Sales Hotline : 09448001653       Download App



World Bank မှ ပေးအပ်သော ဘွဲ့ရရှိပြီးသူများ လျှောက်ထားနိုင်သည့် ပညာတော်သင်ဆု

 

 

ဘွဲ့ရပြီးသား မြန်မာနိုင်ငံသားတွေပါ လျှောက်ထားနိုင်တဲ့ ကမ္ဘာ့ဘဏ် (World Bank) အဖွဲ့အစည်းကြီးကနေ တစ်နှစ်တစ်ခါ ပေးအပ်တဲ့ Master Degree ဘွဲ့ ပညာတော်သင်ဆုကြီး လာပါပြီ။ Master Degree ကိုမှ ပညာတော်သင်ဆုနဲ့ တက်ရောက်ချင်တဲ့သူတွေအတွက် “Joint Japan World Bank Scholarship 2023” ပရိုဂရမ်ပါ။ 

 

ဒီပညာတော်သင်ဆုကတော့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ ခေါင်းစဥ်နဲ့ မဟာဘွဲ့ (Master Degree) ပရိုဂရမ်ကို တက်ရောက်လိုတဲ့ ကျောင်းသားတွေအတွက် အကောင်းဆုံးအခွင့်အရေး တစ်ခုပဲ ဖြစ်ပါတယ်။ 

 

အဆင့်မြင့်ပညာရေးအတွက် နိုင်ငံခြားအဖွဲ့အစည်းတစ်ခုမှာ ကိုယ်တိုင်အရည်အချင်း ပြည့်မီသော ကျောင်းသားများ ဖြစ်လိုသူတိုင်းအတွက် အပြည့်အဝ ထောက်ပံ့ပေးထားတဲ့ ပညာတော်သင်ဆုတစ်ခုပဲ ဖြစ်ပါတယ်။ ပညာတော်သင်ဆုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို အောက်မှာ ဆက်လက် ဖော်ပြပေးထားပါတယ်။

 

World Bank Graduate Scholarship 2023

 

ပညာတော်သင်ဆု လက်ခံခေါ်ယူပေးသောနိုင်ငံများ 

United States, Europe, Japan

 

ထောက်ပံ့ပေးသောအဖွဲ့အစည်း 

World Bank

 

လျှောက်ထားနိုင်သည့် ဘွဲ့အမျိုးအစား 

Master Degree

 

ထောက်ပံ့ပေးမည့် ပညာတော်သင်ဆုအမျိုးအစား 

Fully-Funded

 

လျှောက်ထားနိုင်သည့် ကျောင်းသားများ 

International Students

 

ရရှိမည့် အကျိုးကျေးဇူးများ

  • 100% Fully-Funded Scholarship Funds ( ၁၀၀ ရာခိုင်နှုန်း ပညာတော်သင်ဆု )

  • Economy Class Air Travel ( လေယာဥ်လက်မှတ် )

  • Medical Insurance ( ကျန်းမာရေးအာမခံ )

  • Monthly Stipend ( လစဥ်ထောက်ပံ့ကြေး )

 

ရွေးချယ် တက်ရောက်နိုင်မယ့် တက္ကသိုလ်က အမေရိကန်၊ ဥရောပနဲ့ ဂျပန်နိုင်ငံများက တက္ကသိုလ်များဖြစ်ပြီး စုစုပေါင်း ၂၇ ကျောင်း ပါဝင်ပါတယ်။ ထို ၂၇ ကျောင်းမှာမှ ကိုယ်လျှောက်ထားချင်တဲ့ ဘာသာရပ်ကို ရွေးချယ်လို့ ရပါတယ်။ အသေးစိတ်ကိုတော့ အောက်မှာပေးထားတဲ့ လင့်ခ်ကနေ ဝင်ရောက် လေ့လာနိုင်ပါတယ်။

 

Study Fields & Universities 

> https://bit.ly/3Mewt4f 

Advertisement

Click Here > Giza

လျှောက်ထားနိုင်တဲ့ နိုင်ငံအသေးစိတ်ကိုလည်း အောက်ကလင့်ခ်မှာ ဝင်ကြည့်လို့ ရပါတယ်။

 

Eligible Countries 

> https://bit.ly/40DbA7v 

 

ဘယ်လိုလူတွေ လျှောက်ထားလို့ရလဲ

  • လျှောက်ထားသူမှာ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခု၏ နိုင်ငံသား ဖြစ်ရမည်။

  • ကျန်းမာရေး ကောင်းမွန်ရမည်။

  • လျှောက်ထားသူမှာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ပြီး ဘွဲ့သက်တမ်းမှာ လျှောက်လွှာပိတ်ရက် မတိုင်မီ ၃ နှစ် ရှိရမည် ဖြစ်သည်။

  • ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းများတွင် လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး ၃ နှစ်နှင့်အထက်ရှိရမည် ဖြစ်သည်။

  • အင်္ဂလိပ်စာဘာသာစကား ကျွမ်းကျင်အဆင့် ဖြစ်ရမည်။


 

လျှောက်လွှာစဖွင့်သည့်ရက်မှာ ၂၀၂၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ ဖြစ်ပြီး ၂၀၂၃ မေလ ၂၆ ရက်နေ့ နောက်ဆုံးထား လျှောက်ထားရမည် ဖြစ်သည်။

 

Application Open Date > 27 March, 2023

 

Application End Date > 26 May, 2023

 

ဘယ်လိုလျှောက်ထားရမလဲ

  • ကိုယ်ရရှိထားတဲ့ ဘွဲ့အမျိုးအစား၊ သက်ဆိုင်ရာလုပ်ငန်း အတွေ့အကြုံ၊ ဘာသာစကား ကျွမ်းကျင် တတ်မြောက်မှုများနှင့် ကိုက်ညီသော ကျောင်းနှင့် ဘွဲ့အမျိုးအစားကို သေချာ ရွေးချယ်ပါ။

  • World Bank Official Website ကို သွားပါ။ Joint Japan World Bank Scholarship 2023 လျှောက်လွှာကို Official Website မှာ ရယူနိုင်ပါတယ်။ လျှောက်လွှာမှာ ကိုယ်ရေးကိုယ်တာ အချက်အလက်၊ ပညာရေးဆိုင်ရာ နောက်ခံ၊ လုပ်ငန်းဆိုင်ရာ ပရော်ဖက်ရှင်နယ် အတွေ့အကြုံများကို သေချာ ဖြည့်စွက်ပါ။

  • လိုအပ်သည့် စာရွက်စာတမ်းများဖြစ်သော ပြည့်စုံစွာ ဖြည့်စွက်ထားသော ကိုယ်ရေးအကျဥ်း၊ နိုတြီပြန်ထားသော  ပညာအရည်အချင်း ထောက်ခံချက်  စာရွက်စာတမ်းများ၊ ကျောင်းလျှောက်ထားရခြင်း ရည်ရွယ်ချက်၊ လုပ်ငန်းအတွေ့အကြုံ ထောက်ခံချက်၊ အင်္ဂလိပ်စာ အရည်အချင်းထောက်ခံချက် စတဲ့ စာရွက်စာတမ်းတွေကို ပြည့်စုံစွာ ပူးတွဲပေးပို့ပါ။

 

လိုအပ်တဲ့စာရွက်စာတမ်းနဲ့ လျှောက်လွှာဖောင်ကို အပြည့်အစုံ ဖြည့်စွက် ပေးပို့ပြီးသွားပြီဆိုရင်တော့ ကျောင်းလျှောက်ထားတဲ့ လုပ်ငန်းစဥ်  ပြီးဆုံးပြီပဲ ဖြစ်ပါတယ်။  ဒါဆိုရင်တော့  ပညာတော်သင်ဆု ရွေးချယ်ရေး ကော်မတီဘက်မှ အကြောင်းပြန်လာမှာကို စောင့်ဆိုင်းရမှာပဲ ဖြစ်ပါတယ်။

 

ကျောင်းလျှောက်ထားခြင်းနဲ့  ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို စုံစမ်း သိရှိလိုတယ်ဆိုရင် Joint Japan World Bank Scholarship (JJWBS) Coordinator တွေကို တိုက်ရိုက် ဆက်သွယ် မေးမြန်းလို့ ရပါတယ်။

 

ပညာတော်သင်ဆုနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်များကို အောက်ဖော်ပြပါလင့်ခ်မှာ ဝင်ရောက် လေ့လာလို့ ရပါတယ်။ World Bank Official Website Link   ကိုလည်း အောက်မှာ ပေးထားပါတယ်။

 

Japan World Bank Scholarship (JJWBS) 

> https://bit.ly/3zuaz5z 

 

World Bank Official Website Link > 

https://www.worldbank.org/en/programs/scholarships#3

International Latest Post Read 965 times