အခမဲ့ တက်ရောက်နိုင်တဲ့ အသက်မွေးဝမ်းကြောင်း သင်တန်း (၂) မျိုး

 

Dual Tech Vocational Institute မှ ဦးစီးပြီး အသက်မွေးဝမ်းကြောင်းဆိုင်ရာ အခမဲ့သင်တန်း (၂) မျိုးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ (၃၀) ရက်နေ့မှစပြီး (၃) လကြာ ဖွင့်လှစ်သင်ကြားပေးသွားမှာဖြစ်ပါတယ်။ 

 

အခမဲ့ ဖွင့်လှစ်ပေးမယ့် သင်တန်း (၂) မျိုးကတော့ -

  • Electric Arc Welding (ခေတ်မီဂဟေဆက် နည်းပညာသင်တန်း)
  • Air-con Installation & Repairing (လေအေးပေးစက်ပြုပြင်တပ်ဆင်ခြင်းသင်တန်း) တို့ဖြစ်ပါတယ်။

 

သင်တန်းကို စိတ်ဝင်စားရင် အမျိုးသားတွေသာမက အမျိုးသမီးတွေပါ အခုရက်မှ စပြီး လျှောက်ထားနိုင်ပါတယ်။ နယ်မှ လျှောက်ချင်သူတွေအတွက်လည်း အွန်လိုင်းမှတဆင့် လျှောက်ထားနိုင်ပြီး အဆောင်စီစဉ်ပေးပါတယ်။ 

 

သင်တန်းအချိန်ဇယား

လျှောက်လွှာပိတ်မည့်ရက် - ၂၀.၁၂.၂၀၂၄

သင်တန်းစတင်မည့်ရက် - ၃၀.၁၂.၂၀၂၄

သင်တန်းကာလ -  ၃လ (၃၆၀ နာရီ)

သင်တန်းပြီးဆုံးမည့်ရက် - ၂၁.၃.၂၀၂၅

သင်တန်းရက် - တနင်္လာမှ သောကြာ

သင်တန်းအချိန် - မနက် ၈ နာရီခွဲမှ ညနေ ၃ နာရီခွဲ 

 

စာတွေ့ ၂၀% ၊ လက်တွေ့ ၈၀% နဲ့ လုပ်ငန်းခွင်ဝင်နိုင်တဲ့အထိ လေ့ကျင့်သင်ကြားပေးမယ့် သင်တန်းမျိုးဖြစ်တဲ့အတွက် ခေတ်မီဂဟေဆက် နည်းပညာရှင်/ အဲကွန်းပြုပြင်တပ်ဆင်သူ တစ်ဦးတွင် ရှိသင့်ရှိထိုက်တဲ့ ကျွမ်းကျင်မှုတွေကို ရရှိနိုင်မှာပါ။ 

 

သင်တန်းအတွက် လိုအပ်တဲ့ သင်ထောက်ကူပစ္စည်း၊ ယူနီဖောင်း၊ စာရွက်စာတမ်းတို့အပြင် သင်တန်းကြေးကိုပါ သင်တန်းကျောင်းဘက်ကပဲ အပြည့်အ၀ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။ 

 

သင်တန်းကို အောင်အောင်မြင်မြင် တက်ရောက်ပြီးဆုံးသွားရင်လည်း သင်တန်းပြီးမြောက်ကြောင်း အသိအမှတ်ပြု လက်မှတ် ပေးအပ်မှာဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းအတွက် ကုမ္ပဏီတွေနဲ့ ချိတ်ဆက်ကူညီပေးမယ်လို့ သိရပါတယ်။ 

 

သင်တန်းကာလ (၃) လ ပြီးဆုံးအောင် တက်ရောက်နိုင်မယ့်သူတွေနဲ့ သင်တန်းပြီးဆုံးရင် သင်ပေးထားတဲ့ ပညာရပ်နဲ့ လုပ်ငန်းခွင်ဝင်မယ့်သူတွေကို အထူးဦးစားပေး ရွေးချယ်သွားမှာဖြစ်ပါတယ်။ 

 

လျှောက်လွှာတွေကို Dual Tech (ရန်ကင်း) သင်တန်းကျောင်း၊ အမှတ် (၂၀၆/၂)၊ ရန်ကင်းလမ်းကြီး၊ ၁၂ လုံးတန်းမှတ်တိုင်(မီးပွိုင့်ထောင့်)၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မှာ မနက် ၉ နာရီမှ ညနေ ၅ နာရီအတွင်း လူကိုယ်တိုင်သွားရောက်လျှောက်ထားရပါမယ်။ နယ်မှ ကျောင်းသားတွေကတော့ အောက်ကလင့်ခ်မှတဆင့် ၀င်ရောက် လျှောက်ထားနိုင်ပါတယ်။

> https://forms.gle/TEsHY8B67WCPoY6N8

 

ပထမအဆင့် ရွေးချယ်ခံရသူတွေကိုသာ ဖုန်းဆက် အကြောင်းကြားပေးမှာဖြစ်ပြီး သတ်မှတ်ရက်အတွင်း အင်တာဗျူးသွားရောက်ဖြေဆိုရပါမယ်။ သင်တန်းကို ၁၀၀% အခမဲ့ တက်ရောက်နိုင်မယ့်အပြင် အလုပ်အကိုင် ရဖို့အထိပါ ကူညီဆောင်ရွက်ပေးမှာဖြစ်တဲ့အတွက် လက်လွှတ်မခံသင့်တဲ့ အခွင့်အရေးပါ။ 


သင်တန်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုတယ်ဆိုရင် အောက်ဖော်ပြပါ Dual Tech Vocational Institute ကျောင်းလိပ်စာနဲ့ ဖုန်းနံပါတ်တို့ကို တိုက်ရိုက် ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါတယ်။


Dual Tech (ရန်ကင်း) - အမှတ် (၂၀၆/၂)၊ ရန်ကင်းလမ်းကြီး၊ ၁၂လုံးတန်းမှတ်တိုင်(မီးပွိုင့်ထောင့်) ၊ရန်ကင်းမြို့နယ်၊ ရန်ကုန်။ 

Dual Tech (မြောက်ဒဂုံ) - အမှတ် ၂၄၊ ငါးမန်အောင်ဘုရားလမ်း၊ သင်းဝင်မှတ်တိုင်၊ (၃၃)ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်။

ဖုန်းနံပါတ် - 09 42031 3719

Facebook - https://www.facebook.com

==============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News Vocational Read 1070 times