တက္ကသိုလ်၊ ဒီဂရီကောလိပ်များ ဧပြီလ (၃၀) ရက်အထိပိတ်မည်

**Unicode**

တက္ကသိုလ်၊ ဒီဂရီကောလိပ်များရှိ ဆရာ၊ ဆရာမများ နွေရာသီအားလပ်ရက်ကို ဧပြီတစ်လလုံးသတ်မှတ်ပေးထားပြီး ဧပြီ (၃၀) ရက်နောက်ပိုင်းမှသာ တာဝန်များပြန်လည်ထမ်းဆောင်ကြရန် တက္ကသိုလ်အသီးသီးက ထုတ်ပြန်လိုက်သည်။

လက်ရှိဖြစ်ပွားနေသည့် COVID-19 ကူးစက်ကပ်ရောဂါကြောင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များပိတ်ထားရကာ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာစစ်ဆေးခြင်းလုပ်ငန်းများ ရပ်ဆိုင်းထားရသည်။

ဧပြီလ (၁၈) ရက်စွဲဖြင့် ကလေးတက္ကသိုလ်၊ မကွေးတက္ကသိုလ်၊ စစ်ကိုင်းပညာရေးတက္ကသိုလ်၊ ရွှေဘိုတက္ကသိုလ်တို့တွင် ဧပြီလ (၃၀) ရက်နောက်ပိုင်းမှသာ တာဝန်များ ပြန်လည်ထမ်းဆောင်ရန်  ညွှန်ကြားထားသည်။

နေရပ်ပြန်သွားသည့် ဆရာ၊ဆရာမများအနေဖြင့် လက်ရှိရောက်နေသည့် နေရာတွင်သာ ဆက်လက်နေထိုင်ရမည်ဖြစ်ပြီး လိုအပ်ပါက Facility Quarantine ဝင်ရမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် COVID-19 ရောဂါပိုးစတွေ့သည့် မတ်လ (၂၄) ရက်နေ့တွင် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် စာမေးပွဲများဖြေဆိုနေချိန်ဖြစ်ပေမယ့် ရောဂါထိန်းချုပ်နိုင်ရေးအတွက်ကျောင်းများကိုချက်ချင်းပိတ်ပေးခဲ့သည်။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနလက်အောက်တွင်မရှိသည့် အခြားတက္ကသိုလ်များကိုလည်း ဧပြီလကုန်အထိ ပိတ်ထားကြောင်း သိရသည်။

Secretarial Skills (5) Secretarial Skills နှင့်ပတ်သက်ပြီး သင်တန်းရှာရန်နှိပ်ပါ။

ပညာရေးဝန်ကြီးဌာနလက်အောက်တွင် တက္ကသိုလ်  ၉၉ ခုနှင့် ဒီဂရီကောလိပ်ပေါင်း ၃၁ ခုရှိကြောင်းပညာရေးဝင်ကြီးဌာန၏ ဝက်ဆိုက်ဒ်တွင်ဖော်ပြချက်များအရသိရသည်။

Source: Mizzima Burmese

 

**Zawgyi**

တကၠသိုလ္၊ ဒီဂရီေကာလိပ္မ်ားရွိ ဆရာ၊ ဆရာမမ်ား ေႏြရာသီအားလပ္ရက္ကို ဧၿပီတစ္လလုံးသတ္မွတ္ေပးထားၿပီး ဧၿပီ (၃၀) ရက္ေနာက္ပိုင္းမွသာ တာဝန္မ်ားျပန္လည္ထမ္းေဆာင္ၾကရန္ တကၠသိုလ္အသီးသီးက ထုတ္ျပန္လိုက္သည္။

လက္ရွိျဖစ္ပြားေနသည့္ COVID-19 ကူးစက္ကပ္ေရာဂါေၾကာင့္ တကၠသိုလ္၊ ဒီဂရီေကာလိပ္မ်ားပိတ္ထားရကာ တကၠသိုလ္ဝင္တန္းစာေမးပြဲ အေျဖလႊာစစ္ေဆးျခင္းလုပ္ငန္းမ်ား ရပ္ဆိုင္းထားရသည္။

ဧၿပီလ (၁၈) ရက္စြဲျဖင့္ ကေလးတကၠသိုလ္၊ မေကြးတကၠသိုလ္၊ စစ္ကိုင္းပညာေရးတကၠသိုလ္၊ ေ႐ႊဘိုတကၠသိုလ္တို႔တြင္ ဧၿပီလ (၃၀) ရက္ေနာက္ပိုင္းမွသာ တာဝန္မ်ား ျပန္လည္ထမ္းေဆာင္ရန္  ၫႊန္ၾကားထားသည္။

ေနရပ္ျပန္သြားသည့္ ဆရာ၊ဆရာမမ်ားအေနျဖင့္ လက္ရွိေရာက္ေနသည့္ ေနရာတြင္သာ ဆက္လက္ေနထိုင္ရမည္ျဖစ္ၿပီး လိုအပ္ပါက Facility Quarantine ဝင္ရမည္ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ထားသည္။

ျမန္မာႏိုင္ငံတြင္ COVID-19 ေရာဂါပိုးစေတြ႕သည့္ မတ္လ (၂၄) ရက္ေန႔တြင္ တကၠသိုလ္၊ ဒီဂရီေကာလိပ္မ်ားတြင္ စာေမးပြဲမ်ားေျဖဆိုေနခ်ိန္ျဖစ္ေပမယ့္ ေရာဂါထိန္းခ်ဳပ္ႏိုင္ေရးအတြက္ေက်ာင္းမ်ားကိုခ်က္ခ်င္းပိတ္ေပးခဲ့သည္။ ပညာေရးဝန္ႀကီးဌာန၊ အဆင့္ျမင့္ပညာဦးစီးဌာနလက္ေအာက္တြင္မရွိသည့္ အျခားတကၠသိုလ္မ်ားကိုလည္း ဧၿပီလကုန္အထိ ပိတ္ထားေၾကာင္း သိရသည္။

Secretarial Skills (5) Secretarial Skills ႏွင့္ပတ္သက္ျပီး သင္တန္းရွာရန္ႏွိပ္ပါ။

ပညာေရးဝန္ႀကီးဌာနလက္ေအာက္တြင္ တကၠသိုလ္  ၉၉ ခုႏွင့္ ဒီဂရီေကာလိပ္ေပါင္း ၃၁ ခုရွိေၾကာင္းပညာေရးဝင္ႀကီးဌာန၏ ဝက္ဆိုက္ဒ္တြင္ေဖာ္ျပခ်က္မ်ားအရသိရသည္။

Source: Mizzima Burmese

Latest Post News Read 11312 times