ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ဘွဲ့လွန်သင်တန်းများ လျှောက်ထားနိုင်

 

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် ဖွင့်လှစ်မည့် ကွန်ပျူတာပါရဂူဘွဲ့သင်တန်း၊ မဟာကွန်ပျူတာသိပ္ပံသင်တန်း၊ မဟာကွန်ပျူတာနည်းပညာသင်တန်း၊ မဟာသုတသိပ္ပံသင်တန်း၊ မဟာအသုံးချသိပ္ပံသင်တန်းနှင့် ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာသင်တန်းတို့ကို လျှောက်ထားရန် သင်တန်းသားများ ခေါ်ယူလျက်ရှိပါသည်။ 

 

ဖွင့်လှစ်မည့်သင်တန်းများမှာ 

  • ကွန်ပျူတာပါရဂူဘွဲ့သင်တန်း Ph.D (IT)
  • မဟာကွန်ပျူတာသိပ္ပံဘွဲ့သင်တန်း (M.C.Sc.) 
  • မဟာကွန်ပျူတာနည်းပညာဘွဲ့သင်တန်း  (M.C.Tech.)
  • မဟာသုတသိပ္ပံဘွဲ့သင်တန်း  (M.I.Sc.) 
  • မဟာအသုံးချသိပ္ပံဘွဲ့သင်တန်း  (M.A.Sc.) 
  • ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာဘွဲ့သင်တန်း  (D.C.Sc.)

 

Related Article : မန္တလေးကွန်ပျူတာတက္ကသိုလ်တွင် ဖွင့်လှစ်မည့် Ph.D (IT) သင်တန်း

>> https://www.edge.com.mm/article/-phd-it.html

 

ကွန်ပျူတာပါရဂူဘွဲ့သင်တန်း Ph.D (IT)

ပါရဂူဘွဲ့သင်တန်းသည် အချိန်ပြည့်သင်တန်းဖြစ်ပြီး ပါရဂူဘွဲ့အကြိုသင်တန်း (၁) နှစ်နှင့် သုတေသနကျမ်းပြု (၄) နှစ်၊ စုစုပေါင်း (၅) နှစ် တက်ရောက်ရပါမည်။ ပါရဂူဘွဲ့အကြိုသင်တန်း ဖြေဆိုအောင်မြင်ပြီးသူများသာလျှင် ပါရဂူသုတေသန ဆက်လက် လုပ်ဆောင်ခွင့်ရမည်ဖြစ်သည်။


Ph.D (IT) လျှောက်ထားလိုသူများသည် -

လျှောက်ထားသူနှင့် ၎င်း၏မိဘနှစ်ပါးစလုံးသည် မြန်မာနိုင်ငံသားဖြစ်ရမည်။

- ကွန်ပျူတာဘာသာရပ် (သို့) သတင်းအချက်အလက်နှင့်နည်းပညာဆိုင်ရာ ဘာသာရပ် အထူးပြုဖြင့် မဟာဘွဲ့တစ်ခုခု ရရှိထားသူဖြစ်ရမည်။

- ဝန်ထမ်းဖြစ်ပါက တစ်ဆက်တည်း လုပ်သက် (၂) နှစ်ရှိ၍ လက်ရှိတာဝန်ထမ်းဆောင်နေသူ ဖြစ်ရမည်။

- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာတက္ကသိုလ်နှင့် သက်ဆိုင်ရာဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်။

- သင်တန်းအား အချိန်ပြည့်တက်ရောက်နိုင်သူ ဖြစ်ရမည်။

- သင်တန်းတက်ရောက်မည့် ကျောင်းသား၊ကျောင်းသူများသည် Referee နှစ်ဦးထံမှ Letter of Recommendation တင်ပြနိုင်ရမည်။

 

ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့်ရက်

၁၆-၁၁-၂၀၂၄ (စနေနေ့) တွင် အင်္ဂလိပ်စာကို (မနက် ၉ နာရီမှ ၁၂ နာရီအထိ) ၊ သက်ဆိုင်ရာဘာသာရပ်ကို (နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ) ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် သွားရောက်ဖြေဆိုကြရမည်။

 

(၁၈-၁၁-၂၀၂၄) ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် လူတွေ့ဖြေဆိုကြရမည်ဖြစ်ပြီး ပါရဂူဘွဲ့အကြိုသင်တန်းကို (၂၁-၁၁-၂၀၂၄) ရက်တွင် စတင်ဖွင့်လှစ် သင်ကြားမည်ဟု သိရသည်။ 

 

IT ပညာရပ်နယ်ပယ်တွင် လုပ်သက်အတွေ့အကြုံ (၁၅) နှစ်နှင့် အထက်ရှိပြီး၊ IT ဘာသာရပ်တွင် မဟာဘွဲ့တစ်ခုခု ရရှိပြီးသူများသည် Ph.D (IT) (Research Only) သင်တန်းအတွက် ဝင်ခွင့်စာမေးပွဲ ဖြေစရာမလိုဘဲ သီးခြားလျှောက်ထားနိုင်ပါသည်။ 

 

ပါရဂူဘွဲ့သင်တန်းအတွက် ဝင်ခွင့်ဖောင်များ (Course Work + Research နှင့် Research Only) နှင့် ဝင်ခွင့်စာမေးပွဲပုံစံကို ဒေါင်းလုတ်လုပ်ရန် >> https://www.ucsy.edu.mm/page316.do

 

မဟာဘွဲ့သင်တန်းများ

မဟာကွန်ပျူတာသိပ္ပံ (M.C.Sc.) နှင့် မဟာကွန်ပျူတာနည်းပညာ (M.C.Tech.) သင်တန်းသည် အချိန်ပြည့်သင်တန်းဖြစ်ပြီး မဟာဘွဲ့ကြို (Course-work) သင်တန်း (၁) နှစ်နှင့် သုတေသနကျမ်းပြုသင်တန်း (၂) နှစ်၊ စုစုပေါင်း (၃) နှစ် တက်ရောက်ရမည်။ 

 

မဟာသုတသိပ္ပံ (M.I.Sc.) သင်တန်းနှင့် မဟာအသုံးချသိပ္ပံ (M.A.Sc.) သင်တန်းသည် အချိန်ပြည့်သင်တန်းဖြစ်ပြီး မဟာဘွဲ့ကြို (Course-work) သင်တန်း (၁) နှစ်နှင့် သုတေသနကျမ်းပြုသင်တန်း (၂) နှစ်၊ စုစုပေါင်း (၃) နှစ် တက်ရောက်ရမည်ဖြစ်ပြီး Blended Learning ဖြင့် သင်ကြားရမည်။ 

 

မဟာဘွဲ့သင်တန်းများ လျှောက်ထားလိုသူများသည် -

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

- ဝန်ကြီးဌာနများမှ တစ်ဆက်တည်း လုပ်သက် (၂) နှစ် ပြည့်ပြီး လက်ရှိ တာဝန်ထမ်းဆောင်နေသည့် ဆရာ/မများနှင့် ဝန်ထမ်းများသည် B.C.Sc.(Hons.) / B.C.Tech.(Hons.) ဘွဲ့သင်တန်းတွင် တတိယတန်းဖြင့် အောင်မြင်ထားပါက ဝင်ခွင့်အရည်အချင်းစစ် စာမေးပွဲ စစ်ဆေး၍ သက်ဆိုင်ရာ M.C.Sc./ M.C.Tech. ဘွဲ့သင်တန်းအသီးသီးသို့ တက်ရောက်ခွင့်ရမည် ဖြစ်သည်။

- M.C.Sc./ M.C.Tech./ M.I.Sc. မဟာဘွဲ့သင်တန်းများသို့ တက်ရောက်ရန် အဆင့်မီသည့် ကျောင်းသား/သူများနှင့် ဝန်ကြီးဌာနများမှ တစ်ဆက်တည်း လုပ်သက် (၂) နှစ် ပြည့်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေသည့် ဆရာ/မများ၊ ဝန်ထမ်းများသည် အရည်အချင်းစစ် စာမေးပွဲဖြေဆိုရန် မလိုဘဲ သက်ဆိုင်ရာ မဟာဘွဲ့သင်တန်းအသီးသီးသို့ တိုက်ရိုက် တက်ရောက်ရန် လျှောက်ထားနိုင်သည်။

- D.C.Sc./ D.C.A. စာမေးပွဲအောင်မြင်ပြီး မဟာသုတသိပ္ပံသင်တန်း တက်ရောက်ရန် အဆင့်မီသူများ၊ B.C.Sc.(Hons.)/ B.C.Tech.(Hons.) ဘွဲ့သင်တန်း တစ်ခုခုတွင် တတိယတန်းဖြင့် အောင်မြင်သူများ၊ တက္ကသိုလ်အသီးသီးမှ မဟာတက်ရောက်ရန် အဆင့်မီသူများသည် အရည်အချင်းစစ်စာမေးပွဲ စစ်ဆေး၍ M.I.Sc. ဘွဲ့သင်တန်းသို့ တက်ရောက်ခွင့် လျှောက်ထားနိုင်သည်။

- D.C.M. စာမေးပွဲအောင်မြင်ထားသူများသည် အရည်အချင်းစစ်စာမေးပွဲ စစ်ဆေး၍ မဟာအသုံးချသိပ္ပံ (M.A.Sc.) ဘွဲ့ သင်တန်းသို့ တက်ရောက်ရန်လျှောက်ထားနိုင်သည်။

- ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာတက္ကသိုလ်နှင့် သက်ဆိုင်ရာဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်ဖြစ်သည်။

 

ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့်ရက်

၁၆-၁၁-၂၀၂၄ (စနေနေ့) တွင် အင်္ဂလိပ်စာကို (မနက် ၉ နာရီမှ ၁၂ နာရီအထိ) ၊ Aptitude Test ကို (နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ) ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် သွားရောက်ဖြေဆိုကြရမည်။

 

(၁၉-၁၁-၂၀၂၄) ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် လူတွေ့ဖြေဆိုကြရမည်ဖြစ်ပြီး မဟာဘွဲ့သင်တန်းများကို (၂၁-၁၁-၂၀၂၄) ရက်တွင် စတင်ဖွင့်လှစ် သင်ကြားမည်ဟု သိရသည်။ 

 

မဟာဘွဲ့သင်တန်းများအတွက် ဝင်ခွင့်ဖောင်များနှင့် ဝင်ခွင့်စာမေးပွဲပုံစံကို ဒေါင်းလုတ်လုပ်ရန် >>  https://www.ucsy.edu.mm/page317.do

 

ဘွဲ့လွန်ကွန်ပျူတာသိပ္ပံဒီပလိုမာ (D.C.Sc.)

(D.C.Sc.) သင်တန်းသည် စနေနေ့တွင် အချိန်ပြည့်၊ ကျန်သောရက်များတွင် E-Learning ဖြင့် သင်ယူနိုင်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၁) နှစ်သင်တန်း ဖြစ်သည်။ (D.C.Sc.) သင်တန်း အောင်မြင်ပြီးပါက Qualify ဖြစ်သူများသည် မဟာသုတသိပ္ပံ (M.I.Sc.) သင်တန်းသို့ ဆက်လက် တက်ရောက်ခွင့်ရှိသည်။

 

(D.C.Sc.) သင်တန်းကို လျှောက်ထားလိုသူများသည်  -

- ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရမည်။

- တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားသူဖြစ်ရမည်။

- ကွန်ပျူတာတက္ကသိုလ်များမှ B.C.Sc./ B.C.Tech. ဘွဲ့ရရှိပြီးသူများသည် ဝင်ခွင့်စာမေးပွဲ ဖြေဆိုရန် မလိုဘဲ လျှောက်ထားနိုင်သည်။

- ကျန်းမာရေးကောင်းမွန်သူဖြစ်ရမည်။

- ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာတက္ကသိုလ်နှင့် သက်ဆိုင်ရာဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရမည်ဖြစ်သည်။

- သင်တန်းတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများသည် Referee တစ်ဦးထံမှ Letter of Recommendation တင်ပြနိုင်ရမည်။

 

ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည့်ရက်

၁၆-၁၁-၂၀၂၄ (စနေနေ့) တွင် အင်္ဂလိပ်စာကို (မနက် ၉ နာရီမှ ၁၂ နာရီအထိ) ၊ IQ Test ကို (နေ့လယ် ၁ နာရီမှ ညနေ ၄ နာရီအထိ) ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် သွားရောက်ဖြေဆိုကြရမည်။

 

(၁၉-၁၁-၂၀၂၄) ရက်တွင် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်တွင် လူတွေ့ဖြေဆိုကြရမည် ဖြစ်ပြီး ဘွဲ့လွန်ဒီပလိုမာသင်တန်းကို (၂၁-၁၁-၂၀၂၄) ရက်တွင် စတင်ဖွင့်လှစ် သင်ကြားမည်။

 

ဒီပလိုမာသင်တန်းအတွက် ဝင်ခွင့်ဖောင်နှင့် ဝင်ခွင့်စာမေးပွဲပုံစံကို ဒေါင်းလုတ်လုပ်ရန် >> https://www.ucsy.edu.mm/page318.do

 

အထက်ဖော်ပြပါ သင်တန်းအားလုံးအတွက် လျှောက်ထားသူများသည် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ (၁၄-၁၁-၂၀၂၄) ရက် (ကြာသပတေးနေ့) နောက်ဆုံးထား၍ သွားရောက်လျှောက်ထားနိုင်ပါသည်။

 

အခြားသိရှိလိုသည်များရှိပါက ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၊ ကျောင်းသားရေးရာဌာန (ဖုန်းနံပါတ် ဝ၉-၄၄၃၄၄၀၄၇၈၊ ၀၉-၄၄၃၄၄၀၄၇၉) သို့ တိုက်ရိုက်ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။


 

Latest Post Local News University / College Read 750 times