Korea မှာ ကျောင်းတက်ချင်တာ ဘယ်လိုလုပ်ရမလဲ

Korea မှာ ကျောင်းတက်ချင်တာ ဘယ်လိုလုပ်ရမလဲ

 **Zawgyi**

အေမးခံရအမ်ားဆုံး ေမးခြန္းပါ တစ္ခ်ိဳ႕ စီနီယာေတြ အျခားသူေတြလည္း တင္ထားဖူးတာေတြ ရွိပါတယ္။

အရင္ဆုံး ဘာလို႔ ကိုရီးယားကို လာခ်င္တာလဲဆိုတာ ကိုယ့္ကိုယ္ကို ျပန္ေမးေစခ်င္ပါတယ္။ တိက်ေသခ်ာတဲ့ အေျဖမရွိပဲ ဒီတိုင္းလာမယ္ဆိုတာကေတာ့ အဆင္မေျပပါဘူး။ ကိုယ့္ႏိုင္ငံမွာ တစ္ၿမိဳ႕တစ္႐ြာေျပာင္းေနတာေတာင္ မလြယ္ကူတာ သူမ်ားႏိုင္ငံမွာဆို ပိုဆိုးပါတယ္။

ေနာက္တစ္ခုက ရည္မွန္းခ်က္တစ္ခုနဲ႔ လာမယ္ဆိုရင္လည္း ကိုယ္တက္မဲ့ ေမဂ်ာကို ေသခ်ာေ႐ြးၿပီး အဲေမဂ်ာက ကိုယ့္ႏိုင္ငံမွာ ျပန္ၿပီး apply လုပ္လို႔ ရမရ ေသခ်ာေတြးေစခ်င္ပါတယ္
မဟုတ္ရင္ အခ်ိန္ကုန္တာပဲ အဖတ္တင္လို႔ပါ။

အရင္ဆုံး ျပင္ဆင္ရမွာေတြက ေတာ္ေတာ္မ်ားပါတယ္။ ေက်ာင္းတစ္ခုနဲ႔တစ္ခုမတူလို႔ စာ႐ြက္စာတမ္းေတြလည္း မတူတတ္ပါဘူး။

အဓိက အေနနဲ႔ ေပးရမွာေတြက ပညာေရးအေထာက္အထားေတြ၊ အိမ္ေထာင္ေရးအေထာက္အထားေတြ၊ certificate ေတြ - ဒီေနရာမွာ certificate ဆိုတာ အေရအတြက္မ်ားမ်ားရထားတဲ့ဟာေတြက သိပ္အသုံးမဝင္ပါဘူး ကိုယ္ေလွ်ာက္မဲ့ ဘာသာရပ္ကို အေထာက္အကူျပဳႏိုင္တဲ့ စာ႐ြက္စာတမ္းေတြကသာ အဆုံးအျဖတ္ေပးတာပါ။

ေနာက္တစ္ခု ေသခ်ာဆုံးျဖတ္ရမွာက MA or BA တက္မလားဆိုတာပါ။ ဒီကေက်ာင္း ေတာ္ေတာ္မ်ားမ်ားမွာ MA class ေတြဟာ အတန္းခ်ိန္နည္းပါတယ္။ ဒါေပမဲ့ MA join ႏိုင္ဖို႔အတြက္ တက္မဲ့ ဘာသာနဲ႔ ပတ္သက္တဲ့ အေထာက္အထားကို အခိုင္အမာ ျပႏိုင္ရပါတယ္။

BA ဆိုရင္ေတာ့ အတန္းေတြမ်ားပါတယ္။ ဒါေပမဲ့ group ေတြနဲ႔ အတူ စာေတြလုပ္သြားရင္း ေလ့လာသြားလို႔ရပါတယ္။ MA တက္ရင္ေတာ့ အားလုံးဟာ self-study ပါပဲ။ ေက်ာင္းသားအသစ္မို႔လို႔ စကားမတတ္ေသးလို႔ ေလွ်ာ္ေပးတာမ်ိဳး မရွိပါဘူး။

ေက်ာင္းစဖြင့္ကတည္းက presentation ဆိုတာ ဆက္တိုက္ပါ။ ခြဲျခားဆက္ဆံခံရမွာေတြ lonely ျဖစ္မွာေတြ စာမႏိုင္မွာေတြ အဲတာေတြ မခံစားႏိုင္ရင္ေတာ့ မလာတာ အေကာင္းဆုံးပါ
ကိုယ္ပဲ စိတ္ဆင္းရဲပင္ပန္းလို႔ပါ။
 

Read More >> Global MBA သင္တန္းအတြက္ ေလွ်ာက္လႊာေခၚယူျခင္း

source: All about Myanmar

 

**Unicode**

အမေးခံရအများဆုံး မေးခွန်းပါ တစ်ချို့ စီနီယာတွေ အခြားသူတွေလည်း တင်ထားဖူးတာတွေ ရှိပါတယ်။

အရင်ဆုံး ဘာလို့ ကိုရီးယားကို လာချင်တာလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးစေချင်ပါတယ်။ တိကျသေချာတဲ့ အဖြေမရှိပဲ ဒီတိုင်းလာမယ်ဆိုတာကတော့ အဆင်မပြေပါဘူး။ ကိုယ့်နိုင်ငံမှာ တစ်မြို့တစ်ရွာပြောင်းနေတာတောင် မလွယ်ကူတာ သူများနိုင်ငံမှာဆို ပိုဆိုးပါတယ်။

နောက်တစ်ခုက ရည်မှန်းချက်တစ်ခုနဲ့ လာမယ်ဆိုရင်လည်း ကိုယ်တက်မဲ့ မေဂျာကို သေချာရွေးပြီး အဲမေဂျာက ကိုယ့်နိုင်ငံမှာ ပြန်ပြီး apply လုပ်လို့ ရမရ သေချာတွေးစေချင်ပါတယ်
မဟုတ်ရင် အချိန်ကုန်တာပဲ အဖတ်တင်လို့ပါ။

အရင်ဆုံး ပြင်ဆင်ရမှာတွေက တော်တော်များပါတယ်။ ကျောင်းတစ်ခုနဲ့တစ်ခုမတူလို့ စာရွက်စာတမ်းတွေလည်း မတူတတ်ပါဘူး။

အဓိက အနေနဲ့ ပေးရမှာတွေက ပညာရေးအထောက်အထားတွေ၊ အိမ်ထောင်ရေးအထောက်အထားတွေ၊ certificate တွေ - ဒီနေရာမှာ certificate ဆိုတာ အရေအတွက်များများရထားတဲ့ဟာတွေက သိပ်အသုံးမဝင်ပါဘူး ကိုယ်လျှောက်မဲ့ ဘာသာရပ်ကို အထောက်အကူပြုနိုင်တဲ့ စာရွက်စာတမ်းတွေကသာ အဆုံးအဖြတ်ပေးတာပါ။

နောက်တစ်ခု သေချာဆုံးဖြတ်ရမှာက MA or BA တက်မလားဆိုတာပါ။ ဒီကကျောင်း တော်တော်များများမှာ MA class တွေဟာ အတန်းချိန်နည်းပါတယ်။ ဒါပေမဲ့ MA join နိုင်ဖို့အတွက် တက်မဲ့ ဘာသာနဲ့ ပတ်သက်တဲ့ အထောက်အထားကို အခိုင်အမာ ပြနိုင်ရပါတယ်။

BA ဆိုရင်တော့ အတန်းတွေများပါတယ်။ ဒါပေမဲ့ group တွေနဲ့ အတူ စာတွေလုပ်သွားရင်း လေ့လာသွားလို့ရပါတယ်။ MA တက်ရင်တော့ အားလုံးဟာ self-study ပါပဲ။ ကျောင်းသားအသစ်မို့လို့ စကားမတတ်သေးလို့ လျှော်ပေးတာမျိုး မရှိပါဘူး။

ကျောင်းစဖွင့်ကတည်းက presentation ဆိုတာ ဆက်တိုက်ပါ။ ခွဲခြားဆက်ဆံခံရမှာတွေ lonely ဖြစ်မှာတွေ စာမနိုင်မှာတွေ အဲတာတွေ မခံစားနိုင်ရင်တော့ မလာတာ အကောင်းဆုံးပါ
ကိုယ်ပဲ စိတ်ဆင်းရဲပင်ပန်းလို့ပါ။
 

Read More >> Global MBA သင်တန်းအတွက် လျှောက်လွှာခေါ်ယူခြင်း

Source: All about Myanmar

 

News Tips Latest Post Read 6707 times