uab ဘဏ်၏ ပညာသင် စရိတ်ချေးငွေ

မြန်မာနိုင်ငံတွင်ဖြစ်စေ၊ နိုင်ငံရပ်ခြားတွင်ဖြစ်စေ ပရော်ဖက်ရှင် နယ် (သို့)နည်းပညာဆိုင်ရာပညာရပ်များကို လေ့လာဆည်းပူး နိုင်ရန်အတွက် uab Education Loan ဖြင့် သင်၏အိပ်မက် များ ကို ဖြည့်ဆည်းနိုင်ပါသည်။ ပညာရေးသည် အစားအစာ၊ အ၀တ် အထည် နှင့် ခိုလှုံစရာနေရာကဲ့သို့ပင် အမှန်တကယ် အခြေခံကျ သော လိုအပ်ချက်ဖြစ်သည့် အတွက် uab ဘဏ်မှ မြန်မာနိုင်ငံ တွင်သာမက နိုင်ငံရပ်ခြားတွင် ပညာသင်ကြားနိုင်ရန် ပညာရေး နှင့်ပတ်သက်သည့် ချေးငွေ အမျိုးမျိုးကို ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။

Features

  • မြန်မာနိုင်ငံ နှင့် ပြည်ပရှိ နာမည်ကြီးတက္ကသိုလ်များနှင့် ပညာရေးဆိုင်ရာအဖွဲ့အစည်းများတွင် ပညာ ဆည်းပူး လေ့လာရန် သင်ကြားရေး စရိတ်၏ (၈၀) ရာခိုင်နှုန်း အထိ ချေးငွေ ထုတ်ချေးခွင့် ပြုပါမည်။
  • ကောလိပ် / တက္ကသိုလ်များမှ တောင်းဆိုချက် လက်ခံရရှိသည့်အခါ ချေးငွေအား အလီလီထုတ်ပေးပါမည်။
  • ဘော်ဒါ‌ဆောင် /နေထိုင်စရိတ်များ အတွက် ငွေချေးသူ စာရင်း သို့ နှစ်စဥ် ထည့်သွင်းပေးပါမည်။
  • ချေးငွေပြန်လည်ပေးဆပ်ရန်အတွက် သင်တန်းကာလ + final result ကြေငြာသည့် ရက်မှ (၁)နှစ် (သို့) အလုပ် ရရှိ သည့် ရက်မှ (၆)လ (ထိုနှစ်ခုအနက်မှ ပိုစောသည့်ရက်) စသည်ဖြင့် သတ်မှတ်ထားပြီး အများဆုံး(၅)နှစ် အထိ ခွင့်ပြု ထားပါသည်။

Rental Discounting ချေးယူရန် အကျုံး၀င်သည့် အချက်များ

  • ထူးချွန်သော ပညာရေးဆိုင်ရာ မှတ်တမ်းများ ရှိသဖြင့် မြန်မာနိုင်ငံရှိ အသိအမှတ်ပြု တက္ကသိုလ်များ/ အဖွဲ့အစည်း များနှင့် နာမည် ဂုဏ်သတင်း ကျော်ကြားသော နိုင်ငံခြား တက္ကသိုလ်များ/ အဖွဲ့အစည်းများတွင် ၀င်ခွင့် ရရှိသော ကျောင်းသား/ သူများ ဖြစ်ရပါမည်။

အာမခံပေးရမည့်သူများ

  • မိဘများနှင့်တွဲ၍ joint borrower အဖြစ် လျှောက်ထားရန်။
  • မိဘများ သက်ရှိထင်ရှားမရှိပါက အခြား ဆွေမျိုးတစ်ဦးကို joint borrower အဖြစ် ထားရှိရန်။

အာမခံပစ္စည်း

  • သင်တန်းအရည်အသွေး၊ ချေးငွေ လျှောက်ထားသူ၏ ပညာရေး နောက်ခံအခြေအနေနှင့် မြင့်မားသော အလုပ်ရရှိ နိုင်ခြေတို့အပေါ် မူတည်၍ အာမခံလိုအပ်ချက် တောင်းခံမှုကို ထည့်သွင်းဆုံးဖြတ်သွားပါမည်။

ချေးငွေလျှောက်ထားရန် လိုအပ်ချက်များ

ချေးငွေလျှောက်ထားချိန်တွင် ချေးငွေလျှောက်လွှာ နှင့်အတူ အောက်ပါစာရွက်စာတမ်းများကို လျှောက်ထားရပါမည်။

  • အမှတ်စာရင်းနှင့် လတ်တလောရရှိထားသည့် အောင်လက်မှတ်ဒီဂရီ မိတ္တူများ
  • ကောလိပ် / တက္ကသိုလ်မှထုတ်ပြန်ထားသည့် ကျောင်းလခ နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များ၊ အခြားအကျုံး၀င်သည့် ကုန်ကျစရိတ်များ၊ ငွေပေးချေမှု ပုံစံနှင့် ပေးရမည့်အကြိမ်ရေ
  • တက်ရောက်လေ့လာမည့် ကျောင်း/ ကောလိပ်နှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များ
  • အခြားသော ပြင်ပလှုပ်ရှားမှုများတွင် ပါ၀င်ဆောင်ရွက်မှုနှင့် အရည်အချင်းနှင့် သက်ဆိုင်သည့်အခြားသော စာရွက် စာတမ်း များ

အခကြေးငွေနှင့် ကုန်ကျစရိတ်များ

အတိုးနှုန်း

  • အာမခံပေးအပ်ခြင်းမရှိသည့် ချေးငွေများအတွက် တစ်နှစ်လျှင် ၁၄.၅၀%
  • အာမခံပေးအပ်သည့် ချေးငွေများ အတွက် တစ်နှစ် လျှင် ၁၀%

သက်တမ်းမပြည့်မီ ပြန်လည် ပေးဆပ်သည့် ပေါ်တွင် ကောက်ခံမည့် အခကြေးငွေ

  • ချေးငွေသက်တမ်း ၏ပထမ (၂)နှစ် အတွင်း ပြန်လည်ပေးဆပ်ပါက ပြန်လည် ပေးဆပ်သည့် ပမာဏ ပေါ် တွင် (၃%)။
  • ချေးငွေသက်တမ်း ၏ (၃)နှစ် အတွင်း ပြန်လည် ပေးဆပ်ပါက ပြန်လည် ပေးဆပ်သည့် ပမာဏပေါ် တွင် (၂%)။
  • ချေးငွေသက်တမ်း၏ (၃)နှစ် နောက်ပိုင်းတွင် ပြန်လည်ပေးဆပ်ပါက ပြန်လည်ပေးဆပ်သည့် ပမာဏ ပေါ်တွင် (၁%)။

အသေးစိတ်သိရှိလိုပါက 

uab Tower @ Times City, ကျွန်းတောလမ်း, ကမာရွတ်မြို့နယ်, ရန်ကုန် ၁၁၀၄၁, မြန်မာ
+95 1 470 7000
95 1 860 1025, +95 1 860 1015
info@uab.com.mm
Call Center: +95 1 355 1336 ~ 39

By Myanmar Education Guide (EDGE) 

Local Read 1309 times