UNESCO/Guillermo Cano World Press Freedom Prize 2021 သို့အဆိုပြု လျှောက်ထားနိုင်

အခြေခံပညာဦးစီးဌာန၊ နေပြည်တော် 
UNESCO အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ၂၀၂၁ ခုနှစ်အတွက် UNESCO/ Guillermo Cano World Press Freedom Prize 2021 သို့ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဝန်ထမ်းများအနေဖြင့် သတ်မှတ်လျှောက်လွှာ Nomination Form (ပူးတွဲ)ကို (၁၅-၂-၂၀၂၁)ရက်နေ့ နောက်ဆုံးထားဖြည့်သွင်း၍ UNESCO ရုံးချုပ်သို့ လိပ်မူလျှောက်ထားနိုင်ပါကြောင်းအထက်ရည်ညွှန်းပါစာဖြင့် အကြောင်းကြားလာပါသည်။

သို့ဖြစ်ပါ၍ သတ်မှတ်ချက်နှင့် ကိုက်ညီသည့် ဝန်ထမ်းများအနေဖြင့် ပေးပို့လျှောက်ထားနိုင်ပါကြောင်းနှင့်လျှောက်ထားလိုသည့် ဆရာ၊ ဆရာမများနှင့် ဝန်ထမ်းများရှိပါက အမည်၊ ရာထူး၊ ဌာန၊ ကျောင်းတို့အား မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် အခြေခံပညာဦးစီးဌာန (ရုံးချုပ်) [email protected] သို့ပေးပို့ပြီး မိတ္တူကို၎င်းရုံးသို့ ပေးပို့ရန်အကြောင်းကြားပါသည်။

ခရိုင်ပညာရေးမှူး (မင်းတပ်၊ ဖလမ်း၊ ဟားခါး)မြို့ 
မြို့နယ်ပညာရေးမှူး (ကန်ပက်လက်၊ တွန်းဇံ၊ တီးတိန်၊ ထန်တလန်၊ ပလက်ဝ၊ ဖလမ်း၊ မင်းတပ်၊ မတူပီ၊ ဟားခါး)မြို့

Latest Post Read 552 times