ဆေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် တက်ရောက်ဖို့ ငွေးကြေးခက်ခဲသူများ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

ဆေးတက္ကသိုလ်၊ ပညာရေးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် တက်ရောက်ဖို့ ငွေးကြေးခက်ခဲသူများ ပညာသင် ထောက်ပံ့ကြေး လျှောက်ထားနိုင်

ဆေးတက္ကသိုလ် တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူ (၅) ဦး၊ ပညာရေးတက္ကသိုလ်နှင့် နည်းပညာတက္ကသိုလ် တက်ရောက်မယ့် ကျောင်းသား၊ ကျောင်းသူ (၅) ဦး စုစုပေါင်း (၁၀) ဦးကို ပညာသင်စရိတ် ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

တကယ်ချို့တဲ့ပြီး ပညာရေးမှာ ထူးချွန်တဲ့ကလေးများအတွက် ဒီနှစ်မှ စပေးတာ ဖြစ်သည့်အတွက်ကြောင့် (၁၀) ဦး သာ လျာထားပါတယ်။

လျှောက်ထားတဲ့သူတွေထဲကနေ ပြန်ရွေးပြီးတော့ တကယ်လိုအပ်တဲ့ သူမျိုးကို ရွေးပြီးပေးမယ်၊ နောက်နှစ်မှာတော့ ရန်ပုံငွေ အနေအထားပေါ်ကြည့်ပြီး တိုးခေါ်ရင်လည်း ခေါ်သွားမှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးထူးချွန်ပြီး တက္ကသိုလ်ဆက်လက် တက်ရောက်ဖို့ ငွေးကြေးခက်ခဲသူတွေ လျှောက်ထားနိုင်ပြီး အမှန်တကယ် ငွေကြေးချို့တဲ့သူများကိုသာ ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။

ပညာသင်ဆုအတွက် လျှောက်ထားလိုသူများသည် လိုအပ်ချက်များမှာ

- မိမိအမည်နဲ့ မှတ်ပုံအမှတ်၊ တက္ကသိုလ်ဝင်တန်းမှာ ရရှိတဲ့အမှတ်စာရင်း၊

- အမှန်တကယ် ငွေကြေးချို့တဲ့ကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူရဲ့ ထောက်ခံချက် စသည့် အချက်အလက် များကို ပူးတွဲလျှောက်ထားရမှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

စာမေးပွဲကျရှုံးပါက ပညာသင်ထောက်ပံ့ကြေးကို ရပ်ဆိုင်းမှာဖြစ်ပါတယ်။

ပညာသင်ကြေးထောက်ပံ့ကြေး လျှောက်ထားသူများအနေဖြင့် ရွေးချယ်ခံရပြီး နယ်ဒေသတွေက လာရောက်ရသူဖြစ်ပါက နေထိုင်စရာအဆောင်၊ စားစရိတ်အပြင် ပညာသင်စရိတ်အားလုံးကို ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။

တက္ကသိုလ်ပညာသင်ဆု ထောက်ပံ့ကြေးကို အခုလို ပေးအပ်တာက ပထမဆုံးအကြိမ်ပေးအပ်တာဖြစ်ပြီး အခြေခံပညာအဆင့် ကျောင်းသား၊ ကျောင်းသူတွေအတွက်လည်း ပညာဒါန အခမဲ့ ကျောင်းတွေကို ထပ်မံဖွင့်လှစ်ပေးဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

အဓိကကတော့ ပညာရည်ထူးချွန်ပြီး တက္ကသိုလ်ဆက်လက်တက်ရောက်နိုင်ဖို့ ငွေကြေးချို့တဲ့သူတွေ လျှောက်ထားနိုင်ပြီး ရှင်သန်ရေး ကူညီမှုအသင်းကို ပေးပို့လျှောက်ထားရမည် ဖြစ်ပါတယ်။

နယ်ဒေသတွေက လျှောက်ထားလိုသူတွေအနေဖြင့် လိုအပ်တဲ့ စာရွက်စာတမ်းများနဲ့အတူ ရှင်သန်ရေးကူညီမှု အသင်းအမှတ် ၂၈၊ ၄၃ လမ်း၊ ဗိုလ်တစ်ထောင်မြို့နယ်ကို လိပ်မူပြီး ပေးပို့ လျှောက်ထားနိုင်ပါတယ်။

Contact detail

၀၉-၅၀၁၆၆၁၆, ၀၉-၇၇၇၈၈၈၄၆၆

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudra journal

Local Read 5523 times