Sales Hotline : 09448001653       Download App



Undergraduate ကျောင်းသားများလျှောက်ထားနိုင်တဲ့ USမှ Fully-Funded Exchange Program

 

 

 

တက္ကသိုလ်ဝင်တန်းဖြေဆိုအောင်မြင်ပြီး လက်ရှိ တက္ကသိုလ်တစ်ခုခုမှာ တက်ရောက်နေတဲ့ ကျောင်းသူ/ကျောင်းသားများအတွက် US မှာ စာသင်နှစ် ၁ ခုစာ ပညာတော်သင်ဆု အပြည့်အဝဖြင့် တက်ရောက်နိုင်မယ့် Exchange Program လေးတစ်ခုအကြောင်း မိတ်ဆက်ပေးချင်ပါတယ်။

 

Global Undergraduate Exchange Program (Global UGRAD) 2023 လို့ခေါ်တဲ့ Program လေးပဲဖြစ်ပါတယ်။ ဒီပရိုဂရမ်ဟာဆိုရင်တော့ လူငယ်များအတွက် အမေရိကန်ပြည်ထောင်စုရဲ့ အဆင်မြင့်ပညာရေးအတွေ့အကြုံကို သိရှိခံစားတတ်စေရန် နှင့် အရေးပါသော အရည်အချင်းပြည့်မှီတဲ့ အတွေ့အကြုံများ ရရှိစေရန် ရည်ရွယ်ပါတယ်။  

 

အဓိကရည်ရွယ်ချက်များကိုတော့အောက်မှာဆက်လက်ဖတ်ရှုနိုင်ပါတယ်_

 

  • ကမ္ဘာတစ်ဝှမ်းမှကျောင်းသား/သူများအတွက် ပညာရေး၊ယဥ်ကျေးမှု နှင့် ခေါင်းဆောင်နိုင်မှုစွမ်းရည်များအတွက် ပြီးပြည့်စုံသော အတွေ့အကြုံများကို ရင်းနှီးဖလှယ်ခွင့်ရရှိစေရန်

  • ပညာရေးနှင့် အသက်မွေးဝမ်းကြောင်းပန်းတိုင်ကို လျှောက်လှမ်းရန်အတွက် လိုအပ်သော ပညာရေးဆိုင်ရာ အသိပညာများနှင့် ကျွမ်းကျင်မှုစွမ်းရည်များကို မြှင့်တင်ပေးရန်

  • အမေရိကန်နိုင်ငံ၏ ပညာရေးစနစ်၊ သဘောသဘာဝကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သဘောပေါက်နိုင်စေရန်

  • ကမ္ဘာတစ်ဝှမ်းမှဒေသခံအသိုင်းအဝိုင်းများနှင့် လူမှုကွန်ယက်များတည်ဆောက်ရေးအတွက် ကျောင်းသားများအနေဖြင့် အခွင့်အလမ်းများကို လွယ်ကူချောမွေ့စွာရရှိစေရန်

  • ကျောင်းသားများအတွက် ၄င်းတို့၏ နိုင်ငံဒေသတွင်း နှင့် ကမ္ဘာလုံးဆိုင်ရာ အသိုင်းအဝိုင်းများ၏ လက်တွေ့ဘဝတွင် အပြုသဘောဆောင်သော ထိတွေ့ဆက်ဆံမှုများနှင့် စိတ်ဓာတ်ခွန်အားများ မြှင့်တင်ပေးနိုင်ရန် 


 

 

ဒီပရိုဂရမ်ဟာဆိုရင်တော့ အမေရိကန်အစိုးရမှ ကူညီပံ့ပိုးပေးထားပြီး World Learning မှစီမံခန့်ခွဲပေးထားပါတယ်။ ဒီပရိုဂရမ်အတွက် အောက်ပါအရည်အချင်းနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါတယ်_

 

  • အသက် (၁၈)နှစ်အထက် ဖြစ်ရပါမယ်

  • လက်ရှိနေထိုင်သောနိုင်ငံမှာ အသိအမှတ်ပြုကျောင်းမှ အထက်တန်းအဆင့်အောင်မြင်ပြီး လက်ရှိမှာတက္ကသိုလ်တတ်ရောက်နေဆဲ Undergraduate ကျောင်းသားဖြစ်ရပါမယ်

    (အနည်းဆုံး ပထမနှစ်ကို First Semester ပြီးဆုံးထားသူဖြစ်ရပါမယ်)

  • ဩဂုတ်လ ၂၀၂၃ (သို့) ဇန်နဝါရီ ၂၀၂၄  အမှီ US မှာ စတင်ပညာသင်ယူနိုင်သူဖြစ်ရပါမယ်

  (လျှောက်ထားသူအနေနှင့်ဘယ်စာသင်နှစ်(Semester)မှာတက်ရောက်မယ်ဆိုတာ           ရွေးချယ်ခွင့်မရှိပါ)

  • အင်္ဂလိပ်လို ပိုင်ပိုင်နိုင်နိုင် ရေးနိုင်ပြောနိုင်ရပါမယ် (ရွေးချယ်ခံရပါက Language Training လည်းစီစဥ်ပေးဖို့ရှိပါတယ်)

  • ဒီပရိုဂရမ်အတွက် လိုအပ်တဲ့ US student exchange visa လျှောက်ဖို့ အရည်အချင်းပြည့်မှီရပါမယ်

  • ဆရာဝန်ထံမှ စိတ်ရောကိုယ်ပါ ကျန်းမာကြောင်း ထောက်ခံချက်ရယူထားရပါမယ်

  • ပရိုဂရမ်ပြီးဆုံးပါက မိမိနိုင်ငံသို့ ပြန်လည်သွားရောက်ရန်ကတိကဝတ်ပြုနိုင်သူဖြစ်ရပါမယ်

 

လျှောက်ထားလိုသူများအတွက်  Application Form များမှာ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှာ စတင်ဖွင့်ပေးပြီး ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့နောက်ဆုံးထားပြီး လျှောက်ထားရမှာပါ။ လျှောက်ထားရမယ့် Link ကို အောက်မှာဖော်ပြထားပါတယ်။ 

 

Application Form Link > https://bit.ly/3GJjYem

 

လျှောက်ထားရာတွင် အောက်ပါအချက်အလက်များကို ပူးတွဲတင်ပြရပါမယ်_

 

  • The Completed Application Form

  • Two Essays (Application Form တွင်တစ်ပါတည်းရေးသားရမည်)

  • Scanned Passport or ID Card

  • University Transcripts

  • Two Recommendation Letters 

  • TOEFL ( ပထမအဆင့်လျှောက်ထားမှုမှာ ပါသွားမှ သူတို့ဘက်က စာမေးပွဲကြေးသွင်းပေးပြီး ဖြေခိုင်းတာမျိုးပါ)

 

ရွေးချယ်မှုအတွက် ပထမအဆင့် လျှောက်ထားမှု အောင်မြင်ပြီးပါက အင်တာဗျူးအတွက် သူတို့ဘက်မှ အကြောင်းကြားလာပါလိမ့်မယ်။  အင်တာဗျူးအောင်သွားရင်တော့ နှစ်ပတ်အကြာမှာ အီးမေးလ်ပေးပို့မှာပါ။ မပါရင်လည်း မပါကြောင်း အကြောင်းကြားပေးမှာပါ။ အင်တာဗျူးအောင်မှ TOEFL ဖြေဖို့ အဆင့်ကို ဆက်လက်လုပ်ဆောင်ရမှာပဲဖြစ်ပါတယ်။


 

Global UGRAD Program အတွက် တစ်နှစ်ကို နိုင်ငံပေါင်း (၆၅) နိုင်ငံမှရွေးချယ်ပြီး တစ်နိုင်ငံကို (၇) နီးပါးဝင်ခွင့်ရတဲ့အတွက် တစ်နှစ်ကို ကျောင်းသားဦးရေ စုစုပေါင်း (၁၅၀) လောက်ဝင်ခွင့်ရကြပါတယ်။

 

Program က Fully-Funded ဖြစ်တဲ့အတွက် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကတော့ အောက်ပါအတိုင်းပဲဖြစ်ပါတယ်_

 

  • Semester တစ်ခုစာကျူရှင်ကြေး

  • လစဥ်နေထိုင်မှုစရိတ်ထောက်ပံ့ကြေး

  • Travelling Allowance 

  • Visa Allowance

  • အပြန်လေယဥ်စရိတ် 

 

တက်ရောက်ရမယ့် Duration ကတော့ Semester တစ်ခုစာကြာမြင့်မှာပါ။ 

 

အသေးစိတ်အချက်အလက်များကိုတော့ အောက်ဖော်ပြပါ Official Website မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

 

Official Website Link > https://bit.ly/3EwjdCO


 

Application Form Link > https://bit.ly/3GJjYem

 

International Read 863 times