန်း နီးပါးကို ဗြိတိန်က ဝေစု ရယူထားတာပါ။

 

Advertisement

Click Here > Rhino

 

အမေရိကား၊ ဗြိတိန်၊ ဂျပန်၊ တရုတ်၊ ဂျာမနီ၊ ပြင်သစ်၊ ကနေဒါ၊ ဩစတေးလီးယားနဲ့ ကိုရီးယား နိုင်ငံတွေ အပါအဝင် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲက ကျောင်းတွေရဲ့ နိုင်ငံအလိုက် ပါဝင်မှုနှုန်းတွေကို အောက်မှာ ကြည့်ရှုနိုင်ပါတယ်။

 

နိုင်ငံအလိုက် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များစာရင်း

 

                                      

၁၀၀ ခုအနက်...      

၁,၇၉၉ ခုအနက်...   

အမေရိက

၃၄

၁၇၉

ဗြိတိန်

၁၀

၁၆၃

ဂျာမနီ

၅၁

ဩစတေးလီးယား

၃၇

တရုတ်

၉၅

နယ်သာလန်

၁၃

ပြင်သစ်

၄၆

ကနေဒါ

၃၁

ဆွစ်ဇာလန်

၁၄

ဟောင်ကောင်

တောင်ကိုရီးယား

၃၇

ဂျပန်

၁၅၂

စင်္ကာပူ

ဆွီဒင်

၁၃

ဘယ်ဂျီယံ

၁၀

 

ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာရင်း

 

ဒီတက္ကသိုလ်တွေထဲကမှ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ တက္ကသိုလ် (၁၀) ခုကို ထုတ်နှုတ် ဖော်ပြပေးသွားပါမယ်။

 

Advertisement

Click Here > Leo

 

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ ထိပ်ဆုံး (၁၀) နေရာမှာ ရပ်တည်နေတဲ့ ကျောင်းတွေနဲ့ သူတို့အကြောင်းကို အနည်းငယ် ပြောပြပေးချင်ပါတယ်။ ထုံးစံအတိုင်း တက္ကသိုလ် (၁၀) ခုစလုံးက အမေရိကနဲ့ ဗြိတိန် နိုင်ငံတွေကချည်းပဲ ဖြစ်ပါတယ်။

 

၁။ University of Oxford

 

နာမည်ကြီး အောက်စ်စဖို့တက္ကသိုလ်ဟာ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ ပထမနေရာကို ရယူထားပါတယ်။ ဗြိတိန်က အင်္ဂလန်နိုင်ငံ၊ အောက်စဖို့မှာ တည်ရှိပြီး ကမ္ဘာတစ်ဝှမ်း နိုင်ငံပေါင်း (၁၄၀) ကျော်လောက်က ကျောင်းသားတွေ လာရောက် ပညာသင်ယူပါတယ်။ 

 

နှစ်စဉ် ကျောင်းသား (၂၀,၀၀၀) ကျော်ခန့် ရှိပြီး ပြည်ပနိုင်ငံတွေက ကျောင်းသားတွေကို (၄၂) ရာခိုင်နှုန်းထိ လက်ခံ သင်ကြားပေးပါတယ်။ ကျောင်းသားဟောင်း (၂၅၀,၀၀၀) ကျော် ရှိပြီး အများစုက လူသိများ၊ အောင်မြင်၊ ကျော်ကြားကြသူတွေ ဖြစ်ပါတယ်။

 

 

၂။ Harvard University

 

အမေရိကရဲ့ ရှေးအကျဆုံး တက္ကသိုလ်တစ်ခုဖြစ်တဲ့ ဟားဗက်တက္ကသိုလ်က ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ ဒုတိယနေရာ ရောက်နေပေမယ့် အမေရိကား တက္ကသိုလ်တွေထဲမှာတော့ ထိပ်ဆုံးနေရာကို ရရှိထားပါတယ်။ Cambridge, Massachusetts မှာ တည်ရှိပါတယ်။

 

နှစ်စဉ် ကျောင်းသား (၂၀,၀၀၀) ကျော်ကို ပညာသင်ကြားပေးပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၂၅) ရာခိုင်နှုန်းလောက်ကိုပဲ လက်ခံပါတယ်။ ကျောင်းသားဟောင်း (၃၂၃,၀၀၀) ဦး ရှိပြီး ဒီကျောင်းက ထွက်တဲ့သူတွေဟာ အောင်မြင် ကျော်ကြားသူ များပါတယ်။ 

 

 

၃။ University of Cambridge

 

နှစ်ပေါင်း (၈၀၀) ကျော် သက်တမ်းရှိပြီဖြစ်တဲ့ ကမ်းဘရစ်တက္ကသိုလ်ကတော့ ဗြိတိန်က အင်္ဂလန်နိုင်ငံ၊ ကမ်းဘရစ်မှာ တည်ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းထဲမှာ တတိယနေရာကို ရယူထားပါတယ်။ 

 

အင်္ဂလန်အပြင် ကမ္ဘာ့နိုင်ငံအနှံ့အပြားက ကျောင်းသားပေါင်း (၁၈,၀၀၀) လောက် နှစ်စဉ် လာရောက် တက်ရောက်ကြပြီး နိုင်ငံပေါင်း (၁၂၀) ကျော်က ကျောင်းသား (၃၉) ရာခိုင်နှုန်းကို လက်ခံ သင်ကြားပေးပါတယ်။ ထူးချွန် အောင်မြင်သူတွေ များစွာ ထွက်ရှိတဲ့ ကျောင်းလည်း ဖြစ်ပါတယ်။

 

 

၄။ Stanford University

 

စတန်းဖို့ဒ် တက္ကသိုလ်ဟာ ကယ်လီဖိုးနီးယားပြည်နယ်မှာ တည်ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ စတုတ္တယမြောက် နေရာမှာ ရပ်တည်နေပါတယ်။ နှစ်စဉ် ကျောင်းသားပေါင်း (၁၆,၀၀၀) ကို ပညာ သင်ကြားပေးနေပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၂၄) ရာခိုင်နှုန်းကို လက်ခံ သင်ကြားပါတယ်။ လူတော်လူကောင်းတွေ ထွက်ရှိပြီး ချမ်းသာကြွယ်ဝကြသူတွေလည်း များပါတယ်။

 

 

၅။ Massachusetts Institute of Technology

 

နည်းပညာတက္ကသိုလ်တစ်ခု ဖြစ်တဲ့ MIT ဟာလည်း အမေရိကန်ပြည်ထောင်စု Cambridge, Massachusetts မှာ တည်ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းမှာ ပဉ္စမနေရာကို ရယူထားပါတယ်။ နှစ်စဉ် ကျောင်းသားပေါင်း (၁၁,၀၀၀) ကျော်ကို မွေးထုတ်ပေးနေပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၃၃) ရာခိုင်နှုန်းလောက်ထိ ပညာသင်ကြားပေးပါတယ်။

 

 

၆။ California Institute of Technology 

 

နောက်ထပ် နည်းပညာတက္ကသိုလ် တစ်ခုဖြစ်တဲ့ CIT ဟာလည်း California, Pasadena မှာ တည်ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းမှာ နံပါတ် (၆) နေရာ ရရှိထားပါတယ်။ ကျောင်းသား (၂,၂၀၀) ကျော်လောက်ပဲ ရှိပေမယ့် အဲဒီထဲက (၃၄) ရာခိုင်နှုန်းကို ပြည်ပနိုင်ငံက တက်ရောက်လိုသူတွေအတွက် လက်ခံ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ 

 

 

၇။ Princeton University 

 

အမေရိကန် New Jersey မှာ တည်ရှိတဲ့ ပရင့်စ်တွန်တက္ကသိုလ်မှာလည်း နှစ်စဉ် ကျောင်းသား (၈,၂၀၀) လောက်ပဲ လက်ခံ သင်ကြားပေးပါတယ်။ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ နံပါတ် (၇) နေရာမှာ ရပ်တည်နေပြီး စုစုပေါင်း ကျောင်းသားရဲ့ (၂၃) ရာခိုင်နှုန်းလောက်ကိုပဲ ပြင်ပကျောင်းသားတွေအတွက် ထား သင်ကြားပါတယ်။

 

 

၈။ University of California, Berkeley 

 

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းရဲ့ နံပါတ် (၈) နေရာမှာ ရပ်တည်နေတာကတော့ Berkeley မှာ ရှိတဲ့ ကယ်လီးဖိုးနီးယားတက္ကသိုလ်ပဲ ဖြစ်ပါတယ်။ နှစ်စဉ် ကျောင်းသားစုစုပေါင်း (၄၀,၀၀၀) ကျော်ထိ လာရောက် ပညာသင်ယူကြပြီး ကမ္ဘာတစ်ဝှမ်းက ကျောင်းသား (၂၄) ရာခိုင်နှုန်းလောက်ကို လက်ခံ သင်ကြားပေးနေပါတယ်။

 

 

၉။ Yale University

 

ဒီတက္ကသိုလ်ဟာဆိုရင်လည်း အမေရိကန် New Haven, Connecticut မှာ ရှိပြီး ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်များ စာရင်းမှာ နံပါတ် (၉) နေရာကနေ ပါဝင်နေပါတယ်။ နှစ်စဉ် ကျောင်းသား (၁၃,၀၀၀) ကျော် လာရောက် ပညာသင်ယူကြပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၂၁) ရာခိုင်နှုန်းကို လက်ခံ ပညာသင်ကြားပေးနေတာ ဖြစ်ပါတယ်။

 

 

၁၀။ Imperial College London 

 

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၁၀) ရဲ့ နောက်ဆုံးတစ်ခုကတော့ လန်ဒန်မြို့လယ်မှာ တည်ရှိတဲ့ Imperial College ဖြစ်ပြီး သိပ္ပံ၊ အင်ဂျင်နီယား၊ ဆေးဝါးနဲ့ စီးပွားရေးဆိုင်ရာ ဘာသာရပ်တွေကို သင်ကြားပေးပါတယ်။ ကမ္ဘာ့နိုင်ငံ အနှံ့အပြားက ကျောင်းသားဦးရေ (၁၈,၀၀၀) လောက် လာရောက် ပညာသင်ယူကြပြီး ပြည်ပနိုင်ငံတွေက ကျောင်းသား (၆၁) ရာခိုင်နှုန်းထိ လက်ခံပေးတဲ့ ကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။

 

ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာရင်း

နိုင်ငံခြားကို ကျောင်းသွားတက်ဖို့ စဉ်းစားနေတဲ့သူတွေ၊ ဘယ်နိုင်ငံက ဘယ်ကျောင်းတက်ရင် ကောင်းမလဲ လိုက်လေ့လာနေတဲ့သူတွေအနေနဲ့ ပိုက်ဆံလည်း တတ်နိုင်တယ်ဆိုရင် ဒီကျောင်းတွေမှာ သွားတက်ကြည့်ဖို့ အကြံပြုချင်ပါတယ်။

 

The Times Higher Education ဆိုတာကတော့ ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်တွေနဲ့ နိုင်ငံအလိုက် အကောင်းဆုံး တက္ကသိုလ်တွေ စာရင်းကို ၂၀၁၁ ခုနှစ်ကနေ စပြီး အခုချိန်အထိ စာရင်းပြုစု ထုတ်ပြန်ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ 

 

စာရင်းတွေ လုပ်ဆောင်လာတာ (၁၃) နှစ်ရှိပြီ ဖြစ်ပြီး အဓိကအားဖြင့် တက္ကသိုလ်တွေရဲ့ စာသင်ကြားမှုပုံစံ အပါအဝင် သုတေသနစစ်တမ်းတွေနဲ့ တခြားနိုင်ငံတွေက ဒီတက္ကသိုလ်တွေအပေါ် မြင်တဲ့အမြင်၊ ဝေဖန် သုံးသပ်ချက်တွေကို အခြေပြုပြီး တက္ကသိုလ်တွေကို အဆင့်သတ်မှတ်တယ်လို့ သိရပါတယ်။

Latest Post University / College Read 2059 times