Sales Hotline : 09448001653       Download App



ကျောင်းသားများစာကြိုးစားရဲ့သားနဲ့ အမှတ်မကောင်းတဲ့အကြောင်းရင်း

**Zawgyi**

ကိုယ္ကစာႀကိဳးစားခဲ့တယ္၊ စာလည္းရတယ္၊ ဒါေပမဲ့သူမ်ားထက္အမွတ္ေတြနည္းေနတယ္။ စာေတြအမ်ားႀကီးက်က္ထားေပမဲ့လည္း အမွတ္မေကာင္းေသးဘူးဆိုရင္ေတာ့ သင့္ရဲ႕စာက်က္ပံု၊ စာက်က္နည္း တစ္ခုခုမွားေနလို႔ပဲျဖစ္ပါတယ္။ ေက်ာင္းသားေတြအမ်ားစု စာက်က္ပံုေတြမွာဘာေတြမွားေနလဲ၊ ဘယ္လုိျပင္ရမလဲဆိုတာေဖာ္ျပေပးလိုက္ပါတယ္။

(၁) စာက်က္နည္းမွားေနျခင္း
ျပႆနာ - ကုိယ္နဲ႔မကိုက္တဲ့စာက်က္နည္းကိုသံုးေနမိတယ္။ လူတိုင္းမွာစာက်က္ပံုအမ်ိဳးမ်ိဳးရွိၾကပါတယ္။ ဥပမာ - ကိုယ္ကစာေအာ္က်က္မွအဆင္ေျပတာလား၊ စိတ္ထဲကက်က္မွအဆင္ျေပတာလား၊ ဒါမွမဟုတ္က်က္ထားသမွ်စာေတြကို ခ်ေရးၿပီးမွရတာလားဆိုတာကိုေတာ့ ကိုယ္ကိုတိုင္အရင္ဆံုး ဆန္းစစ္ၾကည့္မွသိႏိုင္မယ္ေနာ္။ 

ေျဖရွင္းနည္း - ဒီေတာ့ကိုယ္နဲ႔အကိုက္ဆံုးျဖစ္တဲ့စာက်က္နည္းကိုစမ္းသံုးၾကည့္ပါ။ ေက်ာင္းသားတစ္ေယာက္ခ်င္းစီမွာေတာ့ သူတို႔အျမဲတမ္းသံုးေလ့ရွိတဲ့ စာက်က္နည္းေတြရွိပါတယ္။ တခ်ိဳ႕က်ေတာ့လည္းတစ္မ်ိဳးထက္မကသံုးၾကပါတယ္။

(၂) စာကိုအေစာတည္းက က်က္တဲ့အေလ့အက်င့္မရွိျခင္း
ျပႆနာ - စာက်က္တဲ့အခါ အခ်ိန္ဆဲြက်က္တတ္တဲ့အက်င့္ဆိုးကို ေရွာင္ၾကဥ္ပါ။ စာေမးပဲြေျဖမယ့္ရက္မတိုင္ခင္ေလာက္မွ အေလာတႀကီးမက်က္ဖို႔ အၾကံျပဳခ်င္ပါတယ္။ အနားနီးမွကပ္ၿပီးစာလုပ္တဲ့အခါက်ေတာ့ ေလ့က်င့္ရမယ့္စာေတြေမ့က်န္ခဲ့တာရယ္၊ တခါတည္း တၿပိဳင္နက္တည္းစာေတြအကုန္လုပ္ရေတာ့ ဦးေႏွာက္ကအျပည့္အဝအလုပ္မလုပ္ႏိုင္လို႔ နီးမွစာကပ္မလုပ္ဖို႔ အၾကံျပဳခ်င္ပါတယ္။

ေျဖရွင္းနည္း - ေန႔တုိင္းပံုမွန္စာလုပ္တတ္တဲ့အက်င့္ေလးပံုမွန္ျပဳလုပ္ေပးပါ။ ညတိုင္းေက်ာင္းကသင္လိုက္တဲ့စာေတြကို ေသခ်ာျပန္ေလ့လာၿပီးက်က္မွတ္ပါ။ ပံုမွန္က်က္သြားျခင္းျဖင့္ စာေတြကိုအၾကာႀကီးမွတ္မိေနေစပါတယ္။

(၃) က်က္စရာမလိုတာေတြကိုက်က္ျခင္း
ျပႆနာ - စာလုပ္တာေတာ့ဟုတ္ေနတာပဲ၊ ဒါေပမယ့္ စာေမးပဲြလည္းေျဖေရာ ကို္ယ္က်က္ထားတဲ့စာေတြပါမလာဘူး၊ ဘာေၾကာင့္ပါလိမ့္ေပါ့။

ေျဖရွင္းနည္း - မွတ္စုထုတ္တတ္တဲ့အေလ့အက်င့္ေလးျပဳလုပ္ပါ။ အတန္းထဲမွာဆရာကအေရးႀကီးတာေတြကိုေျပာေနရင္၊ အထူးသျဖင့္ ထပ္ခါထပ္ခါေျပာေနၿပီဆိုရင္ ေသခ်ာလိုက္နားေထာင္ပါ။ မရွင္းရင္ျပန္ေမးလို႔ရေအာင္၊ ျပန္ၾကည့္လို႔ရေအာင္ကိုယ့္မွတ္စုထဲမွာလည္း သူေျပာသြားတာေတြကိုေသခ်ာ Highlight လုပ္ပါ။ အဲဒီလိုလုပ္ျခင္းအားျဖင့္ ကို္ယ္တိုင္စာျပန္လုပ္တဲ့အခါ ဒါေလးကေတာ့အေရးႀကီးတယ္၊ မႀကီးဘူးသိႏိုင္မွာပါ။

(၄) ညလံုးေပါက္စာက်က္ျခင္း
ျပႆနာ - ေက်ာင္းသားအမ်ားစုမွာေတြ႔ရတဲ့ စာက်က္နည္းပါ။ ေန႔တိုင္းပံုမွန္ေသခ်ာေလးစာၾကည့္သြားရမယ့္အစား စာေမးပဲြေျဖခါနီးမွညလံုးေပါက္စာက်က္တယ္။ ဒီလိုစာလုပ္ျခင္းဟာ စာေမးပဲြအခန္းထဲေရာက္ရင္ စာေတြအကုန္ေရာၿပီး ဘာမွမမွတ္မိတဲ့အေျခအေနအထိျဖစ္သြားႏိုင္တဲ့အတြက္ ညလံုးေပါက္စာၾကည့္တာကိုေတာ့ လံုးဝေရွာင္ၾကဥ္ရပါမယ္။

ေျဖရွင္းနည္း - က်က္လိုက္တဲ့စာေတြကို မွတ္မိေစဖို႔အတြက္ ကိုယ္တုိင္ကလည္းအိပ္ေရးဝဖို႔လိုအပ္ပါတယ္။ အိပ္ေရးဝမွ စိတ္ကလည္းလန္းလန္းဆန္းဆန္းရွိၿပီး စာေတြကိုပိုက်က္ႏိုင္မွာျဖစ္ပါတယ္။ ဒါေၾကာင့္စာေမးပဲြေျဖမယ့္ရက္မွာ အိပ္ေရးဝဝအိပ္ျခင္းဟာ တစ္ညလံုးစာက်က္တာထက္ပိုထိေရာက္ပါတယ္။

(၅) စာေမးပဲြအတြက္ပဲစာၾကည့္ျခင္း
ျပႆနာ - စာေမးပဲြရွိမွ စာလုပ္တာမ်ိဳးပဲျဖစ္ပါတယ္။

ေျဖရွင္းနည္း - စာေမးပဲြရွိမွ မဟုတ္ပါဘူး။ အတန္းထဲစာေဆြးေႏြးၾကတာေတြ၊ သူငယ္ခ်င္းေတြနဲ႔တူတူစာလုပ္ၾကတာေတြ၊ ေက်ာင္းကျပန္လာရင္ အဲဒီေန႔မွာသင္ထားတာေတြ ျပန္ၾကည့္တာမ်ိဳးေတြအားလံုးက စာလုပ္လို႔ရတဲ့အခြင့္အလမ္းေတြျဖစ္ပါတယ္။ တစ္ရက္စာတစ္ရက္ နည္းနည္းစီစာလုပ္သြားတာက စာပိုရလြယ္ၿပီး မွတ္မိလည္းလြယ္တဲ့အတြက္ စာေမးပဲြနီးတဲ့အခါက်ရင္ သူမ်ားေတြထက္အရင္စာရၿပီးသားျဖစ္ေစပါတယ္။

ဒီေတာ့ေက်ာင္းသားမ်ားစာက်က္နည္းမွန္ကန္ၿပီး မိမိႀကိဳးစားသေလာက္ ေအာင္ျမင္မႈမ်ားရရွိႏိုင္ၾကပါေစေနာ္။

www.edge.com.mm

 

**Unicode**

ကိုယ်ကစာကြိုးစားခဲ့တယ်၊ စာလည်းရတယ်၊ ဒါပေမဲ့သူများထက်အမှတ်တွေနည်းနေတယ်။ စာတွေအများကြီးကျက်ထားပေမဲ့လည်း အမှတ်မကောင်းသေးဘူးဆိုရင်တော့ သင့်ရဲ့စာကျက်ပုံ၊ စာကျက်နည်း တစ်ခုခုမှားနေလို့ပဲဖြစ်ပါတယ်။ ကျောင်းသားတွေအများစု စာကျက်ပုံတွေမှာဘာတွေမှားနေလဲ၊ ဘယ်လိုပြင်ရမလဲဆိုတာဖော်ပြပေးလိုက်ပါတယ်။

(၁) စာကျက်နည်းမှားနေခြင်း
ပြဿနာ - ကိုယ်နဲ့မကိုက်တဲ့စာကျက်နည်းကိုသုံးနေမိတယ်။ လူတိုင်းမှာစာကျက်ပုံအမျိုးမျိုးရှိကြပါတယ်။ ဥပမာ - ကိုယ်ကစာအော်ကျက်မှအဆင်ပြေတာလား၊ စိတ်ထဲကကျက်မှအဆင်ြပေတာလား၊ ဒါမှမဟုတ်ကျက်ထားသမျှစာတွေကို ချရေးပြီးမှရတာလားဆိုတာကိုတော့ ကိုယ်ကိုတိုင်အရင်ဆုံး ဆန်းစစ်ကြည့်မှသိနိုင်မယ်နော်။ 

ဖြေရှင်းနည်း - ဒီတော့ကိုယ်နဲ့အကိုက်ဆုံးဖြစ်တဲ့စာကျက်နည်းကိုစမ်းသုံးကြည့်ပါ။ ကျောင်းသားတစ်ယောက်ချင်းစီမှာတော့ သူတို့အမြဲတမ်းသုံးလေ့ရှိတဲ့ စာကျက်နည်းတွေရှိပါတယ်။ တချို့ကျတော့လည်းတစ်မျိုးထက်မကသုံးကြပါတယ်။

(၂) စာကိုအစောတည်းက ကျက်တဲ့အလေ့အကျင့်မရှိခြင်း
ပြဿနာ - စာကျက်တဲ့အခါ အချိန်ဆွဲကျက်တတ်တဲ့အကျင့်ဆိုးကို ရှောင်ကြဉ်ပါ။ စာမေးပွဲဖြေမယ့်ရက်မတိုင်ခင်လောက်မှ အလောတကြီးမကျက်ဖို့ အကြံပြုချင်ပါတယ်။ အနားနီးမှကပ်ပြီးစာလုပ်တဲ့အခါကျတော့ လေ့ကျင့်ရမယ့်စာတွေမေ့ကျန်ခဲ့တာရယ်၊ တခါတည်း တပြိုင်နက်တည်းစာတွေအကုန်လုပ်ရတော့ ဦးနှောက်ကအပြည့်အဝအလုပ်မလုပ်နိုင်လို့ နီးမှစာကပ်မလုပ်ဖို့ အကြံပြုချင်ပါတယ်။

ဖြေရှင်းနည်း - နေ့တိုင်းပုံမှန်စာလုပ်တတ်တဲ့အကျင့်လေးပုံမှန်ပြုလုပ်ပေးပါ။ ညတိုင်းကျောင်းကသင်လိုက်တဲ့စာတွေကို သေချာပြန်လေ့လာပြီးကျက်မှတ်ပါ။ ပုံမှန်ကျက်သွားခြင်းဖြင့် စာတွေကိုအကြာကြီးမှတ်မိနေစေပါတယ်။

(၃) ကျက်စရာမလိုတာတွေကိုကျက်ခြင်း
ပြဿနာ - စာလုပ်တာတော့ဟုတ်နေတာပဲ၊ ဒါပေမယ့် စာမေးပွဲလည်းဖြေရော ကိုယ်ကျက်ထားတဲ့စာတွေပါမလာဘူး၊ ဘာကြောင့်ပါလိမ့်ပေါ့။

ဖြေရှင်းနည်း - မှတ်စုထုတ်တတ်တဲ့အလေ့အကျင့်လေးပြုလုပ်ပါ။ အတန်းထဲမှာဆရာကအရေးကြီးတာတွေကိုပြောနေရင်၊ အထူးသဖြင့် ထပ်ခါထပ်ခါပြောနေပြီဆိုရင် သေချာလိုက်နားထောင်ပါ။ မရှင်းရင်ပြန်မေးလို့ရအောင်၊ ပြန်ကြည့်လို့ရအောင်ကိုယ့်မှတ်စုထဲမှာလည်း သူပြောသွားတာတွေကိုသေချာ Highlight လုပ်ပါ။ အဲဒီလိုလုပ်ခြင်းအားဖြင့် ကိုယ်တိုင်စာပြန်လုပ်တဲ့အခါ ဒါလေးကတော့အရေးကြီးတယ်၊ မကြီးဘူးသိနိုင်မှာပါ။

(၄) ညလုံးပေါက်စာကျက်ခြင်း
ပြဿနာ - ကျောင်းသားအများစုမှာတွေ့ရတဲ့ စာကျက်နည်းပါ။ နေ့တိုင်းပုံမှန်သေချာလေးစာကြည့်သွားရမယ့်အစား စာမေးပွဲဖြေခါနီးမှညလုံးပေါက်စာကျက်တယ်။ ဒီလိုစာလုပ်ခြင်းဟာ စာမေးပွဲအခန်းထဲရောက်ရင် စာတွေအကုန်ရောပြီး ဘာမှမမှတ်မိတဲ့အခြေအနေအထိဖြစ်သွားနိုင်တဲ့အတွက် ညလုံးပေါက်စာကြည့်တာကိုတော့ လုံးဝရှောင်ကြဉ်ရပါမယ်။

ဖြေရှင်းနည်း - ကျက်လိုက်တဲ့စာတွေကို မှတ်မိစေဖို့အတွက် ကိုယ်တိုင်ကလည်းအိပ်ရေးဝဖို့လိုအပ်ပါတယ်။ အိပ်ရေးဝမှ စိတ်ကလည်းလန်းလန်းဆန်းဆန်းရှိပြီး စာတွေကိုပိုကျက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်စာမေးပွဲဖြေမယ့်ရက်မှာ အိပ်ရေးဝဝအိပ်ခြင်းဟာ တစ်ညလုံးစာကျက်တာထက်ပိုထိရောက်ပါတယ်။

(၅) စာမေးပွဲအတွက်ပဲစာကြည့်ခြင်း
ပြဿနာ - စာမေးပွဲရှိမှ စာလုပ်တာမျိုးပဲဖြစ်ပါတယ်။

ဖြေရှင်းနည်း - စာမေးပွဲရှိမှ မဟုတ်ပါဘူး။ အတန်းထဲစာဆွေးနွေးကြတာတွေ၊ သူငယ်ချင်းတွေနဲ့တူတူစာလုပ်ကြတာတွေ၊ ကျောင်းကပြန်လာရင် အဲဒီနေ့မှာသင်ထားတာတွေ ပြန်ကြည့်တာမျိုးတွေအားလုံးက စာလုပ်လို့ရတဲ့အခွင့်အလမ်းတွေဖြစ်ပါတယ်။ တစ်ရက်စာတစ်ရက် နည်းနည်းစီစာလုပ်သွားတာက စာပိုရလွယ်ပြီး မှတ်မိလည်းလွယ်တဲ့အတွက် စာမေးပွဲနီးတဲ့အခါကျရင် သူများတွေထက်အရင်စာရပြီးသားဖြစ်စေပါတယ်။

ဒီတော့ကျောင်းသားများစာကျက်နည်းမှန်ကန်ပြီး မိမိကြိုးစားသလောက် အောင်မြင်မှုများရရှိနိုင်ကြပါစေနော်။

www.edge.com.mm
 

Tips Tips Tips Latest Post Read 6198 times