Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်တန်းအဖြေလွှာတွေ ဘယ်အချိန်စစ်ပြီး တက္ကသိုလ်တွေ ဘယ်အချိန်ဖွင့်မလဲ

** Unicode **

 ** ပညာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်ထားသည့် အမိန့်စာအရ တက္ကသိုလ် ဆရာ/ဆရာမများသည် မေလ (၁၈) ရက်နေ့ တနင်္လာနေ့တွင် သက်ဆိုင်ရာ တက္ကသိုလ်အသီးသီးသို့ သွားရောက်၍ Duty Report လုပ်ရမည်ဖြစ်ပါတယ်။

** ၎င်းသို့ လုပ်ကိုင်ပြီးပါက ဆရာ/ဆရာမများသည် သက်ဆိုင်ရာ ဒေသ၏ဝန်ကြီးချုပ်နှင့် ပါမောက္ခချုပ်များ၏ ထုတ်ပြန်ထားသည့် အမိန့်ကြောင့် Quarantine (21) ရက်ကို မိမိတို့ စရိတ်ဖြစ်သာ ဝင်ရမည်ဖြစ်ပါတယ်။

** ထိုအချိန်တွင် ထိုင်းနိုင်ငံပြန် လူတစ်သိန်းခွဲကျော်နှင့် တရုတ်ပြန် လူတစ်သိန်းကလည်း တက္ကသိုလ်အသီးသီးရှိ ကျောင်းသား/သူ အဆောင်များတွင် Quarantine (21) ဝင်နေကြမှာဖြစ်ပါတယ်။

** ဆရာ/ဆရာမများသည် Quarantine (21) ရက်ကို (၇-၆-၂၀၂၀) နေ့အထိ ဝင်ပြီးသည်နှင့် တစ်ပြိုင်နက် ၂၀၂၀ မတ်လတွင် ပြုလုပ်ကျင်းပခဲ့သည့် တက္ကသိုလ်ဝင်တန်းအဖြေလွှာများကို စတင်စစ်ဆေးရမည်ဖြစ်ပါတယ်။ စာစစ်ကာလမှာ အနည်းဆုံး (၁) လခန့်ကြာမြင့်မည်ဖြစ်ပါတယ်။

Graphic Design (222) Graphic Design နှင့်ပတ်သက်ပြီး သင်တန်း (၂၂၂) ခုရှာရန်နှိပ်ပါ။

** ၎င်းကဲ့သို့ လုပ်ငန်းများလုပ်ဆောင်ပြီးစီးပါက ကျောင်းဖွင့်ဖို့ ကိစ္စရပ်များကို ပညာရေးဝန်ကြီးဌာနမှ စတင်ကြေညာချက်ထုတ်ပြန်မည်ဖြစ်ပါတယ်။

** တက္ကသိုလ်များပြန်လည်ဖွင့်မည်ဆိုပါက အဆောင်များတွင် Quarantine (21) များမရှိရန်လိုအပ်ပါတယ်။ ကျောင်းဖွင့်ပါက ၎င်းအဆောင်များကို ရောက်လာမည့်အနယ်နယ် အရပ်ရပ်မှ ကျောင်းသား/သူများသည် Quarantine (21) ဝင်ရမည်ဖြစ်ပါတယ်။ နယ်ခံကျောင်းသား/သူများမှလွဲ၍ အခြားကျောင်းသားများအားလုံး ဝင်ရမည်ဖြစ်ပါတယ်။

** အစိုးရက တရားဝင်ကြေညာထားသည့် (၁၅-၅-၂၀၂၀) နေ့အထိအခြေအနေများအားလုံး တည်ငြိမ်မှသာလျှင် ယခုကိစ္စအားလုံးကို အဆင့်ဆင့်ဆောင်ရွက်နိုင်မည်ဖြစ်ပါတယ်။အခြေနေများကြောင့် ရက်အပြောင်းအလဲများဖြစ်ပေါ်လာနိုင်ပါတယ်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဦးဆောင်သည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ မူဝါဒ လမ်းညွှန်ချက်ကို ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ချုပ်ကြီး Dr.သိန်းဝင်းမှလည်း လိုက်နာဆောင်ရွက်လျက်ရှိကြောင်း တရားဝင်ပြောကြားထားပြီးဖြစ်သည့်အတွက် မေလ (၁၅)ရက်မတိုင်မီ အစိုးရ၏ အမိန့်ညွှန်ကြားချက်တွေကို စောင့်ကြည့်သုံးသပ်ပြီး အပြင်ကောလဟလသတင်းများကို ချင့်ချိန်ပြီးယုံကြည်ကြဖို့ အသိပေးတင်ပြအပ်ပါတယ်။

Ko Ko (6.5.2020)
ဒေါက်တာထွန်းထွန်းနိုင်
ကထိက၊ ရူပဗေဒဌာန၊ လားရိုှးတက္ကသိုလ်
Credit: ရန်ကုန် TTC မူလတန်းကျောင်းသားမိဘများ ဆုံဆည်းရာ


** Zawgyi **

 ** ပညာေရးဝန္ႀကီးဌာန၏ ေနာက္ဆံုးထုတ္ျပန္ထားသည့္ အမိန္႔စာအရ တကၠသိုလ္ ဆရာ/ဆရာမမ်ားသည္ ေမလ (၁၈) ရက္ေန႔ တနလၤာေန႔တြင္ သက္ဆိုင္ရာ တကၠသိုလ္အသီးသီးသို႔ သြားေရာက္၍ Duty Report လုပ္ရမည္ျဖစ္ပါတယ္။

** ၎သို႔ လုပ္ကိုင္ၿပီးပါက ဆရာ/ဆရာမမ်ားသည္ သက္ဆိုင္ရာ ေဒသ၏ဝန္ႀကီးခ်ဳပ္ႏွင့္ ပါေမာကၡခ်ဳပ္မ်ား၏ ထုတ္ျပန္ထားသည့္ အမိန္႔ေၾကာင့္ Quarantine (21) ရက္ကို မိမိတို႔ စရိတ္ျဖစ္သာ ဝင္ရမည္ျဖစ္ပါတယ္။

** ထိုအခ်ိန္တြင္ ထိုင္းႏိုင္ငံျပန္ လူတစ္သိန္းခြဲေက်ာ္ႏွင့္ တ႐ုတ္ျပန္ လူတစ္သိန္းကလည္း တကၠသိုလ္အသီးသီးရွိ ေက်ာင္းသား/သူ အေဆာင္မ်ားတြင္ Quarantine (21) ဝင္ေနၾကမွာျဖစ္ပါတယ္။

** ဆရာ/ဆရာမမ်ားသည္ Quarantine (21) ရက္ကို (၇-၆-၂၀၂၀) ေန႔အထိ ဝင္ၿပီးသည္ႏွင့္ တစ္ၿပိဳင္နက္ ၂၀၂၀ မတ္လတြင္ ျပဳလုပ္က်င္းပခဲ့သည့္ တကၠသိုလ္ဝင္တန္းအေျဖလႊာမ်ားကို စတင္စစ္ေဆးရမည္ျဖစ္ပါတယ္။ စာစစ္ကာလမွာ အနည္းဆံုး (၁) လခန္႔ၾကာျမင့္မည္ျဖစ္ပါတယ္။

Graphic Design (222) Graphic Design ႏွင့္ပတ္သက္ျပီး သင္တန္း (၂၂၂) ခုရွာရန္ႏွိပ္ပါ။

** ၎ကဲ့သို႔ လုပ္ငန္းမ်ားလုပ္ေဆာင္ၿပီးစီးပါက ေက်ာင္းဖြင့္ဖို႔ ကိစၥရပ္မ်ားကို ပညာေရးဝန္ႀကီးဌာနမွ စတင္ေၾကညာခ်က္ထုတ္ျပန္မည္ျဖစ္ပါတယ္။

** တကၠသိုလ္မ်ားျပန္လည္ဖြင့္မည္ဆိုပါက အေဆာင္မ်ားတြင္ Quarantine (21) မ်ားမရွိရန္လိုအပ္ပါတယ္။ ေက်ာင္းဖြင့္ပါက ၎အေဆာင္မ်ားကို ေရာက္လာမည့္အနယ္နယ္ အရပ္ရပ္မွ ေက်ာင္းသား/သူမ်ားသည္ Quarantine (21) ဝင္ရမည္ျဖစ္ပါတယ္။ နယ္ခံေက်ာင္းသား/သူမ်ားမွလြဲ၍ အျခားေက်ာင္းသားမ်ားအားလံုး ဝင္ရမည္ျဖစ္ပါတယ္။

** အစိုးရက တရားဝင္ေၾကညာထားသည့္ (၁၅-၅-၂၀၂၀) ေန႔အထိအေျခအေနမ်ားအားလံုး တည္ၿငိမ္မွသာလွ်င္ ယခုကိစၥအားလံုးကို အဆင့္ဆင့္ေဆာင္ရြက္ႏိုင္မည္ျဖစ္ပါတယ္။အေျခေနမ်ားေၾကာင့္ ရက္အေျပာင္းအလဲမ်ားျဖစ္ေပၚလာႏိုင္ပါတယ္။

ႏိုင္ငံေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ဦးေဆာင္သည့္ COVID-19 ေရာဂါ ကာကြယ္ ထိန္းခ်ဳပ္ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ၏ မူဝါဒ လမ္းၫႊန္ခ်က္ကို ပညာေရးဝန္ႀကီးဌာန အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ခ်ဳပ္ႀကီး Dr.သိန္းဝင္းမွလည္း လိုက္နာေဆာင္ရြက္လ်က္႐ွိေၾကာင္း တရားဝင္ေျပာၾကားထားၿပီးျဖစ္သည့္အတြက္ ေမလ (၁၅)ရက္မတိုင္မီ အစိုးရ၏ အမိန္႔ၫႊန္ၾကားခ်က္ေတြကို ေစာင့္ၾကည့္သံုးသပ္ၿပီး အျပင္ေကာလဟလသတင္းမ်ားကို ခ်င့္ခ်ိန္ၿပီးယံုၾကည္ၾကဖို႔ အသိေပးတင္ျပအပ္ပါတယ္။

Ko Ko (6.5.2020)
ေဒါက္တာထြန္းထြန္းႏိုင္
ကထိက၊ ႐ူပေဗဒဌာန၊ လား႐ိုွးတကၠသိုလ္
Credit: ရန္ကုန္ TTC မူလတန္းေက်ာင္းသားမိဘမ်ား ဆံုဆည္းရာ


 

News Tips News Tips Latest Post Read 45638 times