Sales Hotline : 09448001653       Download App



USA နိုင်ငံသို့ Fully Funded ဖြင့် ပညာတော်သင်သွားရောက်နိုင်မယ့် အခွင့်အရေး

 

 

Knight-Hennessy လို့ခေါ်တဲ့ အဖွဲ့အစည်းက ပေးအပ်တဲ့ USA နိုင်ငံ Stanford University မှာ တက်ရောက်ရမယ့် ပညာတော်သင်ဆု အစီအစဥ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ Knight-Hennessy ဆိုတာကတော့ Stanford University အတွက်  နိုင်ငံအရပ်ရပ်က အရည်အချင်းပြည့်ဝတဲ့ ပညာတော်သင်ကျောင်းသားများကို နှစ်စဥ်မြေတောင်မြှောက် မွေးထုတ်ပေးနေတဲ့ အဖွဲ့အစည်း တစ်ခုပဲဖြစ်ပါတယ်။

 

ဒါဆို Scholarship အကြောင်းလေးကြည့်လိုက်ကြရအောင်။ Deadline ကတော့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့ US စံတော်ချိန် နေ့လည် ၁ နာရီပါ။ ဒီကြားထဲ စိတ်ပါဝင်စားတဲ့သူတွေ လျှောက်ဖို့ အချိန် တစ်လနီးပါးရပါသေးတယ်။

 

သွားရောက်ရမယ့် နိုင်ငံက USA ဖြစ်ပြီး တက်ရောက်ရမယ့် တက္ကသိုလ်က Stanford University မှာပါ။လျှောက်ထားနိုင်တဲ့ နိုင်ငံတွေကတော့ ဘယ်နိုင်ငံကဖြစ်ဖြစ် လျှောက်ထားလို့ရပါတယ်။ ဘယ်လိုလူတွေလျှောက်ထားနိုင်လဲဆိုတော့ တက္ကသိုလ်တစ်ခုခုမှ ၂၀၁၆ ခုနှစ်ထက် မစောပဲ ဘွဲ့ရရှိထားသူတွေအနေနဲ့ Master ,PhD, MS, MFA, MBA, MD, DMA, JD စတဲ့ ဘွဲ့များ လျှောက်ထားနိုင်ပါတယ်။

 

လျှောက်ထားနိုင်တဲ့ Study Field တွေကတော့

 

  • Graduate School of Education

  • School of Engineering

  • School of Humanities and Sciences

  • School of Medicine

  • School of Sustainability တို့ပဲဖြစ်ကြပါတယ်။

 

ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေ အနေနဲ့ကတော့ 

 

  • 100% Fully Funded Scholarship

  • Tuition Fee

  • Living Stipend (room and board, books, academic supplies, instructional material, local transport costs, and reasonable personal expenses)

  • Economy class return tickets to and from Stanford 

  • A supplementary grant to enrich educational insight through conferences and travel တို့ပဲဖြစ်ကြပါတယ်။


 

Knight-Hennessy Scholarship မှ တင်သွင်းလာတဲ့ လျှောက်လွှာများကို ရွေးချယ်ရာတွင် လွတ်လပ်သောစဥ်းစားတွေးခေါ်မှု၊ ရည်ရွယ်ချက်ရှိရှိ ခေါင်းဆောင်နိင်မှု၊ နိုင်ငံကြီးသားပီသမှု စတဲ့ စံသတ်မှတ်ချက် (၃) ခုပေါ်မူထားပြီး ရွေးချယ်ပါတယ်။

 

အရည်အချင်းပြည့်မီမှု သတ်မှတ်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

 

  • တက္ကသိုလ်တစ်ခုခုမှ ၂၀၁၆ ခုနှစ်ထက် မစောပဲ ဘွဲ့ရရှိထားသူ

  • Stanford University ရဲ့ Graduate Program တစ်ခုခုမှာ Offer ရရှိထားသူ

  • လက်ရှိ Knight Hennessy Scholarship နဲ့ Graduate Program တစ်ခုခုကို တစ်နှစ်ထဲမှာပဲ ခွဲလျှောက်ထားသူ

  • Program အားလုံးလျှောက်ရန် TOEFL 100 iBT အနဲဆုံးရထားသူ

  • MBA Program အတွက် IELTS Band Score 7 နဲ့ PTE 68 ရရှိထားသူ တို့ပဲဖြစ်ကြပါတယ်။


 

ဒါဆို လျှောက်ထားရန်အတွက် လိုအပ်တဲ့ စာရွက်စာတမ်း အထောက်အထားတွေကရော ဆက်ကြည့်လိုက်ကြရအောင်….

 

  • Online Application Form (သတ်မှတ်ထားတဲ့ Link မှ အွန်လိုင်းလျှောက်လွှာပုံစံ)

  • Transcript (နိုတြီပြန်ထားသော ဘွဲ့လက်မှတ်၊ ပညာအရည်အချင်း အထောက်အထားအပြည့်အစုံ)

  • Standardized Test Score (စာမေးပွဲရမှတ်အထောက်အထားများ)

  • One Page Resume (တစ်မျက်နှာစာကိုယ်ရေးရာဇဝင်အကျဥ်း)

  • Two Recommendation Letters (ထောက်ခံသူ ၂ ဦး)

  • Essays(သင်ကဘယ်သူလဲ၊ဘာတွေလုပ်ခဲ့လဲ၊အနာဂတ်မှာဘာတွေလုပ်သွားမလဲဆိုတဲ့အကြောင်းအရာ)

  • Short Answer to 3 Questions (မေးခွန်း ၃ ခုအတွက် လိုရင်းတိုရှင်းအဖြေ)

  • ပထမအဆင့်ရွေးချယ်ခံရတဲ့သူတွေအတွက် Video Statement 

  • In-Person Assessment  (Video Statement အဆင့်ကျော်ဖြတ်အောင်မြင်သူများအတွက် လူတွေ့စစ်ဆေးမှု)

 

Application Process ကတော့ လျှောက်ထားသူများ အနေနဲ့ Scholarship နဲ့ Graduate Program ကို သပ်သပ်စီ ခွဲလျှောက်ပေးရပါမယ်။ လျှောက်ထားသူ တစ်ဦးမှာ လျှောက်လွှာ ၂ ခု လျှောက်ရမယ့် သဘောပါ။ Scholar အတွက်တစ်ခု ၊ Stanford University မှာ တက်ရောက်မယ့် Graduate Program အတွက်တစ်ခုပါ။ ထိုနည်းတူ Scholarship Form ထဲမှာလည်း ကိုယ် ဘယ် Program ကို ရွေးချယ်ထားကြောင်း ထည့်သွင်းဖော်ပြပေးရပါမယ်။ 

 

သင်က Knight-Hennessy Scholar နဲ့ Stanford University မှာ ပထမဦးဆုံး လျှောက်ဖူးတာ ဆိုရင်တော့New User အနေနဲ့ Account Create အရင်လုပ်ပြီး လျှောက်ထားရပါမယ်။ 

 

Scholarship နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်များကို Knight-Hennessy Scholarship Stanford University ရဲ့ Official Website မှာသွားရောက်လေ့လာဖတ်ရှုနိုင်ပါတယ်

 

Official Website Link  >>>  https://stanford.io/3eL37Mo  

 

လျှောက်ထားရမယ့် လျှောက်လွှာလင့်ခ်ကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်။

 

Apply Here >>> https://stanford.io/3S06Xja

 

International Read 977 times