Sales Hotline : 09448001653       Download App



** ေန႔စားလေပး ေလွ်ာက္ထားဖို႔သြားမယ္ဆို ဒီအခ်က္ေတြ သိထားသင့္ပါတယ္ **

** Unicode **

#လူတွေ့စစ်ဆေးခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများ
(၁)စိတ်အခြေအနေစစ်ဆေးခြင်း
(၂)လူတွေ့နှုတ်ဖြေစစ်ဆေးခြင်း

(၁)စာရွက်စာတမ်းများ
- တက္ကသိုလ်ဝင်စာမေးပွဲအောင်လတ်မှတ်မူရင်း၊ ဘွဲ့လတ်မှတ်မူရင်း၊ နိုင်ငံသားစိစစ်ရေးကဒ်ပြားမူရင်း၊ အိမ်ထောင်စုစာရင်းမူရင်း၊

(၂)ဥပဓိရုပ်/ဝတ်စားဆင်ယင်မှု 
- ဝတ်စားဆင်ယင်ပုံမှ ဆရာဥပဓိရုပ် ပေါ်မပေါ် ကြည့်ခြင်း ဖြစ်ပါတယ်။ ဆရာ/ဆရာမ အင်္ဂါရပ်နှင့်အညီသပ်သပ်ရပ်ရပ် ဝတ်ရန်။ လက်သည်း ခြေသည်းညှပ်သွားပါ။
- ယောက်ျားလေး ဆရာများ အဖြူနှင့်အစိမ်း၊ အဖြူမှာ စတစ်၊ အင်္ကျီ အပေါ်မှာ တိုက်ပုံ ဝတ်ဆင်သွားပါ။ ဖိနပ်ကို ခြေညှပ် သားရေ (သို့) ကတ္တီပါ စီး၍သွားပါ ဆံပင်ကိုလှဲပြီး သပ်သပ်ရပ်ရပ်ဖြီးသွားပါ။ ဆရာများ အကျီင်္ကို လက်မခေါက်ထားပါနှင့်။
- မိန်းကလေး ဆရာမများ အဖြူနှင့်အစိမ်း ဆံထုံးထုံးပြီး အပေါ်မှာ ပုဝါအစိမ်းခြုံသွားပါ။
ဖိနပ်ကတော့ ဒေါက်ဖိနပ်မရပါ။ အပါး slipperအဖြူ ဆို ပိုကောင်းပါသည်။ အဖြူမှာ ခါးတိုဖြစ်ရပါမည်။

(၃)လက်တွေ့စစ်ဆေးခြင်း
- စာသားပေးပြီး နောက်တစ်နေရာတွင် စာကူးရေးခိုင်းပါလိမ့်မည်။လက်ရေးလှဖို့ထက် အဖြတ်အတောက်မှန်မှု၊ သပ်ရပ်မှု၊ အမှားနည်းစွာ ကူးရေးနိုင်မှု၊ ရှင်းလင်းမှုကိုသာ အဓိက ထားပါသည်။
- မူလတန်းသင်ခန်းများမှ မှတ်မိသည့်ကဗျာရွတ်ခိုင်းပါသည်။ သင့်ရဲ့ဆရာ ဆရာမဖြစ်လာတော့မည့် အသံနေအသံထား ဌာန်ကရိုဏ်းကျမှု စစ်ခြင်းဖြစ်ပါသည်။စကားသံပီသ ရှင်းလင်းစွာ ရွတ်ပါ။လေ့ကျင့်သွားပါ။
- အားကစားလုပ်သလားမေးပါလိမ့်မယ်။ သင့်ရဲ့ အားကစားကျန်းမာရေးလိုက်စားမှု မေးခြင်းဖြစ်ပါသည်။
ခြင်းလုံးဆိုလျှင် ကစားနည်းကစားပုံ ဘောလုံးဆိုလျင်လည်း ကစားကွက်များမေးပါလိမ့်မယ်။
မိန်းကလေးများ ကာယလုပ်ပါသည်လို့သာ ဖြေပါ။ 
လေ့ကျင့်ခန်း လုပ်ခိုင်းတတ်ပါတယ်။ 
- လမ်းလျှောက်ခိုင်းလည်း ခါးကိုမတ်ပြီး သေချာလေး လျှောက်ပြပါ။
- သင့်ရဲ့ ခြေလက်အဂါင်္စစ်ပါလိမ့်မည်။ မစုံလျှင် ပိုနေလျှင်ကျနိုင်ပါသည်။ ယောက်ျားလေးများ ခြေသလုံးထိကြည့်ပါသည်။ တက်တူးစစ်သည်ဟုထင်ပါတယ်။
( ကောလိပ်တက် သင်တန်း လူတွေ့စစ်လျှင် ယောက်ျားလေးများ အင်္ကျီချွတ်၍ တက်တူးစစ်ပါသည်။ ပါလျင် ပြန်လွှတ်သည်များ ရှိပါသည်။ ယခုလူတွေ့ အကျီချွတ်မစစ်ပါ။)

(၄)မေးမြန်းခြင်း
- မေးသမျှသည် စကားသံပီသမှု၊ ဖြေပုံဖြေနည်း၊ စကားပြတ်သားမှု၊ ပြောဆိုပုံကို အဓိကထားပါသည်။
- မေးလို့မဖြေနိုင်ပါက စိတ်ထဲမထားပါနှင့်။မတုန်လှုပ်ပါနှင့်။ စိုးရိမ်မှုမဖြစ်ပါနှင့်။ ပုံမှန်အတိုင်းသာ နောက်မေးသမျှကို အေးအေးသက်သာစွာ ဖြေကြားပေးလိုက်ပါ။
- သင့်နာမည် အမိ အဖ နာမည် နေရပ်လိပ်စာပါမေးပါလိမ့်မည်။
- ဆရာ/ဆရာမ အလုပ်ကို ဘာကြောင့်လုပ်တာလဲ၊ ဘာလို့ဆရာဖြစ်ချင်လဲ၊ ပညာရေးကိုဘယ်လိုမြင်လဲ ဟုမေးတတ်သဖြင့် အကြောင်းပြချက်ကို ချက်ချင်းဖြေပေးပါ။
- စာအုပ်ဖတ်လား ဘာစာအုပ်ဖတ်လဲ အဲ့စာအုပ်အကြောင်းပြောပါ။....အစရှိသဖြင့် အမေးများပါတယ်
မသိရင် မသိပူးဟုပွင့်ပွင့်လင်းလင်းပြောပါ။

(၅)လေ့ကျင့်စရာ/လေ့လာစရာ
၁ ။ မြန်မာအက္ခရာဗျည်း၃၃လုံး(ကမှအ)နှင့်သရ ၈လုံးကို ရေးနည်းမှန်ကန်စွာလေ့ကျင့်ပါ။
၂ ။ အင်္ဂလိပ်အက္ခရာ ၂၆လုံးနှင့်( 1 to 10 ) (၁ မှ ၁၀ ထိ) ရေးနည်းမှန်ကန်စွာလေ့ကျင့်ပါ။
၃ ။ အထက်ပါ (၂) ချက်ကို Blackboardနှင့်မြေဖြူကိုသုံးပြီးလေ့ကျင့်ပါ။
၄ ။ ကဗျာရွတ်ခိုင်းချင်း ၊ သီချင်းဆိုခိုင်းချင်းများရှိသည့်အတွက် ယခင်သူငယ်တန်းဖတ်စာအုပ်မှကဗျာများနှင့်(မိဘဝတ်၊သားသမီးဝတ်၊ဆရာဝတ်၊တပည့်ဝတ်) နိုင်ငံတော်သီချင်း ၊ ဇာတိမာန်သီချင်း ၊ မြန်မာ့ကျောင်းသားသီချင်းနှင့်အခြားသီချင်းများလေ့လာထားပါ။
၅ ။ ပညာရေးဆောင်ပုဒ်များ ၊ ပညာရေးရည်မှန်းချက်များလေ့လာထားပါ။
၆ ။ တက္ကသိုလ်ဝင်တန်းအောင်သည်ခုနှစ် ၊ ဘွဲ့ရသည့်ခုနှစ်ကိုမှတ်ထားပါ(တချို့ကမေ့နေတတ်လို့ပါ)
၇ ။ လိုအပ်သောစာရွက်စာတမ်းများကို တစ်စုတစ်စည်းထဲ ဖိုင်အိတ်အကြည်ဖြင့်ထည့်ယူပါ။
၈။ ဖိုင်အိတ်ကိုစားပွဲပေါ်သို့(လုံးဝ)မတင်ပါနှင့် မိမိပေါင်ပေါ်တွင်ထားပါ။
၉။ ဖြေဆိုမည့်အခန်းတွင်းသို့ရောက်လျှင် နှုတ်ဆတ်ပါ။
၁၀။ ထိုင်ခွင့်တောင်းပါ။
၁၁။ ထိုင်နိုင်ပါသည်ဆိုမှထိုင်ပါ။
၁၂။ ခါးကိုမတ်မတ်ထားပြီးထိုင်ပါ ခေါင်းကိုတည့်တည့်ထားပါ။ေ
၁၃။ မေးသည့်မေးခွန်းကို ဂရုတစိုက်နားထောင်ပါ။
၁၄။ မေးခွန်းများကိုရလျှင်ဖြေဆိုပါ ။ မရလျင် မရကြောင်းပြောပါ(လေ့လာဆဲပါဟု မဖြေပါနှင့်)
၁၅။ "ဟုတ်ကဲ့" သုံးပါ "အင်း"မသုံးပါနှင့်။
၁၆။ မေးခွန်းများမေးပြီးလို့ ပြန်နိုင်ပါသည်ဟုခိုင်းလျှင် "ကျေးဇူးတင်ပါသည် ပြန်ခွင့်ပြုပါ" ဟုပြောပြီးမှအခန်းအတွင်းမှထွက်ပါ။

၁။အခြေခံပညာရေးဆိုသည်မှာ ဘာကိုဆိုလိုသလဲ။
အဖြေ - အခြေခံပညာရေးဆိုသည်မှာ နိုင်ငံသားတိုင်းတတ်မြောက်ရန် သတ်မှတ်ထားသော ပညာအခြေခံကို သင်ယူတတ်မြောက်စေရန်နှင့် နည်းပညာနှင့်သက်မွေး ပညာရေးနှင့်လေ့ကျင့်ရေးကိုဖြစ်စေ၊ အဆင့်မြင့်ပညာကိုဖြစ်စေ ဆက်လက်သင်ယူနိုင်စေရန် သင်ကြားလေ့ကျင့်ပေးသည့် ပညာရေးကိုဆိုလိုသည်။

၂။ကျောင်းသား ဆိုသည်မှာ ဘာကိုဆိုလိုသလဲ။
အဖြေ - ကျောင်းသားဆိုသည်မှာ အခြေခံပညာအဆင့်တွင် သတ်မှတ်ထားသော အသိပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထား အယူအဆအမြင်များကို ပညာသင်ကြားသင်ယူမှု နည်းစနစ်များနှင့်အညီ လေ့လာဆည်းပူးသင်ယူသူ အားလုံးကိုဆိုသည်။

၃။ဆရာ ဆိုသည်မှာ ဘာကိုဆိုလိုသလဲ။
အဖြေ - ဆရာဆိုသည်မှာ အခြေခံပညာအဆင့်တစ်ခုတွင် သင်ယူသူများ၏ အသိပညာ၊ ကျွမ်းကျင်မှုနှင့် သဘောထားအမြင်အယူအဆများကို ဖွံ့ဖြိုးတိုးတတ်စေရန် စီစဉ်ပံ့ပိုးပေးခြင်း တာဝန်များကို ထမ်းဆောင်သည့် သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူကို ဆိုသည်။

၄။အခြေခံပညာရေး ပညာသင်နှစ်စုစုပေါင်း ဘယ်လောက်လဲ။ 
အဖြေ - သူငယ်တန်းပညာရေးပြီးသည့်နောက် ပညာသင်နှစ်စုစုပေါင်း (၁၂)နှစ်။

၅။ စနစ်သစ် အခြေခံပညာရေးအဆင့်များနဲ့ အတန်းများက ဘာတွေလဲ။
အဖြေ - (၁)ပထမတန်းမှ ပဉ္စမတန်းအထိ မူလတန်းအဆင့်ပညာရေး။
(၂)ဆဌမတန်းမှ နဝမတန်းအထိ အလယ်တန်းအဆင့်ပညာရေး။
(၃)ဒသမတန်းမှ ဧကာဒသမတန်း၊ ဒွါဒသမတန်းတို့ပါဝင်သည့် အထက်တန်းအဆင့်ပညာရေး။

၆။မြန်မာနိုင်ငံ၏ပညာရေးကဏ္ဍ(၂)ရပ်က ဘာလဲ။
အဖြေ - (၁)အခြေခံပညာရေး (၂)အဆင့်မြင့်ပညာရေး။

၇။ ပညာရေးဝန်ကြီးဌာန၏ရည်ရွယ်ချက်နှင့်တာဝန်က ဘာလဲ။
အဖြေ - (၁) ကျောင်းနေအရွယ်လူငယ်အားလုံးပညာသင်ယူခွင့်ရှိစေရန်။
(၂) မြန်မာနိူင်ငံ၏ပညာရေးအဆင့်အတန်းမြင့်မာလာစေရန်။

၁။ ပညာရေးဝန်ကြီး -Dr.မျိုးသိမ်းကြီး
၂။ ပညာရေး ဒုတိယဝန်ကြီး -ဦးဝင်းမော်ထွန်း
၃။ ပညာရေးဝန်ကြီးဌာနဆောင်ပုဒ် -“စိတ်ဓာတ်၊စည်းကမ်း၊ပညာ”
၄။ ပညာရေးဆောင်ပုဒ် -“ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့။”
၅။ ဘက်စုံပညာရေး ဆောင်ပုဒ် -“ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ရသ၊ သက်မွေး ဘက်စုံပညာရေး။”
၆။ မိဘ ဆရာ အသင်းဆောင်ပုဒ် -“မိဘဆရာပူးပေါင်း ကလေးပညာကောင်း။”
၇။ ကျောင်းကောင်စီဆောင်ပုဒ် - (၁) အများအကျိုးဆောင်ကိုယ့်အကျိုးအောင်။ (၂) စုပေါင်းညီညာအောင်ကြောင်းဖြာ။
၈။ စာပေဗိမာန်ဆောင်ပုဒ် -“အမှောင်ခွင်း၍အလင်းဆောင်အံ့။”
၉။ ပညာတန်ဆောင်ဆောင်ပုဒ် -“ပညာ၊သမာ၊အာဘာ နတ္ထိ။”
၈။စာတတ်မြောက်ရေးနေ့ဆောင်ပုဒ် -"စာတတ်မြောက်ရေးဆောင်ရွက်စို့ငြိမ်းချမ်းရေးကိုတည်ဂေဆာက်ဖို့"
၉။ဆရာများနေ့ဆောင်ပုဒ် -"လူဘောင်အဖွဲအစည်းစဉ်ဆက်မပြတ်တိုး၊တတ်ရေးဆရာ့စွမ်းရည်မြှင့်တင်ပေး"
၁၁။ နာယကဂုဏ်(၆)ပါး -“ထကြွ ၊နိုးကြား၊ သနား၊ သည်းခံ၊ဝေဖန်၊ထောက်ရှု”
၁၂။ အ နာယကဂုဏ် (၆) ပါး -“ကဏန်း၊ ပုတ်သင်၊ ဝါးပင်၊ လိပ်မျိုး၊နွားသိုး၊ ခွေးအ ( မြေခွေး )”
၁၃။ကမ္ဘာ့ဆရာများနေ့ အောက်တိုဘာလ၅ရက်(ဆရာများနေ့ကို ၁၉၆၆တွင်စတင်ခဲ့သည်။)
၁၄။အအအ မှာ အရေး၊အဖတ်၊အတွက်
၁၅။အအအပြိုင်တူရွက်ဆိုသောစကားလုံး ဝ ထ က လ သ

** ဆရာ့ဝတ်ငါးပါး
၁။အတတ်လည်းသင် ၂။ ပဲ့ပြင်ဆုံးမ ၃။ သိပ္ပမချန် 
၄။ဘေးရန် ဆီးကာ ၅။သင့်ရာအပ်ပို့ ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ။

** တပည့်ဝတ်ငါးပါး
၁။ညီညာထကြွ ၂။ဆုံးမနာယူ ၃။ လာမူကြိုဆီး 
၄။ထံနီးလုပ်ကြွေး ၅။ သင်တွေးအံရွတ် 
တပည့်ဝတ် မချွတ်ငါးခုသာ။

** ကျောင်း၏ကျင့်ရာ ခုနှစ်ဖြာ
၁။ကျောင်း၏မြင့်မြတ်ခြင်းဆိုသည်မှာ ဆရာသမားကိုရိုသေလေးစားခြင်း၊
၂။ကျောင်း၏အနှစ်သာရမှာ စည်းကမ်းရှိခြင်း၊စာကြိုးစားခြင်း။
၃။ကျောင်း၏ငြိမ်းချမ်းခြင်းဆိုသည်မှာ တစ်ဦးပေါ်တစ်ဦး မေတ္တာသစ္စာရှိခြင်း။
၄။ကျောင်း၏ကျက်သရေဆိုသည်မှာ ကျောင်း၏ ဝန်းကျင်သန့်ရှင်းစင်ကြယ်ခြင်း။
ကျောင်း၏ဂုဏ်သတင်းဆိုသည်မှာ အများအကျိုးသယ်ပိုးဆောင်ရွက်ခြင်း။
၆။ကျောင်း၏ပျော်ရွှင်ခြင်းဆိုသည်မှာ စည်းလုံးညီညွတ်ခြင်း။
၇။ကျောင်း၏ပင်မအလုပ်ဆိုသည်မှာ နိုင်ငံသားကောင်းမွေးထုတ်ပေးခြင်း။

** ကျောင်းကောင်စီ၏ သစ္စာ အဓိဋ္ဌာန် (၄) ချက်မှာ
၁။မိမိကိုယ်ကိုကောင်းအောင်ကြိုးစားမည်။
၂။မိမိအတန်းကိုကောင်းအောင်ကြိုးစားမည်။
၃။မိမိကျောင်းကိုကောင်းအောင်ကြိုးစားမည်။
၄။မိမိတိုင်းပြည်အတွက်ကောင်းအောင်ကြိုးစားမည်။

- စည်းကမ်းလိုက်နာမှုနှစ်မျိုး - (၁)အကြောက်တရားနှင့်ယှဉ်သည့်လိုက်နာမှု၊ (၂)အသိတရားနှင့်ယှဉ်သည့်လိုက်နာမှု။
- ကျောင်းလုပ်ငန်းစွမ်းဆောင်မှုအဆင် (၁၂) ချက်ကိုခွဲခြားထားသည့်အပိုင်း (၂) ပိုင်းမှာ
၁။စီမံအုပ်ချုပ်ရေးအပိုင်း ၂။သင်ကြားရေးအပိုင်း။

- မြန်မာ့ပညာရေး ရည်မှန်းချက်
"မျက်မှောက်ကာလဖြစ်သော ပညာခေတ်စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနိုင်သော လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးပေးနိုင်သည့် ပညာရေးစနစ်တစ်ခု ဖြစ်ထွန်းလာစေရန်"

- မြန်မာနိုင်ငံ၏ပညာရေး မူဝါဒ (၄) ရပ်
(၁)အခြေခံပညာကို လူတိုင်းသင်ယူခွင့်ရရှိစေရန်။
(၂)ကိုယ်ကျင့်တရား စာရိတ္တမြင့်မားမှုကို အခြေခံရန်။
(၃)နိုင်ငံတော်တည်ဆောက်မှုအတွက် လိုအပ်သော သိပ္ပံနှင့်နည်းပညာအပါအဝင် ပညာရပ်အသီးသီးကို တိုးတက်ပြန့်ပွားစေရန်။
(၄)နိုင်ငံတော်၏ ကျေးဇူးသစ္စာခံပြီး နိုင်ငံတော်တည်ဆောက်မှုအတွက်အလုပ်အကျွေးပြုမည့် အတတ်ပညာရှင် အသိပညာရှင်များ။
(၅)ကျွမ်းကျင်သည့်လုပ်သားကောင်းများနှင့်လက်တွေ့လုပ်ဆောင်နိုင်မည့် တတ်ကျွမ်းသော ပညာရှင်များမွေးထုတ်ပေးရန်။

၂၀၁၇-၁၈ ပညာသင်နှစ် ပထမတန်း သင်ရိုးသစ် ပြဌာန်းဖတ်စာများမှာ စုစုပေါင်း (၁၀) အုပ်ပါဝင်သည်။ယင်းတို့မှာ -
၁။ မြန်မာဖတ်စာ
၂။ English Text 
၃။ သင်္ချာ 
၄။ လူမှုရေး 
၅။ သိပ္ပံ 
၆။ စာရိတ္တနှင့်ပြည်သူ့နီတိ
၇။ ကာယပညာ
၈။ အနုပညာ (ဂီတ)
၉။ အနုပညာ (ပန်းချီ)
၁၀။ ဘဝတွက်တာ ကျွမ်းကျင်စရာ ဟူ၍ ပြဌာန်းထားပါတယ်။

** စနစ်သစ် အခြေခံပညာရေး **
- KG+5+4+3
KG+မူလတန်းပညာရေး+အလယ်တန်းပညာရေး + အထက်တန်းပညာရေး
- မူလတန်းပညာရေး
ပထမတန်း-ဒုတိယတန်း-တတိယတန်း-စတုတ္ထတန်း-ပဉ္စမတန်း
- အလယ်တန်းပညာရေး
ဆဌမတန်း-သတ္တမတန်း-အဌမတန်း-နဝမတန်း
-အထက်တန်းပညာရေး
ဒသမတန်း-ဧကဒသမတန်း-ဒွာဒသမတန်း

** ဘာသာရပ်ဆိုင်ရာ ရည်ရွယ်ချက်များ **
မြန်မာစာ
- စာရေး၊ စာဖတ် ဝါသနာပါလာစေရန်။
- ရေးထုံး၊ သတ်ပုံ စသည် မှန်ကန်စေရန်။

အင်္ဂလိပ်
- ဘာသာစကားနယ်ပယ် ကျွမ်းကျင်စေရန်။
- နိုင်ငံတကာနှင့်ဝင်ဆံ့ ရင်ဘောင်တန်းနိုင်စေရန်။

သင်္ချာ
- ဘဝပြဿနာများကို တိတိကျကျ ဖြေရှင်းနိုင်စေရန်။
- မှန်ကန်သော ဖြေရှင်းမှုဖြင့် အခက်အခဲမှ ကျော်လွှားနိုင်စေရန်။

သမိုင်း
- မျိုးချစ်စိတ်ဓာတ် ရှင်သန် ထက်မြက်လာစေရန်။
- မိမိနိင်ငံဧ၊်အချုပ်အချာ အာဏာကို ကာကွယ်စောင့်ရှောက်နိုင်စေရန်။

ပထဝီ
- ရေထု မြေထုနှင့် သဘာဝလောကကို ချစ်မြတ်နိုးတတ်စေရန်။
- နိုင်ငံဧ၊် နယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်လိုစိတ် ဖြစ်ပေါ်လာစေရန်။

သိပ္ပံ
- စွန့်စားတီထွင်လိုစိတ် ဖြစ်ပေါ်လာစေရန်။
- ခေတ်နှင့်အညီ တိုးတက်နေသော နည်းပညာများ သိရှိလာစေရန်။

ပညာယူနည်း (၃) သွယ်
၁။ ကျောင်းတွင်းပညာရေး(Formal Education)
၂။ ကျောင်းပြင်ပပညာရေး(Non-Formal Education)
၃။ ကိုယ်တိုင်သတ်မှတ်သင်ယူပညာရေး(Informal Education)
၄။ လူတိုင်းအတွက်ပညာရေး -Education For All.
၅။ လူတိုင်းအကျုံးဝင်ပညာရေး -Inclusive Education
၆။ မသင်မနေရပညာရေး -Compulsory Education Law.
၇။ MOE- Ministry of Education ပညာရေးဝန်ကြီးဌာန
၈။ DBE- Department of Basic Education အခြေခံပညာဦးစီးဌာန
၉။ SAT- Senior Assistant Teacher အထက်တန်းပြ ဆရာ / ဆရာမ
၁၀။ JAT- Junior Assistant Teacher အလယ်တန်းပြ ဆရာ / ဆရာမ
၁၁။ PAT - Primary Assistant Teacher မူလတန်းပြ ဆရာ / ဆရာမ

-ဆရာ့ကျင့်ဝတ်
အတတ်လည်းသင်၊ပဲ့ပြင်ဆုံးမ၊သိပ္ပမချန်၊ဘေးရန်ဆီးကား၊သင့်ရာအပ်ပို့၊ဆရာတို့ ကျင့်ဖို့ဝတ်ငါးဖြာ"

- ဆရာကောင်းဖြစ်ဖို့အငါးလုံးရှောင်
၁။ အဂတိတရားလေးပါးရှောင်ပါ။
၂။ အရှက်မရှိလူမျိုး အလဇ္ဇီဖြစ်ခြင်းကိုရှောင်ပါ။
၃။ အချောင်ခိုမှု့ရှောင်ပါ။
၄။ အစွန်းရောက်မှုကိုရှောင်ပါ။
၅။ အသပြာလောက၏လွှမ်းမိုးမှုကိုရှောင်ပါ။

- ဆရာကောင်းဖြစ်ဖို့စငါးလုံးဆောင်
၁။ စိတ်ဓာတ်ခိုင်မာခြင်း
၂။ စေတနာမှန်ခြင်း
၃။ စည်းကမ်းရိုသေလိုက်နာခြင်းနှင့်စာရိတ္တကောင်းခြင်း
၄။ စာပေကိုစနစ်တကျလေ့လာခြင်း
၅။ စိစစ်ဝေဖန်သည့်အလေအ့ကျင့်ပျိုးထောင်ခြင်း

(ဆရာ၊ ပညာနှင့်ပတ်သတ်သော စကားပုံသာ အဓိကကြည့်ပါ)
၁။ ပညာရဲရင့် ၊ ပွဲလယ်တင့်
၂။ ပညာရှိလျက် ၊ ဒေါသဖျက်
၃။ပညာရှိ ၊ သတိဖြစ်ခဲ
၄။ ပညာဟူသည် မြတ်ရွှေအိုး ၊ ဥစ္စာဟူသည် မျက်လှည့်မျိူ း
၅။ ပညာရှိအမျက် ၊ ပြင်မထွက်
၆။ ပညာရှိတွေးကြည့်က ၊ ပြေးကြည့်သည်ထိမှန်သည်
၇။ ပညာရွှေအိုး ၊ လူမခိုး
၈။ ပညာအလင်းရောင် ၊ ဘဝတန်ဆောင်
၉။ အတတ်ပညာနှင့်တူသော ၊ မိတ်ဆွေသည်မရှိ
၁၀။ ပညာနှင့်တူသော ၊ အလင်းရောင်သည်မရှိ
၁၁။ ပညာသမာ ၊ အာဘာ နတ်ထိ
၁၂။ သတိမမူ ၊ ဂူမမြင်
၁၃။ ပညာမရှိ ၊ သူ၏ဝန်ထမ်း
၁၄။ မေးဖန်များ ၊ စကားရ
၁၅။ ဆရာကောင်းတပည့် ၊ ပန်းကောင်းပန်
၁၆။ ဆရာ့ထက် ၊ တပည့်လက်ဆောင်းထက်
၁၇။ ဆရာမပြ ၊ နည်းမကျ
၁၈။ ပိုးသာကုန် ၊ မောင်ပုံ စောသ်းမတတ်
၁၉။ ပညာလိုသော် မပျင်းနှင့် ၊ ဥစ္စာလိုသော် မငြင်းနှင့်
၂၀။ ပညာကိုရှေ့ ၊ ဥစ္စာကိုနောက်
၂၁။ ပညာမြင့် မှ လူမျိူ းတင့်မည်
၂၂။ ပညာရှာ ၊ ပမာသူဖုန်းစား
၂၃။ တပည့်မကောင်း ၊ ဆရာ့ခေါင်း
၂၄။ နှုတ်တစ်ရာ ၊ စာတစ်လုံး
၂၅။ စာတစ်လုံး ၊ ဘုရားတစ်ဆူ
၂၆။ လက်ဦးဆရာမည်ထိုက်စွာ ၊ ပုဗ္ဗာစရိယ မိနှင့်ဖ
၂၇။ သတိတမံ ၊ ဉာဏ်မြေကတုတ် ၊ ချွန်းနှယ်အုပ်
၂၈။ ကောင်းမှုမြတ်နိုး ၊ ကောင်းအောင်ကြိုး၍ ၊ ကောင်းကြိုးကိုယ်၌ တည်စေသော် ( မင်း )
၂၉။ ဆရာသည်သာ ၊ အခရာ
၃၀။ အမျိူ းသားစည်းကမ်းအစ ၊ စာသင်ကျောင်းက
၃၁။ ဗလငါးတန် ဖွံ့ဖြိုးဖို့ ၊ စာအုပ် စာပေ လေ့လာစို့
၃၂။ မူးယစ်ကင်းစင် ဒို့ကျောင်းတစ်ခွင်
၃၃။ မူးယစ်ဆန့်ကျင် အောင်ပွဲဆင်
၃၄။ မူးယစ်ကိုပစ် ပန်းတိုင်သစ် စိတ်သစ်လူသစ် ဘဝသစ်
၃၅။ အားကစားမြှင့်တင် စိတ်လန်းရွှင် ဆန့်ကျင်မူးယစ်ဆေး
၃၆။ မရှိတာထက် ၊ မသိတာကခက်
၃၇။ မင်းခယောက်ကျား ၊ ကမ်းနားသစ်ပင်
၃၈။ ဆေးကောင်းလျှင် ၊ သန်းခေါင်း
၃၉။ ကျောက်ကြီးငါးခို ၊ မီးကြီးငြမ်းခို
၄၀။ အသွင်မတူ ၊ အိမ်သူမဖြစ်
၄၁။ လူအမျိုးမျိုး ၊ စိတ်အထွေထွေ
၄၂။ အကောင်သေးသော်လည်း ၊ အဆိပ်ရှိသည်
၄၃။ ပါးစပ်ဟ အူမမြင်
၄၄။ သစ်တောသစ်ပင်ဒို့ချစ်ခင် နှစ်စဉ်စိုက်ပျိုးအလှတိုး
၄၅။ လျှပ်စစ်သုံးလျှင် သတိယှဉ် ဝန်အားမမျှ မသုံးရ
၄၆။ လိုလျှင်ကြံဆ နည်းလမ်းရ
၄၇။ ပျက်အစဉ်ပြင်ခဏ
၄၈။ ဆရာများ သားသေ
၄၉။ အလိုကြီး အရနည်း
၅၀။ မလာချင်လျှင် ခရီးဝေး ၊ လာချင်လျှင်အနီးလေး

တချို့အချက်အလက်များသည် ကူးယူထားပါသောကြောင့် Credit ပေးပါသည်။
အားလုံးသောဖြေဆိုသူများ အောင်မြင်ထွန်းပေါက်၍ ဆရာ၊ဆရာမကောင်းများ ဖြစ်ပေါ်ကြပါစေ။
Credit: Sai Aung Khant - Taungoo

 

** Zawgyi **

#လူေတြ႕စစ္ေဆးျခင္းဆိုင္ရာ သိမွတ္ဖြယ္ရာမ်ား
(၁)စိတ္အေျခအေနစစ္ေဆးျခင္း
(၂)လူေတြ႕ႏႈတ္ေျဖစစ္ေဆးျခင္း

(၁)စာ႐ြက္စာတမ္းမ်ား
- တကၠသိုလ္၀င္စာေမးပြဲေအာင္လတ္မွတ္မူရင္း၊ ဘြဲ႕လတ္မွတ္မူရင္း၊ ႏိုင္ငံသားစိစစ္ေရးကဒ္ျပားမူရင္း၊ အိမ္ေထာင္စုစာရင္းမူရင္း၊

(၂)ဥပဓိ႐ုပ္/၀တ္စားဆင္ယင္မႈ 
- ဝတ္စားဆင္ယင္ပုံမွ ဆရာဥပဓိ႐ုပ္ ေပၚမေပၚ ၾကည့္ျခင္း ျဖစ္ပါတယ္။ ဆရာ/ဆရာမ အဂၤါရပ္ႏွင့္အညီသပ္သပ္ရပ္ရပ္ ဝတ္ရန္။ လက္သည္း ေျခသည္းညႇပ္သြားပါ။
- ေယာက္်ားေလး ဆရာမ်ား အျဖဴႏွင့္အစိမ္း၊ အျဖဴမွာ စတစ္၊ အက်ႌ အေပၚမွာ တိုက္ပုံ ဝတ္ဆင္သြားပါ။ ဖိနပ္ကို ေျခညႇပ္ သားေရ (သို႔) ကတၱီပါ စီး၍သြားပါ ဆံပင္ကိုလွဲၿပီး သပ္သပ္ရပ္ရပ္ၿဖီးသြားပါ။ ဆရာမ်ား အက်ီကႋု လက္မေခါက္ထားပါႏွင့္။
- မိန္းကေလး ဆရာမမ်ား အျဖဴႏွင့္အစိမ္း ဆံထုံးထုံးၿပီး အေပၚမွာ ပုဝါအစိမ္းၿခဳံသြားပါ။
ဖိနပ္ကေတာ့ ေဒါက္ဖိနပ္မရပါ။ အပါး slipperအျဖဴ ဆို ပိုေကာင္းပါသည္။ အျဖဴမွာ ခါးတိုျဖစ္ရပါမည္။

(၃)လက္ေတြ႕စစ္ေဆးျခင္း
- စာသားေပးၿပီး ေနာက္တစ္ေနရာတြင္ စာကူးေရးခိုင္းပါလိမ့္မည္။လက္ေရးလွဖို႔ထက္ အျဖတ္အေတာက္မွန္မႈ၊ သပ္ရပ္မႈ၊ အမွားနည္းစြာ ကူးေရးႏိုင္မႈ၊ ရွင္းလင္းမႈကိုသာ အဓိက ထားပါသည္။
- မူလတန္းသင္ခန္းမ်ားမွ မွတ္မိသည့္ကဗ်ာ႐ြတ္ခိုင္းပါသည္။ သင့္ရဲ႕ဆရာ ဆရာမျဖစ္လာေတာ့မည့္ အသံေနအသံထား ဌာန္က႐ိုဏ္းက်မႈ စစ္ျခင္းျဖစ္ပါသည္။စကားသံပီသ ရွင္းလင္းစြာ ႐ြတ္ပါ။ေလ့က်င့္သြားပါ။
- အားကစားလုပ္သလားေမးပါလိမ့္မယ္။ သင့္ရဲ႕ အားကစားက်န္းမာေရးလိုက္စားမႈ ေမးျခင္းျဖစ္ပါသည္။
ျခင္းလုံးဆိုလွ်င္ ကစားနည္းကစားပုံ ေဘာလုံးဆိုလ်င္လည္း ကစားကြက္မ်ားေမးပါလိမ့္မယ္။
မိန္းကေလးမ်ား ကာယလုပ္ပါသည္လို႔သာ ေျဖပါ။ 
ေလ့က်င့္ခန္း လုပ္ခိုင္းတတ္ပါတယ္။ 
- လမ္းေလွ်ာက္ခိုင္းလည္း ခါးကိုမတ္ၿပီး ေသခ်ာေလး ေလွ်ာက္ျပပါ။
- သင့္ရဲ႕ ေျခလက္အဂါစၤစ္ပါလိမ့္မည္။ မစုံလွ်င္ ပိုေနလွ်င္က်ႏိုင္ပါသည္။ ေယာက္်ားေလးမ်ား ေျခသလုံးထိၾကည့္ပါသည္။ တက္တူးစစ္သည္ဟုထင္ပါတယ္။
( ေကာလိပ္တက္ သင္တန္း လူေတြ႕စစ္လွ်င္ ေယာက္်ားေလးမ်ား အက်ႌခြၽတ္၍ တက္တူးစစ္ပါသည္။ ပါလ်င္ ျပန္လႊတ္သည္မ်ား ရွိပါသည္။ ယခုလူေတြ႕ အက်ီခြၽတ္မစစ္ပါ။)

(၄)ေမးျမန္းျခင္း
- ေမးသမွ်သည္ စကားသံပီသမႈ၊ ေျဖပုံေျဖနည္း၊ စကားျပတ္သားမႈ၊ ေျပာဆိုပုံကို အဓိကထားပါသည္။
- ေမးလို႔မေျဖႏိုင္ပါက စိတ္ထဲမထားပါႏွင့္။မတုန္လႈပ္ပါႏွင့္။ စိုးရိမ္မႈမျဖစ္ပါႏွင့္။ ပုံမွန္အတိုင္းသာ ေနာက္ေမးသမွ်ကို ေအးေအးသက္သာစြာ ေျဖၾကားေပးလိုက္ပါ။
- သင့္နာမည္ အမိ အဖ နာမည္ ေနရပ္လိပ္စာပါေမးပါလိမ့္မည္။
- ဆရာ/ဆရာမ အလုပ္ကို ဘာေၾကာင့္လုပ္တာလဲ၊ ဘာလို႔ဆရာျဖစ္ခ်င္လဲ၊ ပညာေရးကိုဘယ္လိုျမင္လဲ ဟုေမးတတ္သျဖင့္ အေၾကာင္းျပခ်က္ကို ခ်က္ခ်င္းေျဖေပးပါ။
- စာအုပ္ဖတ္လား ဘာစာအုပ္ဖတ္လဲ အဲ့စာအုပ္အေၾကာင္းေျပာပါ။....အစရွိသျဖင့္ အေမးမ်ားပါတယ္
မသိရင္ မသိပူးဟုပြင့္ပြင့္လင္းလင္းေျပာပါ။

(၅)ေလ့က်င့္စရာ/ေလ့လာစရာ
၁ ။ ျမန္မာအကၡရာဗ်ည္း၃၃လုံး(ကမွအ)ႏွင့္သရ ၈လုံးကို ေရးနည္းမွန္ကန္စြာေလ့က်င့္ပါ။
၂ ။ အဂၤလိပ္အကၡရာ ၂၆လုံးႏွင့္( 1 to 10 ) (၁ မွ ၁၀ ထိ) ေရးနည္းမွန္ကန္စြာေလ့က်င့္ပါ။
၃ ။ အထက္ပါ (၂) ခ်က္ကို Blackboardႏွင့္ေျမျဖဴကိုသုံးၿပီးေလ့က်င့္ပါ။
၄ ။ ကဗ်ာ႐ြတ္ခိုင္းခ်င္း ၊ သီခ်င္းဆိုခိုင္းခ်င္းမ်ားရွိသည့္အတြက္ ယခင္သူငယ္တန္းဖတ္စာအုပ္မွကဗ်ာမ်ားႏွင့္(မိဘဝတ္၊သားသမီးဝတ္၊ဆရာဝတ္၊တပည့္ဝတ္) ႏိုင္ငံေတာ္သီခ်င္း ၊ ဇာတိမာန္သီခ်င္း ၊ ျမန္မာ့ေက်ာင္းသားသီခ်င္းႏွင့္အျခားသီခ်င္းမ်ားေလ့လာထားပါ။
၅ ။ ပညာေရးေဆာင္ပုဒ္မ်ား ၊ ပညာေရးရည္မွန္းခ်က္မ်ားေလ့လာထားပါ။
၆ ။ တကၠသိုလ္ဝင္တန္းေအာင္သည္ခုႏွစ္ ၊ ဘြဲ႕ရသည့္ခုႏွစ္ကိုမွတ္ထားပါ(တခ်ိဳ႕ကေမ့ေနတတ္လို႔ပါ)
၇ ။ လိုအပ္ေသာစာ႐ြက္စာတမ္းမ်ားကို တစ္စုတစ္စည္းထဲ ဖိုင္အိတ္အၾကည္ျဖင့္ထည့္ယူပါ။
၈။ ဖိုင္အိတ္ကိုစားပြဲေပၚသို႔(လုံးဝ)မတင္ပါႏွင့္ မိမိေပါင္ေပၚတြင္ထားပါ။
၉။ ေျဖဆိုမည့္အခန္းတြင္းသို႔ေရာက္လွ်င္ ႏႈတ္ဆတ္ပါ။
၁၀။ ထိုင္ခြင့္ေတာင္းပါ။
၁၁။ ထိုင္ႏိုင္ပါသည္ဆိုမွထိုင္ပါ။
၁၂။ ခါးကိုမတ္မတ္ထားၿပီးထိုင္ပါ ေခါင္းကိုတည့္တည့္ထားပါ။ေ
၁၃။ ေမးသည့္ေမးခြန္းကို ဂ႐ုတစိုက္နားေထာင္ပါ။
၁၄။ ေမးခြန္းမ်ားကိုရလွ်င္ေျဖဆိုပါ ။ မရလ်င္ မရေၾကာင္းေျပာပါ(ေလ့လာဆဲပါဟု မေျဖပါႏွင့္)
၁၅။ "ဟုတ္ကဲ့" သုံးပါ "အင္း"မသုံးပါႏွင့္။
၁၆။ ေမးခြန္းမ်ားေမးၿပီးလို႔ ျပန္ႏိုင္ပါသည္ဟုခိုင္းလွ်င္ "ေက်းဇူးတင္ပါသည္ ျပန္ခြင့္ျပဳပါ" ဟုေျပာၿပီးမွအခန္းအတြင္းမွထြက္ပါ။

၁။အေျခခံပညာေရးဆိုသည္မွာ ဘာကိုဆိုလိုသလဲ။
အေျဖ - အေျခခံပညာေရးဆိုသည္မွာ ႏိုင္ငံသားတိုင္းတတ္ေျမာက္ရန္ သတ္မွတ္ထားေသာ ပညာအေျခခံကို သင္ယူတတ္ေျမာက္ေစရန္ႏွင့္ နည္းပညာႏွင့္သက္ေမြး ပညာေရးႏွင့္ေလ့က်င့္ေရးကိုျဖစ္ေစ၊ အဆင့္ျမင့္ပညာကိုျဖစ္ေစ ဆက္လက္သင္ယူႏိုင္ေစရန္ သင္ၾကားေလ့က်င့္ေပးသည့္ ပညာေရးကိုဆိုလိုသည္။

၂။ေက်ာင္းသား ဆိုသည္မွာ ဘာကိုဆိုလိုသလဲ။
အေျဖ - ေက်ာင္းသားဆိုသည္မွာ အေျခခံပညာအဆင့္တြင္ သတ္မွတ္ထားေသာ အသိပညာ၊ ကြၽမ္းက်င္မႈႏွင့္ သေဘာထား အယူအဆအျမင္မ်ားကို ပညာသင္ၾကားသင္ယူမႈ နည္းစနစ္မ်ားႏွင့္အညီ ေလ့လာဆည္းပူးသင္ယူသူ အားလုံးကိုဆိုသည္။

၃။ဆရာ ဆိုသည္မွာ ဘာကိုဆိုလိုသလဲ။
အေျဖ - ဆရာဆိုသည္မွာ အေျခခံပညာအဆင့္တစ္ခုတြင္ သင္ယူသူမ်ား၏ အသိပညာ၊ ကြၽမ္းက်င္မႈႏွင့္ သေဘာထားအျမင္အယူအဆမ်ားကို ဖြံ႕ၿဖိဳးတိုးတတ္ေစရန္ စီစဥ္ပံ့ပိုးေပးျခင္း တာ၀န္မ်ားကို ထမ္းေဆာင္သည့္ သတ္မွတ္အရည္အခ်င္းႏွင့္ ျပည့္စုံသူကို ဆိုသည္။

၄။အေျခခံပညာေရး ပညာသင္ႏွစ္စုစုေပါင္း ဘယ္ေလာက္လဲ။ 
အေျဖ - သူငယ္တန္းပညာေရးၿပီးသည့္ေနာက္ ပညာသင္ႏွစ္စုစုေပါင္း (၁၂)ႏွစ္။

၅။ စနစ္သစ္ အေျခခံပညာေရးအဆင့္မ်ားနဲ႔ အတန္းမ်ားက ဘာေတြလဲ။
အေျဖ - (၁)ပထမတန္းမွ ပၪၥမတန္းအထိ မူလတန္းအဆင့္ပညာေရး။
(၂)ဆဌမတန္းမွ န၀မတန္းအထိ အလယ္တန္းအဆင့္ပညာေရး။
(၃)ဒသမတန္းမွ ဧကာဒသမတန္း၊ ဒြါဒသမတန္းတို႔ပါ၀င္သည့္ အထက္တန္းအဆင့္ပညာေရး။

၆။ျမန္မာႏိုင္ငံ၏ပညာေရးက႑(၂)ရပ္က ဘာလဲ။
အေျဖ - (၁)အေျခခံပညာေရး (၂)အဆင့္ျမင့္ပညာေရး။

၇။ ပညာေရးဝန္ႀကီးဌာန၏ရည္႐ြယ္ခ်က္ႏွင့္တာဝန္က ဘာလဲ။
အေျဖ - (၁) ေက်ာင္းေနအ႐ြယ္လူငယ္အားလုံးပညာသင္ယူခြင့္ရွိေစရန္။
(၂) ျမန္မာႏိူင္ငံ၏ပညာေရးအဆင့္အတန္းျမင့္မာလာေစရန္။

၁။ ပညာေရးဝန္ႀကီး -Dr.မ်ိဳးသိမ္းႀကီး
၂။ ပညာေရး ဒုတိယဝန္ႀကီး -ဦးဝင္းေမာ္ထြန္း
၃။ ပညာေရးဝန္ႀကီးဌာနေဆာင္ပုဒ္ -“စိတ္ဓာတ္၊စည္းကမ္း၊ပညာ”
၄။ ပညာေရးေဆာင္ပုဒ္ -“ပညာေရးျဖင့္ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္ေသာ ႏိုင္ငံေတာ္ႀကီးတည္ေဆာက္အံ့။”
၅။ ဘက္စုံပညာေရး ေဆာင္ပုဒ္ -“ကာယ၊ ဥာဏ၊ စာရိတၱႏွင့္ ရသ၊ သက္ေမြး ဘက္စုံပညာေရး။”
၆။ မိဘ ဆရာ အသင္းေဆာင္ပုဒ္ -“မိဘဆရာပူးေပါင္း ကေလးပညာေကာင္း။”
၇။ ေက်ာင္းေကာင္စီေဆာင္ပုဒ္ - (၁) အမ်ားအက်ိဳးေဆာင္ကိုယ့္အက်ိဳးေအာင္။ (၂) စုေပါင္းညီညာေအာင္ေၾကာင္းျဖာ။
၈။ စာေပဗိမာန္ေဆာင္ပုဒ္ -“အေမွာင္ခြင္း၍အလင္းေဆာင္အံ့။”
၉။ ပညာတန္ေဆာင္ေဆာင္ပုဒ္ -“ပညာ၊သမာ၊အာဘာ နတၳိ။”
၈။စာတတ္ေျမာက္ေရးေန႔ေဆာင္ပုဒ္ -"စာတတ္ေျမာက္ေရးေဆာင္႐ြက္စို႔ၿငိမ္းခ်မ္းေရးကိုတည္ေဂဆာက္ဖို႔"
၉။ဆရာမ်ားေန႔ေဆာင္ပုဒ္ -"လူေဘာင္အဖြဲအစည္းစဥ္ဆက္မျပတ္တိုး၊တတ္ေရးဆရာ့စြမ္းရည္ျမႇင့္တင္ေပး"
၁၁။ နာယကဂုဏ္(၆)ပါး -“ထႂကြ ၊ႏိုးၾကား၊ သနား၊ သည္းခံ၊ေဝဖန္၊ေထာက္ရႈ”
၁၂။ အ နာယကဂုဏ္ (၆) ပါး -“ကဏန္း၊ ပုတ္သင္၊ ဝါးပင္၊ လိပ္မ်ိဳး၊ႏြားသိုး၊ ေခြးအ ( ေျမေခြး )”
၁၃။ကမာၻ႔ဆရာမ်ားေန႔ ေအာက္တိုဘာလ၅ရက္(ဆရာမ်ားေန႔ကို ၁၉၆၆တြင္စတင္ခဲ့သည္။)
၁၄။အအအ မွာ အေရး၊အဖတ္၊အတြက္
၁၅။အအအၿပိဳင္တူ႐ြက္ဆိုေသာစကားလုံး ဝ ထ က လ သ

** ဆရာ့ဝတ္ငါးပါး
၁။အတတ္လည္းသင္ ၂။ ပဲ့ျပင္ဆုံးမ ၃။ သိပၸမခ်န္ 
၄။ေဘးရန္ ဆီးကာ ၅။သင့္ရာအပ္ပို႔ ဆရာတို႔ က်င့္ဖို႔ဝတ္ငါးျဖာ။

** တပည့္ဝတ္ငါးပါး
၁။ညီညာထႂကြ ၂။ဆုံးမနာယူ ၃။ လာမူႀကိဳဆီး 
၄။ထံနီးလုပ္ေႂကြး ၅။ သင္ေတြးအံ႐ြတ္ 
တပည့္ဝတ္ မခြၽတ္ငါးခုသာ။

** ေက်ာင္း၏က်င့္ရာ ခုႏွစ္ျဖာ
၁။ေက်ာင္း၏ျမင့္ျမတ္ျခင္းဆိုသည္မွာ ဆရာသမားကို႐ိုေသေလးစားျခင္း၊
၂။ေက်ာင္း၏အႏွစ္သာရမွာ စည္းကမ္းရွိျခင္း၊စာႀကိဳးစားျခင္း။
၃။ေက်ာင္း၏ၿငိမ္းခ်မ္းျခင္းဆိုသည္မွာ တစ္ဦးေပၚတစ္ဦး ေမတၱာသစၥာရွိျခင္း။
၄။ေက်ာင္း၏က်က္သေရဆိုသည္မွာ ေက်ာင္း၏ ဝန္းက်င္သန္႔ရွင္းစင္ၾကယ္ျခင္း။
ေက်ာင္း၏ဂုဏ္သတင္းဆိုသည္မွာ အမ်ားအက်ိဳးသယ္ပိုးေဆာင္႐ြက္ျခင္း။
၆။ေက်ာင္း၏ေပ်ာ္႐ႊင္ျခင္းဆိုသည္မွာ စည္းလုံးညီၫြတ္ျခင္း။
၇။ေက်ာင္း၏ပင္မအလုပ္ဆိုသည္မွာ ႏိုင္ငံသားေကာင္းေမြးထုတ္ေပးျခင္း။

** ေက်ာင္းေကာင္စီ၏ သစၥာ အဓိ႒ာန္ (၄) ခ်က္မွာ
၁။မိမိကိုယ္ကိုေကာင္းေအာင္ႀကိဳးစားမည္။
၂။မိမိအတန္းကိုေကာင္းေအာင္ႀကိဳးစားမည္။
၃။မိမိေက်ာင္းကိုေကာင္းေအာင္ႀကိဳးစားမည္။
၄။မိမိတိုင္းျပည္အတြက္ေကာင္းေအာင္ႀကိဳးစားမည္။

- စည္းကမ္းလိုက္နာမႈႏွစ္မ်ိဳး - (၁)အေၾကာက္တရားႏွင့္ယွဥ္သည့္လိုက္နာမႈ၊ (၂)အသိတရားႏွင့္ယွဥ္သည့္လိုက္နာမႈ။
- ေက်ာင္းလုပ္ငန္းစြမ္းေဆာင္မႈအဆင္ (၁၂) ခ်က္ကိုခြဲျခားထားသည့္အပိုင္း (၂) ပိုင္းမွာ
၁။စီမံအုပ္ခ်ဳပ္ေရးအပိုင္း ၂။သင္ၾကားေရးအပိုင္း။

- ျမန္မာ့ပညာေရး ရည္မွန္းခ်က္
"မ်က္ေမွာက္ကာလျဖစ္ေသာ ပညာေခတ္စိန္ေခၚမႈကို ရင္ဆိုင္ႏိုင္မည့္ အစဥ္ေလ့လာသင္ယူႏိုင္ေသာ လူ႔ေဘာင္အဖြဲ႕အစည္းကို ဖန္တီးေပးႏိုင္သည့္ ပညာေရးစနစ္တစ္ခု ျဖစ္ထြန္းလာေစရန္"

- ျမန္မာႏိုင္ငံ၏ပညာေရး မူဝါဒ (၄) ရပ္
(၁)အေျခခံပညာကို လူတိုင္းသင္ယူခြင့္ရရွိေစရန္။
(၂)ကိုယ္က်င့္တရား စာရိတၱျမင့္မားမႈကို အေျခခံရန္။
(၃)ႏိုင္ငံေတာ္တည္ေဆာက္မႈအတြက္ လိုအပ္ေသာ သိပၸံႏွင့္နည္းပညာအပါအဝင္ ပညာရပ္အသီးသီးကို တိုးတက္ျပန္႔ပြားေစရန္။
(၄)ႏိုင္ငံေတာ္၏ ေက်းဇူးသစၥာခံၿပီး ႏိုင္ငံေတာ္တည္ေဆာက္မႈအတြက္အလုပ္အေကြၽးျပဳမည့္ အတတ္ပညာရွင္ အသိပညာရွင္မ်ား။
(၅)ကြၽမ္းက်င္သည့္လုပ္သားေကာင္းမ်ားႏွင့္လက္ေတြ႕လုပ္ေဆာင္ႏိုင္မည့္ တတ္ကြၽမ္းေသာ ပညာရွင္မ်ားေမြးထုတ္ေပးရန္။

၂၀၁၇-၁၈ ပညာသင္ႏွစ္ ပထမတန္း သင္႐ိုးသစ္ ျပဌာန္းဖတ္စာမ်ားမွာ စုစုေပါင္း (၁၀) အုပ္ပါဝင္သည္။ယင္းတို႔မွာ -
၁။ ျမန္မာဖတ္စာ
၂။ English Text 
၃။ သခ်ၤာ 
၄။ လူမႈေရး 
၅။ သိပၸံ 
၆။ စာရိတၱႏွင့္ျပည္သူ႔နီတိ
၇။ ကာယပညာ
၈။ အႏုပညာ (ဂီတ)
၉။ အႏုပညာ (ပန္းခ်ီ)
၁၀။ ဘဝတြက္တာ ကြၽမ္းက်င္စရာ ဟူ၍ ျပဌာန္းထားပါတယ္။

** စနစ္သစ္ အေျခခံပညာေရး **
- KG+5+4+3
KG+မူလတန္းပညာေရး+အလယ္တန္းပညာေရး + အထက္တန္းပညာေရး
- မူလတန္းပညာေရး
ပထမတန္း-ဒုတိယတန္း-တတိယတန္း-စတုတၳတန္း-ပၪၥမတန္း
- အလယ္တန္းပညာေရး
ဆဌမတန္း-သတၱမတန္း-အဌမတန္း-နဝမတန္း
-အထက္တန္းပညာေရး
ဒသမတန္း-ဧကဒသမတန္း-ဒြာဒသမတန္း

** ဘာသာရပ္ဆိုင္ရာ ရည္႐ြယ္ခ်က္မ်ား **
ျမန္မာစာ
- စာေရး၊ စာဖတ္ ဝါသနာပါလာေစရန္။
- ေရးထုံး၊ သတ္ပုံ စသည္ မွန္ကန္ေစရန္။

အဂၤလိပ္
- ဘာသာစကားနယ္ပယ္ ကြၽမ္းက်င္ေစရန္။
- ႏိုင္ငံတကာႏွင့္ဝင္ဆံ့ ရင္ေဘာင္တန္းႏိုင္ေစရန္။

သခ်ၤာ
- ဘဝျပႆနာမ်ားကို တိတိက်က် ေျဖရွင္းႏိုင္ေစရန္။
- မွန္ကန္ေသာ ေျဖရွင္းမႈျဖင့္ အခက္အခဲမွ ေက်ာ္လႊားႏိုင္ေစရန္။

သမိုင္း
- မ်ိဳးခ်စ္စိတ္ဓာတ္ ရွင္သန္ ထက္ျမက္လာေစရန္။
- မိမိနိင္ငံဧ၊္အခ်ဳပ္အခ်ာ အာဏာကို ကာကြယ္ေစာင့္ေရွာက္ႏိုင္ေစရန္။

ပထဝီ
- ေရထု ေျမထုႏွင့္ သဘာဝေလာကကို ခ်စ္ျမတ္ႏိုးတတ္ေစရန္။
- ႏိုင္ငံဧ၊္ နယ္နိမိတ္ကို ကာကြယ္ေစာင့္ေရွာက္လိုစိတ္ ျဖစ္ေပၚလာေစရန္။

သိပၸံ
- စြန္႔စားတီထြင္လိုစိတ္ ျဖစ္ေပၚလာေစရန္။
- ေခတ္ႏွင့္အညီ တိုးတက္ေနေသာ နည္းပညာမ်ား သိရွိလာေစရန္။

ပညာယူနည္း (၃) သြယ္
၁။ ေက်ာင္းတြင္းပညာေရး(Formal Education)
၂။ ေက်ာင္းျပင္ပပညာေရး(Non-Formal Education)
၃။ ကိုယ္တိုင္သတ္မွတ္သင္ယူပညာေရး(Informal Education)
၄။ လူတိုင္းအတြက္ပညာေရး -Education For All.
၅။ လူတိုင္းအက်ဳံးဝင္ပညာေရး -Inclusive Education
၆။ မသင္မေနရပညာေရး -Compulsory Education Law.
၇။ MOE- Ministry of Education ပညာေရးဝန္ႀကီးဌာန
၈။ DBE- Department of Basic Education အေျခခံပညာဦးစီးဌာန
၉။ SAT- Senior Assistant Teacher အထက္တန္းျပ ဆရာ / ဆရာမ
၁၀။ JAT- Junior Assistant Teacher အလယ္တန္းျပ ဆရာ / ဆရာမ
၁၁။ PAT - Primary Assistant Teacher မူလတန္းျပ ဆရာ / ဆရာမ

-ဆရာ့က်င့္ဝတ္
အတတ္လည္းသင္၊ပဲ့ျပင္ဆုံးမ၊သိပၸမခ်န္၊ေဘးရန္ဆီးကား၊သင့္ရာအပ္ပို႔၊ဆရာတို႔ က်င့္ဖို႔ဝတ္ငါးျဖာ"

- ဆရာေကာင္းျဖစ္ဖို႔အငါးလုံးေရွာင္
၁။ အဂတိတရားေလးပါးေရွာင္ပါ။
၂။ အရွက္မရွိလူမ်ိဳး အလဇၨီျဖစ္ျခင္းကိုေရွာင္ပါ။
၃။ အေခ်ာင္ခိုမႈ႕ေရွာင္ပါ။
၄။ အစြန္းေရာက္မႈကိုေရွာင္ပါ။
၅။ အသျပာေလာက၏လႊမ္းမိုးမႈကိုေရွာင္ပါ။

- ဆရာေကာင္းျဖစ္ဖို႔စငါးလုံးေဆာင္
၁။ စိတ္ဓာတ္ခိုင္မာျခင္း
၂။ ေစတနာမွန္ျခင္း
၃။ စည္းကမ္း႐ိုေသလိုက္နာျခင္းႏွင့္စာရိတၱေကာင္းျခင္း
၄။ စာေပကိုစနစ္တက်ေလ့လာျခင္း
၅။ စိစစ္ေဝဖန္သည့္အေလအ့က်င့္ပ်ိဳးေထာင္ျခင္း

(ဆရာ၊ ပညာႏွင့္ပတ္သတ္ေသာ စကားပုံသာ အဓိကၾကည့္ပါ)
၁။ ပညာရဲရင့္ ၊ ပြဲလယ္တင့္
၂။ ပညာရွိလ်က္ ၊ ေဒါသဖ်က္
၃။ပညာရွိ ၊ သတိျဖစ္ခဲ
၄။ ပညာဟူသည္ ျမတ္ေ႐ႊအိုး ၊ ဥစၥာဟူသည္ မ်က္လွည့္မ်ိဴ း
၅။ ပညာရွိအမ်က္ ၊ ျပင္မထြက္
၆။ ပညာရွိေတြးၾကည့္က ၊ ေျပးၾကည့္သည္ထိမွန္သည္
၇။ ပညာေ႐ႊအိုး ၊ လူမခိုး
၈။ ပညာအလင္းေရာင္ ၊ ဘဝတန္ေဆာင္
၉။ အတတ္ပညာႏွင့္တူေသာ ၊ မိတ္ေဆြသည္မရွိ
၁၀။ ပညာႏွင့္တူေသာ ၊ အလင္းေရာင္သည္မရွိ
၁၁။ ပညာသမာ ၊ အာဘာ နတ္ထိ
၁၂။ သတိမမူ ၊ ဂူမျမင္
၁၃။ ပညာမရွိ ၊ သူ၏ဝန္ထမ္း
၁၄။ ေမးဖန္မ်ား ၊ စကားရ
၁၅။ ဆရာေကာင္းတပည့္ ၊ ပန္းေကာင္းပန္
၁၆။ ဆရာ့ထက္ ၊ တပည့္လက္ေဆာင္းထက္
၁၇။ ဆရာမျပ ၊ နည္းမက်
၁၈။ ပိုးသာကုန္ ၊ ေမာင္ပုံ ေစာသ္းမတတ္
၁၉။ ပညာလိုေသာ္ မပ်င္းႏွင့္ ၊ ဥစၥာလိုေသာ္ မျငင္းႏွင့္
၂၀။ ပညာကိုေရွ႕ ၊ ဥစၥာကိုေနာက္
၂၁။ ပညာျမင့္ မွ လူမ်ိဴ းတင့္မည္
၂၂။ ပညာရွာ ၊ ပမာသူဖုန္းစား
၂၃။ တပည့္မေကာင္း ၊ ဆရာ့ေခါင္း
၂၄။ ႏႈတ္တစ္ရာ ၊ စာတစ္လုံး
၂၅။ စာတစ္လုံး ၊ ဘုရားတစ္ဆူ
၂၆။ လက္ဦးဆရာမည္ထိုက္စြာ ၊ ပုဗၺာစရိယ မိႏွင့္ဖ
၂၇။ သတိတမံ ၊ ဥာဏ္ေျမကတုတ္ ၊ ခြၽန္းႏွယ္အုပ္
၂၈။ ေကာင္းမႈျမတ္ႏိုး ၊ ေကာင္းေအာင္ႀကိဳး၍ ၊ ေကာင္းႀကိဳးကိုယ္၌ တည္ေစေသာ္ ( မင္း )
၂၉။ ဆရာသည္သာ ၊ အခရာ
၃၀။ အမ်ိဴ းသားစည္းကမ္းအစ ၊ စာသင္ေက်ာင္းက
၃၁။ ဗလငါးတန္ ဖြံ႕ၿဖိဳးဖို႔ ၊ စာအုပ္ စာေပ ေလ့လာစို႔
၃၂။ မူးယစ္ကင္းစင္ ဒို႔ေက်ာင္းတစ္ခြင္
၃၃။ မူးယစ္ဆန္႔က်င္ ေအာင္ပြဲဆင္
၃၄။ မူးယစ္ကိုပစ္ ပန္းတိုင္သစ္ စိတ္သစ္လူသစ္ ဘဝသစ္
၃၅။ အားကစားျမႇင့္တင္ စိတ္လန္း႐ႊင္ ဆန္႔က်င္မူးယစ္ေဆး
၃၆။ မရွိတာထက္ ၊ မသိတာကခက္
၃၇။ မင္းခေယာက္က်ား ၊ ကမ္းနားသစ္ပင္
၃၈။ ေဆးေကာင္းလွ်င္ ၊ သန္းေခါင္း
၃၉။ ေက်ာက္ႀကီးငါးခို ၊ မီးႀကီးျငမ္းခို
၄၀။ အသြင္မတူ ၊ အိမ္သူမျဖစ္
၄၁။ လူအမ်ိဳးမ်ိဳး ၊ စိတ္အေထြေထြ
၄၂။ အေကာင္ေသးေသာ္လည္း ၊ အဆိပ္ရွိသည္
၄၃။ ပါးစပ္ဟ အူမျမင္
၄၄။ သစ္ေတာသစ္ပင္ဒို႔ခ်စ္ခင္ ႏွစ္စဥ္စိုက္ပ်ိဳးအလွတိုး
၄၅။ လွ်ပ္စစ္သုံးလွ်င္ သတိယွဥ္ ဝန္အားမမွ် မသုံးရ
၄၆။ လိုလွ်င္ႀကံဆ နည္းလမ္းရ
၄၇။ ပ်က္အစဥ္ျပင္ခဏ
၄၈။ ဆရာမ်ား သားေသ
၄၉။ အလိုႀကီး အရနည္း
၅၀။ မလာခ်င္လွ်င္ ခရီးေဝး ၊ လာခ်င္လွ်င္အနီးေလး

တခ်ိဳ႕အခ်က္အလက္မ်ားသည္ ကူးယူထားပါေသာေၾကာင့္ Credit ေပးပါသည္။
အားလုံးေသာေျဖဆိုသူမ်ား ေအာင္ျမင္ထြန္းေပါက္၍ ဆရာ၊ဆရာမေကာင္းမ်ား ျဖစ္ေပၚၾကပါေစ။
Credit: Sai Aung Khant - Taungoo

News Tips News Tips Latest Post Read 14766 times