USAID မှ စီစဉ်သည့် Lincoln ပညာတော်သင်ဆု အစီအစဉ်

 **Unicode**

 

U.S. Agency for International Development (USAID) မှ စီစဉ်သော Lincoln ပညာတော်သင်ဆု အစီအစဉ်သည် မြန်မာနိုင်ငံ၏  စုံလင်ခြားနားသော နောက်ခံပတ်ဝန်းကျင် အမျိုးမျိုးမှ ငယ်ရွယ်သော မြန်မာ့ခေါင်းဆောင် (၁၀၀) ခန့်၏ ပညာရေးတွင် ရင်းနှီးမြုပ်နှံမည် ဖြစ်ပါသည်။

ရွေးချယ်ခံရသော ပညာ‌တော်သင်များသည်  Lincoln ပညာသင်ဆု အစီအစဉ်ဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော နယ်ပယ် များဖြစ်သည့် စီးပွားရေး၊ စိုက်ပျိုးမွေးမြူရေး၊ နိုင်ငံတကာ ဆက်ဆံရေး၊  ပြည်သူ့ကျန်းမာရေး နှင့် ပြည်သူ့ရေးရာ မူဝါဒ ရေးဆွဲရေး ဆိုင်ရာ နှင့် အခြားဆက်စပ်လျှက်ရှိသော နယ်ပယ်များကို လေ့လာရန်အတွက် အမေရိကန်နိုင်ငံရှိ တက္ကသိုလ်များတွင် တတ်ရောက်ခွင့်ရမည်ဖြစ်ပြီး မဟာဘွဲ့ ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။ 

ထို့အပြင့် ပညာသင်ဆုရရှိပြီးသူများသည် မြန်မာနိုင်ငံသို့ ပြန်လာချိန်တွင် မိမိတို့သင်ယူတတ်မြောက်ခဲ့သော သက်ဆိုင်ရာနယ်ပယ်များ၏ ကျွမ်းကျင်မှုများနှင့် အတူ ခေါင်းဆောင်မှုဆိုင်ရာ အရည်အချင်းများကိုပါ ပြန်လည်အသုံးချနိုင်ရန် အတွက်လည်း Lincoln ပညာသင်ဆု အစီအစဉ်မှ ပြင်ဆင်ပေးမည်ဖြစ်ပါသည်။ အဆိုပါ လူငယ်များသည် မြန်မာနိုင်ငံ၏ တိုးတက်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့် တည်ငြိမ်တိုးတက်ပြီး မူမတူယှဉ်တွဲမှုကို လက်ခံသည့် လူမှု အဖွဲ့အစည်း ဖြစ်လာစေရန် ကြိုးပမ်းသည့် ရှေ့ဆောင် နိုင်ငံသားများ ဖြစ်လာမည်ဖြစ်ပါသည်။

Lincoln ပညာသင်ဆု ဒုတိယအကြိမ် ခေါ် ယူမူအတွက် လျှောက်လွှာများကို April 20, 2002 မှ June 7, 2020 အတွင်း လက်ခံနေပြီ ဖြစ်ပါသည်။ လျှောက်လွှာလျှောက်ထားနိုင်တဲ့ link ကတော့ https://myapp.iie.org/lincolnscholarship မှာဝင်ရောက်လျှောက်ထားနိုင်ပါတယ်။

Lincoln ပညာသင်ဆုအစီအစဉ် နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://www.thabyay.org/scholarship.html  တွင်ဝင်ရောက်လေ့လာနိုင်ပါသည်။ ‌နောက်ဆုံးရသတင်းအချက်အလက်များသိရှိလိုပါက Thabyay Education Foundation Facebook  စာမျက်နှာ https://www.facebook.com/thabyay တွင် ဝင်ရောက် ကြည့်ရှူ့နိုင်ပါသည်။

ဆက်သွယ်ရမယ့် ဖုန်းနံပါတ်က တော့ 09-254 801 195 ကို စုံစမ်းမေးမြန်းနိုင်ပါတယ်။

Source: Thabyay Education Foundation

 

**Zawgyi**








International Latest Post News Read 1513 times