Sales Hotline : 09448001653       Download App



ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းကို ဦးစားပေးလုပ်ဆောင်ကြရန် UNICEF တိုက်တွန်း

ကမ္ဘာ့ကုလသမဂ္ဂရန်ပုံငွေအဖွဲ့ (UNICEF) မှ ကျောင်းများပြန်လည်ဖွင့်လှစ်ခြင်းကို ဦးစားပေးလုပ်ငန်းအဖြစ်ဖော်ဆောင်ကြရန် အစိုးရများအားတိုက်တွန်းထားသည်။

ထိုကဲ့သို့ကျောင်းများပြန်ဖွင့်ရာတွင်လည်း ကျောင်းများသို့ကလေးများကိုယ်တိုင်သင်ကြားခြင်းမဟုတ်ပဲ အဝေးသင်ပညာရေးစနစ်(သို့မဟုတ်)အွန်လိုင်းမှသင်ကြားခြင်းတို့ဖြင့်ဆောင်ရွက်နိုင်ကြောင်း UNICEF မှအကြံပြုထားသည်။

ကျောင်းများဖွင့်လှစ်ခြင်းမှ ဗိုင်းရပ်စ်ပိုးကူးစက်မှုမြင့်မားသည်ဆိုသောအချက်ကိုအတည်ပြရန်အထောက်အထားမရှိသော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံအစိုးရများက ဗိုင်းရပ်စ်ကူးစက်မှုဟန့်တားရန်ကြိုးပမ်းရာ၌ ကျောင်းများကိုပိတ်ပစ်ရန်လျင်လျင်မြန်မြန်ဆုံးဖြတ်လေ့ရှိကြသည် ဟု UNICEF မှ ယူဆထားသည်။

ကမ္ဘာတစ်ဝမ်းရှိကလေးငယ် သန်း ၃၂၀(ကမ္ဘာ့ကလေးငယ်ဦးရေ၏ ၂၀ရာခိုင်နှုန်း) မှာစာသင်ခန်းများနှင့်ဝေးကွာနေသကဲ့သို့ နိုဝင်ဘာလ တစ်လအတွင်း ၌ပင် ကျောင်းမတက်ရသည့်ကလေးငယ်အရေအတွက် သန်း ၉၀ ထပ်တိုးလာကြောင်းသိရသည်။

ထို့ပြင် ကျောင်းများ၏အဆင့်အတန်းနှင့်ဗိုင်းရပ်စ်ပြန့်ပွားမှုတို့အကြားဆက်စပ်မှုမရှိသည်ကို UNICEF ၏ နိုင်ငံပေါင်း ၁၉၁ နိုင်ငံကိုလေ့လာမှုပု့ခြင်းမှ အဖြေထုတ်နိုင်ခဲ့ကြောင်းသိရသည်။

Source: Transcom News Journal

Latest Post News Read 7642 times