သင်တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲဖြေဆိုရန် (လပိုင်း) လောက်သာလိုတော့တယ်ဆိုရင်

**Zawgyi**

** တကၠသုိလ္ဝင္တန္း (ဆယ္တန္း) စာေမးပြဲဟာ ေက်ာင္းသား/သူတိုင္း၊ မိဘတိုင္း စြဲျမဲစြာ သိထားေသာအရာမွာ ဘဝရဲ႕မွတ္တိုင္၊ ပန္းတိုင္၊ ဘဝမွာျဖတ္ေက်ာ္ရမဲ့ အႀကီးမားဆံုးအခ်က္လို႔ တင္စားသိၾကပါတယ္။


** အမွန္ပါပဲ တကၠသုိလ္ဝင္တန္းစာေမးပြဲဟာဆိုရင္ ေက်ာင္းသား/သူေတြဘဝရဲ႕ ေအာင္ျမင္မႈတစ္ဆစ္ခ်ိဳး ပန္းတုိင္တစ္ခုစိုက္ထူႏိုင္မယ့္ အရာတစ္ခုပါ။


** ဒါဆိုရင္ တကၠသုိလ္ဝင္တန္း ေျဖဆိုမယ့္ ေက်ာင္းသား/သူတစ္ေယာက္ဟာဆိုရင္ စာေမးပြဲေျဖဆိုရန္ (လပိုင္း) ေလာက္သာလိုေတာ့တယ္ဆိုရင္ က်က္မွတ္ထားတဲ့ စာေတြကို ဘယ္လိုျပန္ျပင္ဆင္မလဲဆိုတာက အေရးအႀကီးဆံုးပါ။


** အမ်ားအားျဖင့္ ဒီဇင္ဘာလ ေလာက္ဆိုရင္ သင္ခန္းစာအေတာ္မ်ားမ်ားၿပီးေနပါၿပီ။ တခ်ိဳ႕ေက်ာင္းေတြဆိုရင္ (Revision) ေတာင္ ျပန္လုပ္ေနၾကပါၿပီ။ အမွတ္ေကာင္းဖို႔၊ ဂုဏ္ထူးထြက္ဖုိ႔ ျပန္လည္က်က္မွတ္ေနၾကပါၿပီ။


** အဓိက အပိုင္း (၃) ပိုင္းရွိပါတယ္။
(က) စာေမးပြဲေအာင္သြားဖို႔ပါ။
(ခ) စာေမးပြဲမွာ အမွတ္ေကာင္းေကာင္းရဖို႔ပါ။
(ဂ) စာေမးပြဲမွာ ဂုဏ္ထူးထြက္ဖို႔ပါ။


** ပထမအခ်က္အေနနဲ႔ ေက်ာင္းသား/သူေတြဟာ စာေမးပြဲ ေအာင္ျမင္ဖို႔က အေရးႀကီးတယ္၊ ေအာင္ရမယ္ဆိုတဲ့စိတ္နဲ႔ က်က္မွတ္ရၾကပါတယ္။


** ဒုတိယအခ်က္အေနနဲ႔ ေက်ာင္းသား/သူေတြဟာ အမွတ္မ်ားေအာင္က်က္မွတ္ၾကပါတယ္။ အမွတ္မ်ားမွသာ ကိုယ္လိုခ်င္တဲ့ လိုင္းကို တက္ေရာက္ႏိုင္မွာပဲ ဆိုတဲ့စိတ္န႔ဲ ပိုမိုက်က္မွတ္ၾကပါတယ္။


** တတိယအခ်က္အေနနဲ႔ ေက်ာင္းသား/သူေတြဟာ ဂုဏ္ထူးထြက္ေအာင္ႀကိဳးစားက်က္မွတ္ၾကပါတယ္။ ဂုဏ္ထူးသာ ထြက္မယ္ဆိုရင္ လိုခ်င္တဲ႔ လိုင္းကို ပိုၿပီးက်ယ္ျပန္႔စြာ ေရြးခ်ယ္ႏိုင္တယ္ဆိုနဲ႔ စိတ္နဲ႔ က်က္မွတ္ၾကပါတယ္။ ဒါက ေက်ာင္းသား/သူ ေတြစိတ္ထဲမွာ သိထားတဲ႔ အမွန္တရားတစ္ခုလိုကို ျဖစ္ေနတာပါ။


** ကဲ…. ဒါဆိုရင္ ငါတို႔ေတြဟာ တစ္ႏွစ္ပတ္လံုးစာကိုႀကိဳးစားလုပ္ခဲ့ၿပီၿပီ အခု ငါတို႔က်က္မွတ္ထားခဲ့တဲ့ စာေတြ ရ/မရ ဘယ္လိုျပန္စစ္မလဲ။ က်န္ေသးတဲ့ စာေတြကိုပဲ ထပ္က်က္ရမလား။ ၿပီးခဲ့တာကိုပဲ ျပန္လုပ္ရမလား။ ေခါင္းရႈပ္စရာ အေတြးေတြပါ။


** လံုးဝကို ေတြးပူေနစရာမလိုတဲ့အခ်က္ပါပဲ။ ကိုယ္က်က္မွတ္ေလ့လာတြက္ခ်က္ထားတ့ဲ စာေတြကိုသာ အရင္ပုိင္ႏိုင္ေအာင္ ျပန္လုပ္ပါ။ မႏိုင္မနင္း ေရွ႕ဆက္တိုး၊ ေနာက္စာကေမ့၊ အလယ္ကသတိမရေတာ့ရင္ အကုန္သဲထဲေရသြန္ျဖစ္သြားပါလိမ့္မယ္။


** ဒီလိုအခ်ိန္မွာ ေက်ာင္းသား/သူတိုင္း ပူေဆြးေသာကေရာက္ေနတာကို ထုတ္ပစ္လိုက္ပါ။
** မ်ားေသာအားျဖင့္ တကၠသုိလ္ဝင္ စာေမးပြဲကို ဝင္ေရာက္ေျဖဆိုမယ့္ ေက်ာင္းသား တစ္ေယာက္စာ စာက်က္ခ်ိန္က ဘယ္ေလာက္ထားသင့္သလဲေပါ့။ ေက်ာင္းသား/သူ အကုန္သိပါတယ္ စာက်က္ခ်ိန္ တစ္ေန႔ကို (၆) နာရီထားေပးရမယ္ဆိုတာ။


** ဒါဆိုရင္ တစ္ခုေလာက္ထပ္စဥ္းစားေပးၾကပါအံုး၊ ဘယ္လိုေက်ာင္းသား/သူေတြက စာက်က္ခ်ိန္ (၆) နာရီအျပည့္ထားသလဲ၊ အမ်ားစုေသာ ေက်ာင္းသားေတြ စာက်က္ခ်ိန္(၆) နာရီ လံုးဝမထားပါဘူး။


** သင္က်က္စာတစ္ပုဒ္ကို က်က္ၾကည့္ပါ။ က်က္စာဆိုတာမ်ိဳးက အခ်ိန္(၁) နာရီထက္ ပိုၿပီး က်က္မွတ္လိုက္နဲ႔ ေခါင္းကထူပူသြားၿပီ။ ဘယ္ေလာက္ပဲ ေရွ႕ဆက္တိုးက်က္မွတ္ေနပါေစ စာအကုန္မရႏိုင္ေတာ့ဘူး။ ဖတ္ရံုေလာက္ပဲ ရမယ္။ နားၿပီးမွပဲ ဆက္လက္က်က္မွတ္လို႔ရမယ္။ အဲ့ဒီလိုအခ်ိန္ဆို ေရွ႕ဆက္မက်က္ပါနဲ႔ေတာ့။ အကုန္ေရာၿပီးေမ့သြားတတ္ပါတယ္။


** တြက္စာလဲ ဒီလိုပါပဲ (၁) နာရီေက်ာ္ေလာက္ဆိုတာနဲ႔ ေရွ႕ဆက္တြက္ၾကည့္လို႔ အဆင္မေျပေတာ့ဘူး။ လုပ္ခ်င္စိတ္ပါမရွိေတာ့တဲ့ အေျခအေနေတြလဲရွိေနပါတယ္။ အဲ့လိုအခ်ိန္ဆို မ်က္လံုးခနေလာက္ အနားေပးထားလိုက္ပါ။ ဦးေႏွာက္နဲနဲ ေအးေအးေလးထားလိုက္ပါ။


** စာကိုစုၿပံဳၿပီးလုပ္လို႔ကို မရတာပါ။ ဒါေၾကာင့္လဲ ေက်ာင္းမ်ာ ဆရာ/ဆရာမေတြကအၿမဲေျပာၾကပါတယ္ တစ္ေန႔စာ တစ္ေန႔ အၿပီးလုပ္ၾကပါေပါ့။ ပံုမွန္လုပ္ၾကပါေပါ့။


** စာကို (၆) နာရီလုပ္ရမယ္ဆုိေပမဲ့လည္း အျပည့္အဝ က်က္တဲ့ေက်ာင္းသား (၁၀၀%) မွာ (၁၀%) မရွိသေလာက္ပါပဲ။ အျပည့္အဝ (၆) နာရီအခ်ိန္ေပးၿပီး က်က္ေနပါတယ္ဆိုတဲ့ ေက်ာင္းသားဟာဆိုရင္လဲ အင္မတန္ကို ထက္ျမက္ၿပီးေတာ္တဲ့ ေက်ာင္းသားပါပဲ။


** အဓိေျပာခ်င္တာက ကိုယ္ရၿပီးသားစာေတြကို ျပန္က်က္မွတ္ေလ့လာတြက္ခ်က္ပါ။ ရ/မရ ေသခ်ာျပန္စစ္ၾကည့္ေပးပါ။ ဟိုစာ၊ သည္စာ၊ "ဗ်ာ" မ်ားမေနပါနဲ႔။


** သင္ခန္းစာ အကုန္က်က္မွ ေအာင္မယ္ ေျပာထားတာမရွိပါဘူး။ ဒီေနရာမွာ ဆရာ/ဆရာမေတြရဲ႕ လမ္းညႊန္ေျပာျပေပးမႈေတြဟာ ေက်ာင္းသား/သူေတြကို အေထာက္အပံ့ေကာင္းေကာင္းေပးပါလိမ့္မယ္။


**အေရးႀကီးတာက
(၁) ကိုယ္ရဲ႕ တစ္ေန႔တာအခ်ိန္ထဲက ကိုယ္အမွန္တကယ္ စာက်က္မွတ္ေလ့လာတြက္ခ်က္မယ့္ အခ်ိန္ကိုသီးသန္႔ထုတ္ထားပါ။
(၂) ကိုယ္အစီအစဥ္နဲ႔ ကိုယ္ အခ်ိန္ဇယားတစ္ခုကို ေရးဆြဲလိုက္ပါ။(ဘယ္အခ်ိန္ ဘယ္ဘာသာက်က္မွတ္မလဲေပါ့။)
(၃) ရၿပီးေသာ စာမ်ားနဲ႔ ေအာင္ဖို႔အတြက္ကိုသာ အဓိကဦးစားေပးပါ။
(၄) ကိုယ္လုပ္ခဲ့တဲ့ စာေတြသာ အမွန္တကယ္ရၿပီဆိုရင္ အမွတ္မ်ားဖို႔ ထပ္တိုး၍ က်က္မွတ္ေလ့လာတြက္ခ်က္ပါ။
(၅) အားလံုးအဆင္ေျပေနၿပီဆိုရင္ ဂုဏ္ထူးထြက္ဖို႔ သင္ႀကိဳးစားၾကည့္လိုက္ပါ။


** တစ္ဆင့္ၿပီးတစ္ဆင့္ ပိုမိုႀကိဳးစားၾကည့္လိုက္ပါ။ သင္အဆင္ေျပစြာ လုပ္ေဆာင္လာႏိုင္ပါလိမ့္မယ္။ စာမရလို႔ ဖိအားအရမ္းမ်ားမေနပါနဲ႔။ အခ်ိန္အနည္းငယ္သာ က်န္ေတာ့တယ္ဆိုေပမဲ့ ပံုမွန္ေလး အခ်ိန္ေပးၿပီး ျပန္လည္ က်က္မွတ္ေလ့လာတြက္ခ်က္မယ္ဆိုရင္ သင္အမွန္တကယ္ တကၠသုိလ္ဝင္တန္း(ဆယ္တန္း) ကို ေအာင္ျမင္သြားပါလိမ့္မယ္။ ယံုၾကည္ခ်က္ရွိရွိျဖင့္ ေရွ႕ဆက္သြားပါ။ အမွန္တကယ္ ဒီေတာင္ကို ျဖတ္ေက်ာ္ႏိုင္ပါလိမ့္မယ္။


** တကၠသုိလ္ဝင္တန္းေျဖဆိုမည့္ ေက်ာင္းသား/သူမ်ားအတြက္ အႀကံဳျပဳေဆာင္းပါးေလးျဖစ္ပါတယ္။ သင္သာ ဒီေဆာင္းပါးကို ဖတ္မိလို႔ တစ္စံုတစ္ရာေသာ အႀကံေလးမ်ား၊ အေတြးအေခၚေလးမ်ား ရရွိသြားခဲ့ရင္၊ အေထာက္အပံ့ျဖစ္ေစခဲ့ရင္ ေရးသားရျခင္းမွာ အလြန္ပင္ေက်နပ္မိပါေတာ့သည္။ **


(မိမိေက်ာ္ျဖတ္ခဲ့ရေသာ တကၠသုိလ္ဝင္တန္း(ဆယ္တန္း) ေက်ာင္းသူဘဝ၏ အေတြ႔အႀကံဳျဖင့္ ဆရာ/ဆရာမမ်ား၏ ညႊန္ၾကားခ်က္မ်ားအား အေျခခံ၍ ေရးသားျခင္းျဖစ္ပါတယ္။)
Authoress by Phyoe Thazin Shwe

**Unicode**

** တက္ကသိုလ်ဝင်တန်း (ဆယ်တန်း) စာမေးပွဲဟာ ကျောင်းသား/သူတိုင်း၊ မိဘတိုင်း စွဲမြဲစွာ သိထားသောအရာမှာ ဘဝရဲ့မှတ်တိုင်၊ ပန်းတိုင်၊ ဘဝမှာဖြတ်ကျော်ရမဲ့ အကြီးမားဆုံးအချက်လို့ တင်စားသိကြပါတယ်။


** အမှန်ပါပဲ တက္ကသိုလ်ဝင်တန်းစာမေးပွဲဟာဆိုရင် ကျောင်းသား/သူတွေဘဝရဲ့ အောင်မြင်မှုတစ်ဆစ်ချိုး ပန်းတိုင်တစ်ခုစိုက်ထူနိုင်မယ့် အရာတစ်ခုပါ။


** ဒါဆိုရင် တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့် ကျောင်းသား/သူတစ်ယောက်ဟာဆိုရင် စာမေးပွဲဖြေဆိုရန် (လပိုင်း) လောက်သာလိုတော့တယ်ဆိုရင် ကျက်မှတ်ထားတဲ့ စာတွေကို ဘယ်လိုပြန်ပြင်ဆင်မလဲဆိုတာက အရေးအကြီးဆုံးပါ။


** အများအားဖြင့် ဒီဇင်ဘာလ လောက်ဆိုရင် သင်ခန်းစာအတော်များများပြီးနေပါပြီ။ တချို့ကျောင်းတွေဆိုရင် (Revision) တောင် ပြန်လုပ်နေကြပါပြီ။ အမှတ်ကောင်းဖို့၊ ဂုဏ်ထူးထွက်ဖို့ ပြန်လည်ကျက်မှတ်နေကြပါပြီ။


** အဓိက အပိုင်း (၃) ပိုင်းရှိပါတယ်။
(က) စာမေးပွဲအောင်သွားဖို့ပါ။
(ခ) စာမေးပွဲမှာ အမှတ်ကောင်းကောင်းရဖို့ပါ။
(ဂ) စာမေးပွဲမှာ ဂုဏ်ထူးထွက်ဖို့ပါ။


** ပထမအချက်အနေနဲ့ ကျောင်းသား/သူတွေဟာ စာမေးပွဲ အောင်မြင်ဖို့က အရေးကြီးတယ်၊ အောင်ရမယ်ဆိုတဲ့စိတ်နဲ့ ကျက်မှတ်ရကြပါတယ်။


** ဒုတိယအချက်အနေနဲ့ ကျောင်းသား/သူတွေဟာ အမှတ်များအောင်ကျက်မှတ်ကြပါတယ်။ အမှတ်များမှသာ ကိုယ်လိုချင်တဲ့ လိုင်းကို တက်ရောက်နိုင်မှာပဲ ဆိုတဲ့စိတ်နဲ့ ပိုမိုကျက်မှတ်ကြပါတယ်။


** တတိယအချက်အနေနဲ့ ကျောင်းသား/သူတွေဟာ ဂုဏ်ထူးထွက်အောင်ကြိုးစားကျက်မှတ်ကြပါတယ်။ ဂုဏ်ထူးသာ ထွက်မယ်ဆိုရင် လိုချင်တဲ့ လိုင်းကို ပိုပြီးကျယ်ပြန့်စွာ ရွေးချယ်နိုင်တယ်ဆိုနဲ့ စိတ်နဲ့ ကျက်မှတ်ကြပါတယ်။ ဒါက ကျောင်းသား/သူ တွေစိတ်ထဲမှာ သိထားတဲ့ အမှန်တရားတစ်ခုလိုကို ဖြစ်နေတာပါ။


** ကဲ…. ဒါဆိုရင် ငါတို့တွေဟာ တစ်နှစ်ပတ်လုံးစာကိုကြိုးစားလုပ်ခဲ့ပြီပြီ အခု ငါတို့ကျက်မှတ်ထားခဲ့တဲ့ စာတွေ ရ/မရ ဘယ်လိုပြန်စစ်မလဲ။ ကျန်သေးတဲ့ စာတွေကိုပဲ ထပ်ကျက်ရမလား။ ပြီးခဲ့တာကိုပဲ ပြန်လုပ်ရမလား။ ခေါင်းရှုပ်စရာ အတွေးတွေပါ။


** လုံးဝကို တွေးပူနေစရာမလိုတဲ့အချက်ပါပဲ။ ကိုယ်ကျက်မှတ်လေ့လာတွက်ချက်ထားတဲ့ စာတွေကိုသာ အရင်ပိုင်နိုင်အောင် ပြန်လုပ်ပါ။ မနိုင်မနင်း ရှေ့ဆက်တိုး၊ နောက်စာကမေ့၊ အလယ်ကသတိမရတော့ရင် အကုန်သဲထဲရေသွန်ဖြစ်သွားပါလိမ့်မယ်။


** ဒီလိုအချိန်မှာ ကျောင်းသား/သူတိုင်း ပူဆွေးသောကရောက်နေတာကို ထုတ်ပစ်လိုက်ပါ။


** များသောအားဖြင့် တက္ကသိုလ်ဝင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုမယ့် ကျောင်းသား တစ်ယောက်စာ စာကျက်ချိန်က ဘယ်လောက်ထားသင့်သလဲပေါ့။ ကျောင်းသား/သူ အကုန်သိပါတယ် စာကျက်ချိန် တစ်နေ့ကို (၆) နာရီထားပေးရမယ်ဆိုတာ။


** ဒါဆိုရင် တစ်ခုလောက်ထပ်စဉ်းစားပေးကြပါအုံး၊ ဘယ်လိုကျောင်းသား/သူတွေက စာကျက်ချိန် (၆) နာရီအပြည့်ထားသလဲ၊ အများစုသော ကျောင်းသားတွေ စာကျက်ချိန်(၆) နာရီ လုံးဝမထားပါဘူး။


** သင်ကျက်စာတစ်ပုဒ်ကို ကျက်ကြည့်ပါ။ ကျက်စာဆိုတာမျိုးက အချိန်(၁) နာရီထက် ပိုပြီး ကျက်မှတ်လိုက်နဲ့ ခေါင်းကထူပူသွားပြီ။ ဘယ်လောက်ပဲ ရှေ့ဆက်တိုးကျက်မှတ်နေပါစေ စာအကုန်မရနိုင်တော့ဘူး။ ဖတ်ရုံလောက်ပဲ ရမယ်။ နားပြီးမှပဲ ဆက်လက်ကျက်မှတ်လို့ရမယ်။ အဲ့ဒီလိုအချိန်ဆို ရှေ့ဆက်မကျက်ပါနဲ့တော့။ အကုန်ရောပြီးမေ့သွားတတ်ပါတယ်။


** တွက်စာလဲ ဒီလိုပါပဲ (၁) နာရီကျော်လောက်ဆိုတာနဲ့ ရှေ့ဆက်တွက်ကြည့်လို့ အဆင်မပြေတော့ဘူး။ လုပ်ချင်စိတ်ပါမရှိတော့တဲ့ အခြေအနေတွေလဲရှိနေပါတယ်။ အဲ့လိုအချိန်ဆို မျက်လုံးခနလောက် အနားပေးထားလိုက်ပါ။ ဦးနှောက်နဲနဲ အေးအေးလေးထားလိုက်ပါ။


** စာကိုစုပြုံပြီးလုပ်လို့ကို မရတာပါ။ ဒါကြောင့်လဲ ကျောင်းမျာ ဆရာ/ဆရာမတွေကအမြဲပြောကြပါတယ် တစ်နေ့စာ တစ်နေ့ အပြီးလုပ်ကြပါပေါ့။ ပုံမှန်လုပ်ကြပါပေါ့။


** စာကို (၆) နာရီလုပ်ရမယ်ဆိုပေမဲ့လည်း အပြည့်အဝ ကျက်တဲ့ကျောင်းသား (၁၀၀%) မှာ (၁၀%) မရှိသလောက်ပါပဲ။ အပြည့်အဝ (၆) နာရီအချိန်ပေးပြီး ကျက်နေပါတယ်ဆိုတဲ့ ကျောင်းသားဟာဆိုရင်လဲ အင်မတန်ကို ထက်မြက်ပြီးတော်တဲ့ ကျောင်းသားပါပဲ။


** အဓိပြောချင်တာက ကိုယ်ရပြီးသားစာတွေကို ပြန်ကျက်မှတ်လေ့လာတွက်ချက်ပါ။ ရ/မရ သေချာပြန်စစ်ကြည့်ပေးပါ။ ဟိုစာ၊ သည်စာ၊ "ဗျာ" များမနေပါနဲ့။


** သင်ခန်းစာ အကုန်ကျက်မှ အောင်မယ် ပြောထားတာမရှိပါဘူး။ ဒီနေရာမှာ ဆရာ/ဆရာမတွေရဲ့ လမ်းညွှန်ပြောပြပေးမှုတွေဟာ ကျောင်းသား/သူတွေကို အထောက်အပံ့ကောင်းကောင်းပေးပါလိမ့်မယ်။


**အရေးကြီးတာက
(၁) ကိုယ်ရဲ့ တစ်နေ့တာအချိန်ထဲက ကိုယ်အမှန်တကယ် စာကျက်မှတ်လေ့လာတွက်ချက်မယ့် အချိန်ကိုသီးသန့်ထုတ်ထားပါ။
(၂) ကိုယ်အစီအစဉ်နဲ့ ကိုယ် အချိန်ဇယားတစ်ခုကို ရေးဆွဲလိုက်ပါ။(ဘယ်အချိန် ဘယ်ဘာသာကျက်မှတ်မလဲပေါ့။)
(၃) ရပြီးသော စာများနဲ့ အောင်ဖို့အတွက်ကိုသာ အဓိကဦးစားပေးပါ။
(၄) ကိုယ်လုပ်ခဲ့တဲ့ စာတွေသာ အမှန်တကယ်ရပြီဆိုရင် အမှတ်များဖို့ ထပ်တိုး၍ ကျက်မှတ်လေ့လာတွက်ချက်ပါ။
(၅) အားလုံးအဆင်ပြေနေပြီဆိုရင် ဂုဏ်ထူးထွက်ဖို့ သင်ကြိုးစားကြည့်လိုက်ပါ။


** တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုကြိုးစားကြည့်လိုက်ပါ။ သင်အဆင်ပြေစွာ လုပ်ဆောင်လာနိုင်ပါလိမ့်မယ်။ စာမရလို့ ဖိအားအရမ်းများမနေပါနဲ့။ အချိန်အနည်းငယ်သာ ကျန်တော့တယ်ဆိုပေမဲ့ ပုံမှန်လေး အချိန်ပေးပြီး ပြန်လည် ကျက်မှတ်လေ့လာတွက်ချက်မယ်ဆိုရင် သင်အမှန်တကယ် တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) ကို အောင်မြင်သွားပါလိမ့်မယ်။ ယုံကြည်ချက်ရှိရှိဖြင့် ရှေ့ဆက်သွားပါ။ အမှန်တကယ် ဒီတောင်ကို ဖြတ်ကျော်နိုင်ပါလိမ့်မယ်။


** တက္ကသိုလ်ဝင်တန်းဖြေဆိုမည့် ကျောင်းသား/သူများအတွက် အကြုံပြုဆောင်းပါးလေးဖြစ်ပါတယ်။ သင်သာ ဒီဆောင်းပါးကို ဖတ်မိလို့ တစ်စုံတစ်ရာသော အကြံလေးများ၊ အတွေးအခေါ်လေးများ ရရှိသွားခဲ့ရင်၊ အထောက်အပံ့ဖြစ်စေခဲ့ရင် ရေးသားရခြင်းမှာ အလွန်ပင်ကျေနပ်မိပါတော့သည်။ **


(မိမိကျော်ဖြတ်ခဲ့ရသော တက္ကသိုလ်ဝင်တန်း(ဆယ်တန်း) ကျောင်းသူဘဝ၏ အတွေ့အကြုံဖြင့် ဆရာ/ဆရာမများ၏ ညွှန်ကြားချက်များအား အခြေခံ၍ ရေးသားခြင်းဖြစ်ပါတယ်။)
Authoress by Phyoe Thazin Shwe

Tips Latest Post Read 4742 times