မိုဇမ်ဘစ်နိုင်ငံတွင် နည်းပညာကျောင်းမှ ကျောင်းသားနှစ်ဦးတွင် ကိုရိုနာရောဂါပိုး တွေ့ရှိ

 

တောင်အာဖရိကနိုင်ငံ မိုဇမ်ဘစ်နိုင်ငံအလယ်ပိုင်းပြည်နယ်ရှိ Manica မြို့ တွင်ရှိသော နည်းပညာကျောင်း တစ်ခုတွင် ကျောင်းသား နှစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိခဲ့ရာ ပြီးခဲ့သည့် တနင်္လာနေ့တွင် ထိုကျောင်းကို ယာယီပိတ်ထားခဲ့ပါသည်။

မိုဇမ်ဘစ်ရေဒီယိုမှဖော်ပြချက်အရ ကျန်းမားရေးဌာနမှ တာဝန်ရှိသူများသည် အဆိုပါပိုးတွေ့ ကျောင်းသားနှစ်ဦးကို သီးသန့် ထားရှိပြီး ထိုကျောင်းတွင်ရှိသော ကျောင်းသား ၆၅ဦး၏ နမူနာများကို ကောက်ယူထားခဲ့ပြီး ကျောင်းအား ပိုးသတ်ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

“ကျွန်တော်တို့အနေဖြင့် ပိုးတွေ့ရှိသူများကို စိတ်ပိုင်းဆိုင်ရာတွင်သာမက လူမှုရေးလိုအပ်ချက်များကိုပါ ထောက်ပံ့ပေးထားပါတယ်၊ ကျန်ရှိနေသေးသည့် နမူနာများ၏ ဆေးစစ်ချက်များကိုလည်း စောင့်ဆိုင်းနေပါတယ်။” ဟု ကျန်းမာရေး ၀န်ဆောင်မှုများ၏ ပြည်နယ်ညွှန်ကြားရေးမှူး Xavier Isidoro က RM သို့ပြောကြားခဲ့သည်။

နည်းပညာကျောင်းများသာမက တက္ကသိုလ်များကို ငါးလကြာပိတ်ထားခဲ့ပြီးနောက်တွင် စက်တင်ဘာ ၁ရက် နေ့တွင် မိုဇမ်ဘစ်၏ အစိုးရမှ မျက်နှာချင်းဆိုင် သင်ရသည့် အတန်းများကို ပြန်လည် ဖွင့်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။

By Myanmar Education Guide - EDGE

Ref: CGTN News

Latest Post News Read 349 times