ရခိုင်ပြည်နယ်အတွင်းမှ ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများကို ရွှေကရုဏာ ဖောင်ဒေးရှင်းမှ ပညာသင်ဆုပေးအပ်မည်

ရခိုင်ပြည်နယ်အတွင်းမှ ဆေးတက္ကသိုလ်နှင့် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်များသို့ တက်ရောက်ခွင့်ရရှိသူများကို ရွှေကရုဏာ ဖောင်ဒေးရှင်းမှ ပညာသင်ဆုပေးအပ်မည်

ထိုကဲ့သို့ ပညာသင်ဆုထောက်ပံ့ပေးမည့်အခါတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ် ၁၇ မြို့နယ်မှ လူမျိုးဘာသာ မရွေး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၁၀ ဦးကို ပံ့ပိုးပေးမည်ဖြစ်သည်။

READ - နည်းပညာတက္ကသိုလ်ကျောင်းများမှ ၀င်ခွင့် လက်ခံသည့်ဦးရေ

ပညာသင်ဆုပေးအပ်မည့်အခါ ရွှေကရုဏာ ဖောင်ဒေးရှင်းမှ ပေးအပ်သော ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်ပညာရေး ပြီးဆုံးအချိန်အထိ လစဉ် ထောက်ပံ့ပေးမည်ဖြစ်ရာ ကျောင်းသား၊ ကျောင်းသူ တစ်ဦးကို တစ်လလျှင် ငွေကျပ် သုံးသောင်းနှုန်း ပေးအပ်မည်ဖြစ်သည်။

“ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ တက္ကသိုလ်တွေက တက္ကသိုလ်ဝင်ခွင့်တွေ ပြန်ချထားတာနဲ့ ဖောင်ဒေးရှင်းမှာ ပညာသင် ဆု လျှောက်ထားနိုင်ပါတယ်။ ဖောင်ဒေးရှင်းအနေနဲ့လည်း အမှန်တကယ်လိုအပ်နေတဲ့ ကျောင်းသား၊ ကျောင်းသူများကိုပဲ ပညာသင်ဆုပေးမှာပါ။ နောက်ပိုင်းနှစ်တွေမှာလည်း နှစ်စဉ် ပညာသင်ဆုတွေကို ပံ့ပိုးပေးသွားမှာပါ” ဟုပြောသည်။

ပညာသင်ဆု လျှောက်ထားလိုသူများအနေဖြင့် ဖုန်း ၀၉-၄၂၁၇၄၂၄၂၊ ၀၉-၂၅၄၀၃၂၈၄၉ နှင့် ၀၉-၂၅၄၀၃၃၆၄၆ တို့သို့ ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ကြောင်း သိရသည်။

 မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

Local Read 4112 times