Sales Hotline : 09448001653       Download App



စေတနာ့ဝန်ထမ်းဆရာဝန်များကို သင်တန်းပို့ချလျက်ရှိ

** Unicode **

Fever Clinic ဖျားနာလူနာကုသဆေးခန်းများဖွင့်လှစ်ရန် ဆန္ဒရှိသည့် စေတနာ့ဝန်ထမ်းဆရာဝန်များကို သင်တန်းပို့ချလျက်ရှိပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် Fever Clinic ဖျားနာလူနာကုသဆေးခန်းများကို စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ဆေးခန်းဖွင့်လှစ်ရန် ဆန္ဒရှိသည့် စေတနာ့ဝန်ထမ်းဆရာဝန်များကို Guide Line ချကာ သင်တန်းပို့ချလျက်ရှိကြောင်းသိရပါတယ်။

COVID-19 ရောဂါသံသယလူနာ ဟုတ်/မဟုတ်စစ်ဆေးပေးမည့် Fever Clinic ဆေးခန်းများကို စေတနာ့ဝန်ထမ်းဆရာဝန်များ သက်ဆိုင်ရာမြို့နယ်အလိုက် ဖွင့်လှစ်ခဲ့သော်လည်း ဆရာဝန်များ၏ ကျန်းမာရေးစောင့်ရှောက်မှုအာမခံချက်အတွက် အန္တရယ်မရှိစေရန် ရပ်နားခဲ့ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Guide Line များဖြင့် ပြန်လည်ဖွင့်လှစ်နိုင်ရေးသင်တန်းပေးနေခြင်းဖြစ်ပါတယ်။

Driving (69) ကားမောင်း သင်တန်းများနှင့်ပတ်သက်ပြီး သင်တန်း (၆၉) ခု ရှာရန်နှိပ်ပါ။ 

ဆေးရုံသို့ ရောက်ရှိသောလူနာများကို သံသယလူနာ၊ ရိုးရိုးလူနာ ခွဲခြားမသိသေး၍ PPE ဝတ်စုံများ မဝတ်ပဲ စမ်းသပ်မိတာမျိုးရှိပါတယ်။ Fever Clinic များဖွင့်လိုသည့် ဆရာဝန်များကို ဆေးခန်းဘယ်လိုပြင်ဆင်သင့်သလဲ၊ လူနာကို စနစ်တကျ ဘယ်လိုစစ်ဆေးမလဲ စသည်များကို သင်တန်းပို့ချပေးနေသည်ဟု အင်းစိန်ပြည်သူ့ဆေးရုံကြီးမှ ပြောကြားချက်အရသိရပါတယ်။

၎င်း Fever Clinic ဆေးခန်းများသို့ သွားရောက်ပြသမည့် ပြည်သူများအနေဖြင့်လည်း အခကြေးငွေပေးရန်မလိုပဲ ဆေးကုသမှုခံယူနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

Credit: မြဝတီ

** Zawgyi **

Fever Clinic ဖ်ားနာလူနာကုသေဆးခန္းမ်ားဖြင့္လွစ္ရန္ ဆႏၵရွိသည့္ ေစတနာ့ဝန္ထမ္းဆရာဝန္မ်ားကို သင္တန္းပို႔ခ်လ်က္ရွိပါတယ္။

ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႔နယ္မ်ားတြင္ Fever Clinic ဖ်ားနာလူနာကုသေဆးခန္းမ်ားကို စနစ္တက်ဖြင့္လွစ္ႏိုင္ေရးအတြက္ ေဆးခန္းဖြင့္လွစ္ရန္ ဆႏၵရွိသည့္ ေစတနာ့ဝန္ထမ္းဆရာဝန္မ်ားကို Guide Line ခ်ကာ သင္တန္းပို႔ခ်လ်က္ရွိေၾကာင္းသိရပါတယ္။

COVID-19 ေရာဂါသံသယလူနာ ဟုတ္/မဟုတ္စစ္ေဆးေပးမည့္ Fever Clinic ေဆးခန္းမ်ားကို ေစတနာ့ဝန္ထမ္းဆရာဝန္မ်ား သက္ဆိုင္ရာၿမိဳ႕နယ္အလိုက္ ဖြင့္လွစ္ခဲ့ေသာ္လည္း ဆရာဝန္မ်ား၏ က်န္းမာေရးေစာင့္ေရွာက္မႈအာမခံခ်က္အတြက္ အႏၱရယ္မရွိေစရန္ ရပ္နားခဲ့ၿပီး က်န္းမာေရးႏွင့္အားကစားဝန္ႀကီးဌာန၏ Guide Line မ်ားျဖင့္ ျပန္လည္ဖြင့္လွစ္ႏိုင္ေရးသင္တန္းေပးေနျခင္းျဖစ္ပါတယ္။

Driving (69) ကားေမာင္း သင္တန္းမ်ားႏွင့္ပတ္သက္ျပီး သင္တန္း (၆၉) ခု ရွာရန္ႏွိပ္ပါ။ 

ေဆးရံုသို႔ ေရာက္ရွိေသာလူနာမ်ားကို သံသယလူနာ၊ ရိုးရိုးလူနာ ခြဲျခားမသိေသး၍ PPE ဝတ္စံုမ်ား မဝတ္ပဲ စမ္းသပ္မိတာမ်ိဳးရွိပါတယ္။ Fever Clinic မ်ားဖြင့္လိုသည့္ ဆရာဝန္မ်ားကို ေဆးခန္းဘယ္လို္ျပင္ဆင္သင့္သလဲ၊ လူနာကို စနစ္တက် ဘယ္လိုစစ္ေဆးမလဲ စသည္မ်ားကို သင္တန္းပို႔ခ်ေပးေနသည္ဟု အင္းစိန္ျပည္သူ႔ေဆးရံုႀကီးမွ ေျပာၾကားခ်က္အရသိရပါတယ္။

၄င္း Fever Clinic ေဆးခန္းမ်ားသို႔ သြားေရာက္ျပသမည့္ ျပည္သူမ်ားအေနျဖင့္လည္း အခေၾကးေငြေပးရန္မလိုပဲ ေဆးကုသမႈခံယူႏိုင္မည္ျဖစ္ေၾကာင္း သိရပါတယ္။

Credit: ျမဝတီ
 

News Tips Latest Post Read 800 times