တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဩဂုတ်လ (၂၆) ရက်နေ့မှာ စတင်ထုတ်ယူနိုင်ပြီ

 

၂၀၂၄ ခုနှစ်၊ စနစ်သစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့်များကို ဩဂုတ်လ (၂၆) ရက်နေ့မှစ၍ ပိတ်ရက်မရှိ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ အသိပေးကြေညာထားသည်။

 

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်ရန်အတွက် မိမိတို့ စာမေးပွဲဖြေဆိုခဲ့သော စာစစ်ဌာနကြီးကြပ်ရေးမှူးများ (အခြေခံပညာ အထက်တန်း ကျောင်းအုပ်ကြီးများ) ထံတွင် - 

- အမှတ်စာရင်း၊

- အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်၊

- တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်နှင့်

- တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရမည့် ပုံစံစာအိတ်တို့ကို ဩဂုတ်လ (၂၆) ရက်နေ့ (တနင်္လာနေ့) မှစ၍ ကိုယ်တိုင် ထုတ်ယူနိုင်ပြီ ဖြစ်သည်။

 

မိမိဖြေခဲ့သည့် စာစစ်ဌာနတွင်  ထုတ်ယူရန် အခက်အခဲရှိပါက အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့တွင် သွားရောက်ထုတ်ယူနိုင်ပါသည်။ 

 

Relared Article : G-12 အောင်ထားသူတွေ လက်ရှိလျှောက်ထားနိုင်တဲ့ တက္ကသိုလ်များ

>> https://www.edge.com.mm/article/myanmar-universities


အဆိုပါ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာအိတ်ကို ဩဂုတ်လ (၂၆) ရက်နေ့မှ စက်တင်ဘာလ (၁၂) ရက်အထိ စနေနေ့၊ တနင်္ဂနွေနေ့နှင့် ရုံးပိတ်ရက်များ အပါအဝင် (ပိတ်ရက်မရှိ) အောက်ပါ တက္ကသိုလ်များတွင် လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

(၁) မြစ်ကြီးနားတက္ကသိုလ်

(၂) ဘားအံတက္ကသိုလ်

(၃) ဟားခါးတက္ကသိုလ်

(၄) မုံရွာတက္ကသိုလ်

(၅) ရွှေဘိုတက္ကသိုလ်

(၆) စစ်ကိုင်းတက္ကသိုလ်

(၇) ထားဝယ်တက္ကသိုလ်

(၈) တောင်ငူတက္ကသိုလ်

(၉) ပြည်တက္ကသိုလ်

(၁၀) ပဲခူးတက္ကသိုလ်

(၁၁) မကွေးတက္ကသိုလ်

(၁၂) ပခုက္ကူတက္ကသိုလ်

(၁၃) မန္တလေးအဝေးသင်တက္ကသိုလ်

(၁၄) မိတ္ထီလာတက္ကသိုလ်

(၁၅) ကျောက်ဆည်တက္ကသိုလ်

(၁၆) မော်လမြိုင်တက္ကသိုလ်

(၁၇) စစ်တွေတက္ကသိုလ် 

(၁၈) ရန်ကုန်အဝေးသင်တက္ကသိုလ်

(၁၉) တောင်ကြီးတက္ကသိုလ်

(၂၀) ကျိုင်းတုံတက္ကသိုလ်

(၂၁) ပုသိမ်တက္ကသိုလ်

(၂၂) ဟင်္သာတတက္ကသိုလ်

(၂၃) မအူပင်တက္ကသိုလ်

 
သတ်မှတ်ရက် ကျော်လွန်မှ လျှောက်ထားသူများနှင့် အထက်ဖော်ပြပါ တက္ကသိုလ် (၂၃) ခုတွင် လျှောက်ထားရန် အဆင်မပြေသောသူများသည် အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ)၊ သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့သို့ ပေးပို့ လျှောက်ထားရမည်။

 

တက္ကသိုလ်လမ်းညွှန်စာအုပ်ကို သေချာဖတ်ရှု၍ သတင်းစာတွင် တိုက်ရိုက်လျှောက်လွှာခေါ်ယူမည့် အသက်မွေးဝမ်းကျောင်းတက္ကသိုလ်နှင့် ဒီဂရီကောလိပ်များမှအပ မိမိအမှတ်နှင့် ကိုက်ညီမည့် တက္ကသိုလ်များကို ရွေးချယ်လျှောက်ထားနိုင်ပါသည်။ 

 

သတင်းစာတွင် သီးခြားခေါ်ယူ၍ တိုက်ရိုက်လျှောက်ထားရမည့် အသက်မွေးဝမ်းကျောင်း တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ (၁၁) ခုရှိပါသည်။ 

၁။ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်

၂။ မန္တလာတက္ကသိုလ် (BTHM) ဘွဲ့သင်တန်း

၃။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်

၄။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်း

၅။ သစ်တောနှင့်ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း

၆။ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် (MIIT)

၇။ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ

၈။ သမဝါယမကောလိပ်များ

၉။ ယွန်းပညာကောလိပ်၊ ပုဂံ 

၁၀။ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)

၁၁။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်

 

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန်

အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်)

သထုံလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့ 

၀၁၇-၅၀၃၁၄၇

----------------------------------------------

VPN မလိုဘဲ ပညာရေးသတင်းအစုံအလင်ကို ဖတ်ရှုနိုင်ဖို့ Myanmar Education Guide ရဲ့ Telegram Channel ကို အခုပဲ Join ထားလိုက်တော့နော်။

Join our Telegram Channel

> https://t.me/eudcationguide

 

Latest Post Local News Read 2258 times