Sales Hotline : 09448001653       Download App



ပညာရေးကောလိပ်တက်ရောက်နေသူများက ဆရာအဖြစ်ကူညီမည်

** Unicode **

အခြေခံပညာကျောင်းများပြန်ဖွင့်လှစ်ပါက ပညာရေးကောလိပ်တက်ရောက်နေသူများက ဆရာအဖြစ် ကူညီပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

COVID-19 ရောဂါကြောင့် မြန်မာနိုင်ငံအတွင်းရှိ ပညာရေးကောလိပ်များ ပိတ်ထားရသဖြင့် အခြေခံပညာကျောင်းများ ဖွင့်လှစ်ပါက ဆရာ/ဆရာမများအဖြစ် ကူညီပေးနိုင်ရန်အတွက် လက်ရှိတွင် ပညာရေးကောလိပ်ကျောင်းသားများ သမဂ္ဂမများက စာရင်းကောက်ယူလျက်ရှိကြောင်း သိရပါတယ်။

အခြေခံပညာကျောင်းများဖွင့်ပါက တစ်ခန်းတွင် လူဦးရေမည်မျှထားမည်နည်း၊ လူဦးရေအကန့်အသတ်များ၊ အကွာအဝေး စသည့် သတ်မှတ်ချက်များပါမည်ဖြစ်ပါတယ်။

အကူအညီပေးသည့် ဆရာ/ဆရာမများအနေဖြင့် ကျောင်းသား/သူများကို အပူချိန်တိုင်းသည့် နေရာမှာပဲဖြစ်ဖြစ်၊ ထိန်းကျောင်းသည့် နေရာမှာပဲဖြစ်ဖြစ် ကူညီနိုင်အောင်ဖြစ်ပါတယ်။

လက်ရှိတွင် ဆရာအဖြစ်ကူညီရန် မတ်လ (၂၄) ရက်တွင် စာရင်းကောက်ယူလျက်ရှိပြီး လူဦးရေ (၃၀၀) ကျော်ရရှိနေပြီဖြစ်ကြောင်း၊ အဆိုပါ ဆရာ/ဆရာများသည် မိမိသွားလိုသည့် ဒေသ၊ ကျောင်းအမည် စသည့်အချက်အလက်များကို ဖြည့်သွင်းရမည်ဖြစ်ကြောင်းသိရပါတယ်။

စာရင်းများကို ယခုလကုန်အထိ အပြီးသတ်ကောက်ယူသွားမည်ဖြစ်ပါတယ်။ ရရှိလာသည့်စာရင်းကို အဆင့်မြင့်ပညာဦးစီးဌာနကို တင်ပြသွားမည်ဖြစ်ပါတယ်။ အဆင့်မြင့်ပညာဦးစီးဌာနနဲ့ ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

Government University (30) အစိုးရတက္ကသိုလ်များနှင့် ပတ်သက်ပြီး (၃၀) ခုရှာရန်နှိပ်ပါ။

ပညာကောလိပ်သာမက ဝိဇ္ဇာသိပ္ပံ တက္ကသိုလ်များတွင်လည်း တက်ရောက်နေသည့် ကျောင်းသား/သူများအနေဖြင့် ပါဝင်ကူညီဆောင်ရွက်နိုင်ပါတယ်။

လက်ရှိစာရင်းကောက်ယူသည့်အခါ ကူညီဆောင်ရွက်နိုင်မည့် Volunteer များ လိုအပ်နေပါတယ်။

Credit: Education Channel
 

** Zawgyi **

အေျခခံပညာေက်ာင္းမ်ားျပန္ဖြင့္လွစ္ပါက ပညာေရးေကာလိပ္တက္ေရာက္ေနသူမ်ားက ဆရာအျဖစ္ ကူညီေပးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

COVID-19 ေရာဂါေၾကာင့္ ျမန္မာႏိုင္ငံအတြင္းရွိ ပညာေရးေကာလိပ္မ်ား ပိတ္ထားရသျဖင့္ အေျခခံပညာေက်ာင္းမ်ား ဖြင့္လွစ္ပါက ဆရာ/ဆရာမမ်ားအျဖစ္ ကူညီေပးႏိုင္ရန္အတြက္ လက္ရွိတြင္ ပညာေရးေကာလိပ္ေက်ာင္းသားမ်ား သမဂၢမမ်ားက စာရင္းေကာက္ယူလ်က္ရွိေၾကာင္း သိရပါတယ္။

အေျခခံပညာေက်ာင္းမ်ားဖြင့္ပါက တစ္ခန္းတြင္ လူဦးေရမည္မ်ွထားမည္နည္း၊ လူဦးေရအကန္႔အသတ္မ်ား၊ အကြာအေဝး စသည့္ သတ္မွတ္ခ်က္မ်ားပါမည္ျဖစ္ပါတယ္။

အကူအညီေပးသည့္ ဆရာ/ဆရာမမ်ားအေနျဖင့္ ေက်ာင္းသား/သူမ်ားကို အပူခ်ိန္တိုင္းသည့္ ေနရာမွာပဲျဖစ္ျဖစ္၊ ထိန္းေက်ာင္းသည့္ ေနရာမွာပဲျဖစ္ျဖစ္ ကူညီႏိုင္ေအာင္ျဖစ္ပါတယ္။

လက္ရွိတြင္ ဆရာအျဖစ္ကူညီရန္ မတ္လ (၂၄) ရက္တြင္ စာရင္းေကာက္ယူလ်က္ရွိၿပီး လူဦးေရ (၃၀၀) ေက်ာ္ရရွိေနၿပီျဖစ္ေၾကာင္း၊ အဆိုပါ ဆရာ/ဆရာမ်ားသည္ မိမိသြားလိုသည့္ ေဒသ၊ ေက်ာင္းအမည္ စသည့္အခ်က္အလက္မ်ားကို ျဖည့္သြင္းရမည္ျဖစ္ေၾကာင္းသိရပါတယ္။

စာရင္းမ်ားကို ယခုလကုန္အထိ အၿပီးသတ္ေကာက္ယူသြားမည္ျဖစ္ပါတယ္။ ရရွိလာသည့္စာရင္းကို အဆင့္ျမင့္ပညာဦးစီးဌာနကို တင္ျပသြားမည္ျဖစ္ပါတယ္။ အဆင့္ျမင့္ပညာဦးစီးဌာနနဲ႔ ညွိႏႈိင္းေဆာင္ရြက္သြားမည္ျဖစ္ပါတယ္။

Government University (30) အစိုးရတကၠသိုလ္မ်ားႏွင့္ ပတ္သက္ၿပီး (၃၀) ခုရွာရန္ႏွိပ္ပါ။

ပညာေကာလိပ္သာမက ဝိဇၨာသိပၸံ တကၠသုိလ္မ်ားတြင္လည္း တက္ေရာက္ေနသည့္ ေက်ာင္းသား/သူမ်ားအေနျဖင့္ ပါဝင္ကူညီေဆာင္ရြက္ႏိုင္ပါတယ္။

လက္ရွိစာရင္းေကာက္ယူသည့္အခါ ကူညီေဆာင္ရြက္ႏိုင္မည့္ Volunteer မ်ား လိုအပ္ေနပါတယ္။

Credit: Education Channel
 

Latest Post Tips Tips Tips Read 5259 times