University of Queensland ရဲ့ IELTS Free Course

 

IELTS ကို အခုမှ စတင်လေ့လာမယ့် Beginner တွေ၊ IELTS ကို Self-Study လုပ်နေသူတွေ၊ IELTS မှာ အမှတ်ကောင်းကောင်းရချင်သူတွေ၊ IELTS ဖြေဖို့ ပြင်ဆင်နေသူဆိုရင် တက်ရောက်သင့်တဲ့ Free Course တစ်ခုပါ။

 

University of Queensland ရဲ့ ပါမောက္ခတွေကိုယ်တိုင် သင်ကြားပေးမယ့် အွန်လိုင်းသင်ခန်းစာတွေကို လေ့လာရမှာပါ။  အချိန်ကန့်သတ်ချက် မရှိတဲ့အတွက် အားလပ်ချိန်လေးမှာ မိမိစိတ်ကြိုက်လေ့လာလို့ရသလို ငွေကုန်ကြေးကျလည်း ခံစရာမလိုပါဘူး။ 

 

Related Article : Education Test Service (ETS) ရဲ့ TOEFL Free Course

>> ets-toefl-free-course.html

 

ဒီသင်တန်းတက်ပြီးရင် ဘာတွေရမှာလဲ?

IELTS စာမေးပွဲနဲ့ မေးခွန်းပုံစံတွေ၊ အမှတ်ပေးစနစ်တွေအကြောင်း နားလည်သွားမယ်။

IELTS Academic စာမေးပွဲအတွက် လိုအပ်တဲ့ နည်းဗျူဟာတွေကို သိသွားမယ်။

IELTS ရဲ့ ပင်မအစိတ်အပိုင်းကြီးလေးခုဖြစ်တဲ့ အရေး၊ အဖတ်၊ အပြော၊ အကြားစွမ်းရည်တွေ တိုးတက်လာမယ်။ 

 

ဘာတွေသင်ရမှာလဲ?

MODULE 1: LISTENING

MODULE 2: SPEAKING

MODULE 3: READING

MODULE 4: WRITING တို့ကို သင်ရမှာဖြစ်ပါတယ်။ 

 

ဘယ်လိုလူတွေ တက်ရောက်နိုင်မလဲ?

အသက်အရွယ်မရွေး တက်ရောက်နိုင်ပါတယ်။

- ပညာအရည်အချင်း သတ်မှတ်ချက်မရှိပါဘူး။

- Self-paced Learning ဖြစ်လို့ အလုပ်တစ်ဖက်နဲ့ မအားတဲ့လူတွေလည်း တက်ရောက်နိုင်ပါတယ်။  

- အင်တာနက်ကို ကောင်းစွာ အသုံးပြုနိုင်သူ ဖြစ်ရပါမယ်။ 


ကြာချိန်

တစ်ပတ်ကို (၅) နာရီကနေ (၁၀) နာရီအထိ အချိန်ပေးနိုင်မယ်ဆိုရင် Course ပြီးဖို့ (၈) ပတ်လောက်ပဲ ကြာနိုင်ပါတယ်။

 

လျှောက်ထားပုံ 

edX Learning Platform က Host လုပ်ပေးထားတာဖြစ်တဲ့အတွက် edX Account ဖွင့်ဖို့တော့ လိုပါမယ်။ ပြီးရင် အောက်ကလင့်ခ်ကနေတဆင့် သင်တန်းကို Enroll လုပ်ပြီး စတက်နိုင်ပါပြီ။ 

>> https://www.edx.org/learn/

===========================

Vpn မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို Join ထားလိုက်ပါ။

https://t.me/eudcationguide

 

Latest Post University / College Read 8428 times