ရန်ကုန်အပါအဝင် မြို့ကြီး (၁၀) မြို့တွင် ဖွင့်လှစ်မည့် အိမ်တွင်းမှုသက်မွေးသင်တန်းများ

 

အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အတန်းပညာပြီးဆုံးအောင် မတက်ရောက်နိုင်ခဲ့သော်လည်း ဝင်ငွေအခွင့်အလမ်းတွေ၊ အလုပ်အကိုင်အခွင့်အလမ်းတွေ ရရှိရန် လူမှုဝန်ထမ်းဦးစီးဌာနမှ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ကြီး (၁၀) မြို့မှာ အိမ်တွင်းမှုသက်မွေးပညာများ သင်ကြားလျက်ရှိပါသည်။

 

လူမှုဝန်ထမ်းဦးစီးဌာနမှ ရန်ကုန်၊ မန္တလေး၊ မော်လမြိုင်၊ ပုသိမ်၊ တောင်ငူ၊ မြစ်ကြီးနား၊ ဖျာပုံ၊ စစ်တွေ၊ ရွာငံနှင့် ထားဝယ်မြို့တို့တွင် အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းများအား ဖွင့်လှစ်ထားပါသည်။

 

အဆိုပါ အိမ်တွင်းမှုသက်မွေးပညာသင်ကျောင်းများ၌ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၆) ရက်နေ့မှ ဖေဖော်ဝါရီလ (၁၄) ရက်နေ့အထိ အောက်ပါ သက်မွေးသင်တန်းများ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်သည်။

  • စက်ချုပ်သင်တန်း (မိန်းမဝတ်၊ ကလေးဝတ်၊ ကျားရှပ်၊ တိုက်ပုံ၊ ကုတ်အင်္ကျီ)၊
  • လက်မှုသင်တန်း (ဇာထိုး/ ပန်းထိုး/ စီးကွင့်)     
  • မုန့်မျိုးစုံပြုလုပ်နည်းသင်တန်း
  • အစားအစာချက်ပြုတ်နည်းသင်တန်းနှင့်
  • ပန်းအလှပြင်သင်တန်း

 

သင်ကြားရမည့်ပုံစံ

သက်ဆိုင်ရာ ပညာရပ်အလိုက် ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်ဆရာ/ဆရာမများက စာတွေ့လက်တွေ့ သင်ကြားပို့ချမည်ဖြစ်သည်။

 

သင်တန်းကာလ

အပတ်စဉ် တနင်္လာမှ သောကြာနေ့အထိ (၆) ပတ်တာ ကြာမြင့်ပါမည်။

 

သင်တန်းအချိန်

(၉) နာရီခွဲမှ (၁၂) နာရီခွဲအထိ

 

သင်တန်းဖွင့်လှစ်မည့်နေရာ

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရန်ကုန်)
အမှတ်-၁၃၅၊ ဓမ္မစေတီလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့
၀၉-၄၂၇၉၀ဝ၀၄၆

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မန္တလေး)
အမှတ်-၁၆၉၊ ၈၃ လမ်း၊ ၂၅ x ၂၆ လမ်းကြား၊ အောင်မြေသာစံမြို့နယ်၊ စစ်ကိုင်းတန်းရပ်၊ မန္တလေးမြို့
၀၂-၄၀၃၆၇၉၈

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မော်လမြိုင်)
ရွှေတောင်ရပ်၊ အထက်လမ်းမကြီးဘေး၊ မော်လမြိုင်မြို့၊
၀၅၇-၂၀၂၇၁၆၆

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း(တောင်ငူ)
အမှတ်(၁၈)ရပ်ကွက်၊ စည်သူလမ်း၊ ဘူတာအနီး၊ တောင်ငူမြို့၊
၀၅၄-၂၈၂၃၅၇၁

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (မြစ်ကြီးနား)
အမှတ်(၉၂)၊ ရှမ်းစုမြောက်ရပ်ကွက်၊ မြစ်ကြီးနားမြို့၊
၀၇၄-၂၅၂၂၅၅၈

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ဖျာပုံ)
ကျုံကူကျေးရွာ၊ ဖျာပုံ-ဘိုကလေး ကားလမ်းဘေး၊ ဖျာပုံမြို့၊
၀၉-၂၆၂၇၅၇၈၉၉

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ပုသိမ်)
အမှတ်-၂ ရပ်ကွက်၊ မင်းကြီးလမ်း၊ ပုသိမ်မြို့၊
ဝ၄၂- ၂၅၃၇၃၊ ၀၄၂-၂၁၀၃၇

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (စစ်တွေ)
မေယုလမ်း၊ လေယာဉ်ကွင်းအနီး၊ မန်ကျည်းမြိုင်ရပ်ကွက်၊ စစ်တွေမြို့၊
၀၄၃-၂၂၀၆၇

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ရွာငံ)
အမှတ်-၈၂ ၊ အင်းကုန်းငါးဆူကျေးရွာအုပ်စု၊ အင်းကုန်းကျေးရွာ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရွာငံမြို့၊
၀၈၁-၄၇၆၈၀၁၅

 

အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်း (ထားဝယ်)
အကွက်အမှတ်(၂၄)၊ ဆန်ချီတိုးချဲ့ အနောက်ကွင်း၊ ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊
၀၅၉-၂၀၂၄၀၀၉

 

လျှောက်ထားရမည့်ပုံစံ

တက်ရောက်လိုသော သင်တန်းသား (အမျိုးသား/အမျိုးသမီး) များအနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ်များရှိ အထက်ဖော်ပြပါ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းများသို့ ဓာတ်ပုံ (၃) ပုံ ယူဆောင်သွား၍ လျှောက်ထားနိုင်သည်။

=============================

ပညာရေးဆိုင်ရာ သတင်းအချက်အလက် အစုံအလင်ကို
Telegram နှင့် Viber မှာလည်း အလွယ်တကူ ဖတ်ရှုနိုင်ပါတယ်။

https://t.me/eudcationguide (Telegram)

https://invite.viber.com/? (Viber)

နှစ်ပတ်တစ်ကြိမ် ပေးပို့နေတဲ့ Education Bulletin ကို
ရယူဖို့လည်း Subscribe လုပ်ထားနိုင်ပါတယ်။

https://shorturl.at/ktCaP

 

Latest Post Local News Vocational Read 172 times