Sales Hotline : 09448001653       Download App



IELTS အကြောင်း သိကောင်းစရာများ

 

မြန်မာနိုင်ငံမှ နိုင်ငံရပ်ခြားသို့ ပညာသင်သွားရန် ပြင်ဆင်ကြရာတွင် လူကြိုက်အများဆုံးဟု ဆိုရမည့် စာမေးပွဲတစ်ခု ဖြစ်သည့် IELTS (International Language Testing System) ကို အဖွဲ့အစည်းများ၊ အလုပ်ရှင်များ၊ ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ အာဏာရှင်များနှင့် တက္ကသိုလ်ကျောင်းပေါင်း တစ်သိန်းကျော်မှ လက်ခံထားသည့် စနစ်တစ် ခုဖြစ်သည်။

IELTS ဟုဆိုရာတွင် ဖြေဆိုနိုင်မည့် အမျိုးအစား နှစ်မျိုးရှိပါသည်။ IELTS Academic နှင့် IELTS General Training ဖြစ်ပြီး ကျောင်းများ၊ ပညာသင်ဆုများ ဖြေဆိုရာတွင် IELTS Academic ကို ရွေးချယ် ဖြေဆိုရမည် ဖြစ်သည်။

IELTS Academic မှာ ဘွဲ့ကြို သို့မဟုတ် ဘွဲ့လွန် အတွက် ပညာသင်ကြားရန် နှင့် အင်္ဂလိပ်ဘာသာ စကားပြောသော နိုင်ငံများတွင် မှတ်ပုံတင်စာရင်းသွင်းမှုကို ပြုလုပ်ရန်တို့အတွက် ဖြေဆိုရသော စာမေးပွဲ ဖြစ်သည်။

IELTS General Training ကတော့ အင်္ဂလိပ်ဘာသာစကားပြောဆိုသော နိုင်ငံတွင် အလုပ်လုပ်ရန် သို့မဟုတ် အလုပ်နှင့်ဆက်စပ်သော သင်တန်းများတက်ရောက်ရန်၊ အင်္ဂလိပ်ဘာသာစကားပြောဆိုသော နိုင်ငံအတွင်းသို့ ပြောင်းရွှေ့နေထိုင်ရန် နှင့် ဒီဂရီအဆင့်ထက်နိမ့်သော ပညာရေးဆည်းပူးရန် အစရှိသော အကြောင်းအရာများအတွက် ဖြေဆိုရသော စာမေးပွဲဖြစ်သည်။

ထို့အပြင် 'IELTS for UKVI' ဆိုသည့် ခေါင်းစဉ်ခွဲ တစ်ခုလည်း ရှိသေးသည်။ 'IELTS for UKVI' သည် UKအစိုးရ အသိအမှတ်ပြု ထားသော လုံခြုံစိတ်ချရသည့် အင်္ဂလိပ်ဘာသာစကား စစ်ဆေးမှု (SELT)ဖြစ်သည်။

ဆိုလိုသည်မှာ IELTS ကို UK ဗီဇာနှင့် လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာလိုအပ်ချက်များ (UKVI) အတွက် လျှောက်ထားရာတွင် သင်၏ အင်္ဂလိပ်ဘာသာစကားစွမ်းရည်ကို သက်သေပြရာတွင် အသုံးပြုနိုင်ခြင်းဖြစ်သည်။

IELTS ဖြေဆိုရတာတွင် အပိုင်းလေးပိုင်း ပါဝင်ပြီး နှစ်ခါဖြေဆိုရမည် ဖြစ်သည်။ Listening၊ Reading နှင့် Writing ကို တစ်ရက်တည်း ဖြေဆိုနိုင်ပြီး Speaking ကိုတော့ ကျန် သုံးခုမဖြေခင် သို့ မဟုတ် ဖြေပြီး တစ်ပတ်အတွင်း ဖြေဆိုရမည်ဖြစ်သည်။

Listening ကို ဖြေဆိုရာတွင် အပိုင်းလေးပိုင်း ပါဝင်ပြီး ဖြေဆိုချိန် မိနစ် ၃၀ နှင့် အဖြေများကို အဖြေလွှာတွင် ရေးနိုင်ရန် ၁၀ မိနစ်၊ စုစုပေါင်း မိနစ် ၄၀ အချိန်ပေးရမည်ဖြစ်သည်။

Reading တွင် ဖတ်ရှုကာမေးခွန်းများကို ဖြေရသော စာပိုဒ်ရှည် (၃) ပိုဒ်ပါရှိ မည်ဖြစ်ပြီး ကြာချိန်မှာ မိနစ် ၆၀ ဖြစ်သည်။

Writing အပိုင်းတွင် တော့ ဖြေဆိုရမည့် အပိုင်း နှစ်ပိုင်းရှိပြီး Reading ကဲ့သို့ပင်မိနစ် ၆၀ အချိန်ပေးရမည် ဖြစ်သည်။

Speaking အတွက် အပိုင်း (၃) ပိုင်းပါဝင်သော မျက်နှာချင်းဆိုင် အင်တာဗျူးတစ်ခု အားဖြေဆိုရမည်ဖြစ်ပြီး စုစုပေါင်း ကြာချိန်မှာ ၁၁ မိနစ် မှ ၁၄ မိနစ် အတွင်း ဖြစ်ပါသည်။

စာမေးပွဲ ဖြေရာတွင် နည်းနှစ်နည်း ဖြင့်ဖြေဆိုနိင်ပါသည်။ စာရွက်ဖြင့် ဖြေဆိုခြင်း (Paper Based IELTS test) နှင့် ကွန်ပြူတာဖြင့် ဖြေဆိုခြင်း (Computer Based IELTS test) တို့ဖြစ်ပါသည်။

Paper Based IELTS test ကို ရွေးချယ်ပါက အွန်လိုင်းတွင် IELTS ရလဒ်များကို စာမေးပွဲဖြေဆိုပြီး ၁၃ ရက်အကြာတွင် ကြိုတင်ကြည့်ရှုနိုင်ပါသည်။ ကွန်ပျူတာဖြင့်ဖြေဆိုရသော IELTS ကိုဖြေဆိုထားပါက အွန်လိုင်း တွင် IELTS ရလဒ်များကို စာမေးပွဲဖြေဆိုပြီး ၃ ရက် မှ ၅ ရက်အတွင်း ကြိုတင်ကြည့်ရှုနိုင်ပါသည်။

IELTS ရလဒ် (Test Report Form - TRF) ကို အမြန်ချောပို့ဖြင့် paper-based စာမေးပွဲဖြေဆိုပြီး ၁၃ ရက်အကြာတွင် ပို့ပေးမည်ဖြစ်ပြီး computer-delivered စာမေးပွဲဖြေဆိုထားပါက ဖြေဆိုပြီး ၃ ရက် မှ ၅ ရက်အတွင်း ပို့ဆောင်ပေးပါမည်။ TRF ၏ တရားဝင်သက်တမ်းများက ၂ နှစ် ဖြစ်ပြီး ထိုကာလထက် ကျော်သွားပါက တက္ကသိုလ်များက လက်ခံမည်မဟုတ်ပါဘူး။

စာမေးပွဲဖြေဆိုရန် အွန်လိုင်းတွင် ကြိုတင်စာရင်းသွင်းနိုင်ပြီး သတ်မှတ်ရက် မတိုင်မီ British Council သို့ သွားရောက် ငွေသွင်းရမည်ဖြစ်သည်။ စာမေးပွဲနေ့များကို တစ်နှစ်စာ ကြိုတင်သတ်မှတ်ထားပြီး British Council ၏ ဝက်ဘ်ဆိုက်တွင် တင်ထားပြီးသားဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက >> Click Here <<<

စာဖြေဌာနမှာ MICT Park ထဲရှိ Myanmar Info Tech တွင် ဖြေဆိုရမည် ဖြစ်သည်။

By Myanmar Education Guide - EDGE 

Latest Post Tips Read 2559 times