တစ်မူထူးခြားသည့် ACES ပညာရေးစင်တာအသစ်ကိုဖွင့်လှစ်

အိုဟိုင်းယိုးပြည်နယ်တွင် ဆောက်လုပ်ရေးနှောင့်နှေးမှု အနည်းငယ်ဖြစ်ပြီးနောက် Parma City ကျောင်းများ၏ ACES (Accept, Champion, Educate and Support) ပညာရေးစင်တာ အသစ်ဆောက်လုပ်ပြီးစီးသွားသည်။ Parma အထက်တန်းကျောင် အထူးတလည် ဂရုစိုက်ပေးရမည့် အထီးကျန်စိတ်ဝေဒနာရှိသော ကလေးများအတွက် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုပေးရန် ဒီဇိုင်းထုတ်ထားသော ကျောင်း ဖြစ်သည်။

ခရိုင်၏ ထူးချွန်သောကျောင်းသားများရုံးမှ ကျောင်းသားများသည် “လက်ရှိဆောက်လုပ်ဆဲ နေရာကနေ ၂ ပတ်အချိန်နောက်ကျသွားပါတယ်"ဟု ညွှန်ကြားရေးမှူးရောဘတ်ဟွန်းကဆိုသည်။ ထို့ကြောင့် "ကျွန်တော်တို့ဟာ ယာယီနေရာကို ယခုအသုံးပြုနေပါပြီဖြစ်ပါတယ်။ ထိုနေရာကို ပြီးခဲ့တဲ့အပတ်မှ ကျွန်တော်တို့ဖွင့်နိုင်ခဲ့တာပါ။ ကျောင်းသားများသည် ကျွန်တော်တို့ရဲ့ ဝန်ထမ်းများ၊ ဆရာများ၊ လက်ထောက်များ၊ သူတို့ကို အသိအမှတ်ပြုဖို့ ထူးခြားတဲ့ အလုပ်တစ်ခု ကျွန်တော်တို့လုပ်ခဲ့ပါတယ်” ဟု သူ က ပြောသည်။

ACES စင်တာရှိ ဝန်ထမ်းများသည် မကြာသေးမီက စတုရန်းပေ ၃,၄၀၀ ရှိ ကျောင်းကို မိသားစုများနှင့် ကျောင်းသားများ လေ့လာနိုင်ဖို့ ကိုယ်တိုင်ပြုလုပ်ထားသော virtual tour များပေးခဲ့သည်။ ယခင်က ကြီးမားသောစာသင်ခန်း ၂ ခန်းကို စာသင်ခန်းသုံးခန်း၊ အာရုံခံခန်း၊ ကွန်ဖရင့်၊ လုံခြုံသောနေရာ၊ ရုံးခန်းနှင့်အထူးနေရာများအဖြစ် ပြန်လည်နေရာချထားသည်။ ACES ၏ပညာရေးစင်တာသည် ဆေးပညာနှင့် ပညာရေးဆိုင်ရာ အထီးကျန်စိတ်ဝေဒနာကို အခြေခံသည့် ရောဂါလက္ခဏာရှိသည့် K-5 ကျောင်းသားများကို အရင်ဆုံးသင်ကြားပေးလိမ့်မည်။

အဆိုပါအစီအစဉ်သည် ရောဂါလက္ခဏာခံစားနေရသူ တစ်ဦးချင်း၏ therapeutic-based program ကိုပေးပြီး ဒီဇိုင်းပြုလုပ်ထားသည်။ "ဒါဟာရိုးရာကျောင်းတစ်ခုလို ပုံစံလုပ်မထားဘူး "ဟု Hoon ကပြောကြားခဲ့သည်။ "အဲဒါကြောင့် အဲဒီပရိုဂရမ်ကို ဒီဇိုင်းရေးဆွဲခဲ့တာပါ။ သို့မှသာ ကျောင်းသားတွေရဲ့ တစ်မူထူးခြားနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပါတယ်။ သူတို့က စာသင်ခန်းတစ်ခုမှ နောက်စာသင်ခန်းတစ်ခုသို့ ပြောင်းစရာမလိုတော့ပါဘူး" ကျောင်းသူကျောင်းသားများသည် ပညာရေးဝန်ထမ်းများနှင့် ထဲထဲဝင်ဝင် ရှိနေကြစေသည်။

ယခုနှစ်အစောပိုင်းက Parma City ကျောင်းများသည် ယခင် Pleasant Valley မူလတန်းကျောင်းစိတ်ပညာရှင် Caitlin Sabo အား ACES ကို ပညာရေးဒါရိုက်တာအဖြစ် ခန့်အပ်ခဲ့သည်။ ACES ကိုဖွင့်ဖို့ ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားခံရပါတယ် "ဟုကြီးကြပ်ရေးမှူး Charles Smialek က ပြောကြားခဲ့သည်။ "ထိုအစီအစဉ်ကို ၂၀၁၉ ခုနှစ်အစောပိုင်းမှာ ကျွနု်ပ်တို့၏ ရည်မှန်းချက်ပန်းတိုင်အဖြစ် စတင်ခဲ့ပါသည်။ မစ္စ Sabo က ယခုလိုအပြုသဘောဆောင်တဲ့ တည်ဆောက်မှုအတွက် လုပ်ခဲ့တဲ့ အလုပ်အားလုံးကို ကျွနု်ပ်တို့ အလွန်ပင်ကျေးဇူးတင်မိပါသည်။ ခရိုင်မှ ပေးအပ်သည့် စစ်မှန်သော အရည်အသွေးဖြစ်သည့် ACES တည်ဆောက်ခွင့် ရသည့်အတွက် ကျေးဇူးတင်ကြောင်း ပြောကြားသည်။ ACES ၏ ပညာရေးစင်တာသည် K-5 ကျောင်းသားရှစ်ယောက်နှင့် ဆရာနှစ်ဦးအပါအဝင် အဆင့်ငယ်များဖြင့် စတင်ခဲ့သည်။

ယခုစာသင်နှစ်မှာ ကျောင်းသားထပ်တိုးနိုင်မယ်လို့ Hoon က မျှော်လင့်ထားသည်။ ၂၀၂၁ မှ ၂၀၂၂ ပညာသင်နှစ်အတွက်၊ အလယ်တန်းကျောင်းသားများ (၆ တန်းမှ ၈ တန်းအထိ) နှင့် အထက်တန်းကျောင်းသားများ တက်ရောက်နိုင်ရန် တစ်နှစ် သို့မဟုတ် နှစ်နှစ်အကြာတွင် တိုးချဲ့နိုင်ရန်စီစဉ်ထားသည်။ "ကျွနု်ပ်တို့အနာဂတ်မှာ အောင်မြင်ရန်လမ်းကြောင်းများရှိသည်" ဟု Hoon ကဆိုသည်။ နောက်ဆုံးတွင် ထိုအစီအစဉ်သည် ကျောင်းသားများ၏ လိုအပ်မှုကြောင့်ဖြစ်သည်။ “ထိုဒေသကြီးက အခြားမိသားစုတွေဆီက ကျွန်တော်တို့ တော်တော်လေး စိတ်ဝင်စားမှုရခဲ့တယ်။ Parma City ကျောင်းများသို့ တက်ရောက်ရန် စိတ်ဝင်စားသော အခြားမိသားစုများလည်းကျွန်ုပ်တို့၌ရှိသည်။

Parma City ကျောင်းများသည် လက်ရှိတွင် မသန်စွမ်းသော ကျောင်းသားများသည် ခရိုင်ပြင်ပတွင် ပညာသင်ကြားနေသော ကျောင်းသားနှစ်ဒါဇင်ကျော်ရှိသည်။ ၎င်းသည် ခရိုင်ကိုနှစ်စဉ်ကျူရှင်ငွေနှင့် သယ်ယူပို့ဆောင်ရေးစရိတ်များအတွက် ဒေါ်လာ ၂ သန်းကျော် ကုန်ကျသည်။ ကျောင်းသားများ၏ မိသားစုများသာမက ကျွန်ုပ်တို့၏ ရပ်ရွာလူထုများနှင့်ပါ ပွင့်လင်းမြင်သာမှုရှိစေရန် ကျွန်ုပ်တို့ဆောင်ရွက်လိုပါသည်ဟု မစ္စ Sabo က ဆိုသည်။

Ref: cleveland.com

By Yu Khine

Latest Post Read 483 times