Sales Hotline : 09448001653       Download App



တက္ကသိုလ်လုပ်ငန်းစဉ်များ လည်ပတ်မှုကို တိကျသော ညွှန်ကြားချက်များမရှိသေး

** Unicode **

လက်တလောတွင် ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးကို သိရှိရခြင်းမရှိသေးပါ၊ COVID-19 လူနာ မြန်မာနိုင်ငံတွင် စတင်တွေ့ရှိခဲ့သည့်နေ့ မတ်လ (၂၄) ရက်မှစတင်၍ တက္ကသိုလ်များအားလုံး၏ သင်ကြားသင်ယူမှုများနှင့် အဝေးသင် သင်တန်းရေးရာ ကိစ္စရပ်များအားလုံး ရပ်ဆိုင်းခဲ့ပါတယ်။

ယခုအချိန်အခါတွင် အစိုးရမှ မေလ (၁၅) ရက်အထိလူစုလူဝေးမပြုလုပ်ရန် အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ ၎င်းကြောင့် ဆရာ/ဆရာမများအနေဖြင့် ကျောင်းများသို့ လာရောက်ခြင်းမပြုရန်နှင့် အိမ်မှာသာနေကြရန်အတွက် သက်ဆိုင်ရာ တက္ကသိုလ်များက ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

ကျောင်းများပုုံမှန်ဖွင့်သည့် ဇွန်လကို မကြာမီရောက်ရှိတော့မည်ဖြစ်သည့်အတွက် ကျောင်းသားအဖွဲအစည်း အချို့နှင့် ကျောင်းဖွင့်ရက်ကိစ္စနှင့် စပ်လျဉ်းပြီး တာဝန်ရှိသူများအားမေးမြန်းခဲ့ပါတယ်။

“ COVID-19 ဗဟိုကော်မတီညွှန်ကြားထားသည့် မေလ (၁၅) ရက်နောက်ပိုင်းမှသာ ပညာရေးနှင့် ပတ်သက်သည့်အစီအစဉ်များကို ပြောနိုင်မည် “ဟု သိရပါတယ်။

ရောဂါများစိတ်ချရသောအချိန်အခါမှသာလျှင် တက္ကသိုလ်၊ ကောလိပ်များ၊ အခြေခံပညာကျောင်းများပြန်ဖွင့်မည်ဖြစ်ပြီး ဖွင့်လှစ်ပါက လုံလောက်သော အချိန် ကြိုတင်အကြောင်းကြားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရလည်း သိရပါတယ်။

အဝေးသင်ရေးရာကိစ္စများနှင့် ပတ်သက်ပြီး မေလတွင် တက်ရောက်ရမည့် အဝေးသင်လက်တွေ့သင်တန်းများကို ရပ်ဆိုင်းလိုက်ပြီး အဝေးသင်ကျောင်းအပ်ခြင်း၊ စာစဉ်ထုတ်ခြင်း၊ တင်ခြင်းများကိုလည်း ရပ်ဆိုင်းထားပြီးဖြစ်ပါတယ်။ မည့်သည့်အချိန်တွင် အဝေးသင်လုပ်ငန်းများပြန်လည်ဆောင်ရွက်နိုင်မည်ကို ထုတ်ပြန်ထားခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။

ကျောင်းများဖွင့်လှစ်ခြင်းနှင့်ပတ်သက်၍ ကောလဟလ သတင်းများထွက်ရှိနေတတ်ပါတယ်။ ကျောင်းသား/သူများအနေဖြင့် သတင်းတု၊ သတင်းမှားများကို မယုံကြရန်လိုအပ်ပါတယ်။ ခိုင်မာသော တက္ကသိုလ်များ၏ Page များမှာကြေညာမှသာ လက်ခံပေးရန်လိုအပ်ပါတယ်။ 

လတ်တလောအနေဖြင့် တက္ကသိုလ်များဖွင့်လှစ်မည့်ရက်နှင့် ပတ်သက်၍ ထုတ်ပြန်ထားခြင်းမရှိသေးသည့်အပြင် စာမေးပွဲပြန်လည်ဖြေဆိုရန်အတွက်လည်း ရက်အတိအကျ ထုတ်ပြန်ထားခြင်းများမရှိသေးကြောင်းသိရပါတယ်။


Credit: Dagon University Students' Union 

 

** Zawgyi **

လက္တေလာတြင္ ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္နိုင္ေရးကို သိရွိရျခင္းမရွိေသးပါ၊ COVID-19 လူနာ ျမန္မာနိုင္ငံတြင္ စတင္ေတြ႕ရွိခဲ့သည့္ေန႔ မတ္လ (၂၄) ရက္မွစတင္၍ တကၠသိုလ္မ်ားအားလုံး၏ သင္ၾကားသင္ယူမႈမ်ားႏွင့္ အေဝးသင္ သင္တန္းေရးရာ ကိစၥရပ္မ်ားအားလုံး ရပ္ဆိုင္းခဲ့ပါတယ္။

ယခုအခ်ိန္အခါတြင္ အစိုးရမွ ေမလ (၁၅) ရက္အထိလူစုလူေဝးမျပဳလုပ္ရန္ အမိန႔္ထုတ္ျပန္ခဲ့ပါတယ္။ ၎ေၾကာင့္ ဆရာ/ဆရာမမ်ားအေနျဖင့္ ေက်ာင္းမ်ားသို႔ လာေရာက္ျခင္းမျပဳရန္ႏွင့္ အိမ္မွာသာေနၾကရန္အတြက္ သက္ဆိုင္ရာ တကၠသိုလ္မ်ားက ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။

ေက်ာင္းမ်ားပုုံမွန္ဖြင့္သည့္ ဇြန္လကို မၾကာမီေရာက္ရွိေတာ့မည္ျဖစ္သည့္အတြက္ ေက်ာင္းသားအဖြဲအစည္း အခ်ိဳ႕ႏွင့္ ေက်ာင္းဖြင့္ရက္ကိစၥႏွင့္ စပ္လ်ဥ္းၿပီး တာဝန္ရွိသူမ်ားအားေမးျမန္းခဲ့ပါတယ္။

“ COVID-19 ဗဟိုေကာ္မတီညႊန္ၾကားထားသည့္ ေမလ (၁၅) ရက္ေနာက္ပိုင္းမွသာ ပညာေရးႏွင့္ ပတ္သက္သည့္အစီအစဥ္မ်ားကို ေျပာနိုင္မည္ “ဟု သိရပါတယ္။

ေရာဂါမ်ားစိတ္ခ်ရေသာအခ်ိန္အခါမွသာလၽွင္ တကၠသိုလ္၊ ေကာလိပ္မ်ား၊ အေျခခံပညာေက်ာင္းမ်ားျပန္ဖြင့္မည္ျဖစ္ၿပီး ဖြင့္လွစ္ပါက လုံေလာက္ေသာ အခ်ိန္ ႀကိဳတင္အေၾကာင္းၾကားမည္ျဖစ္ေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနမွ တာဝန္ရွိသူတစ္ဦး၏ ေျပာၾကားခ်က္အရလည္း သိရပါတယ္။

အေဝးသင္ေရးရာကိစၥမ်ားႏွင့္ ပတ္သက္ၿပီး ေမလတြင္ တက္ေရာက္ရမည့္ အေဝးသင္လက္ေတြ႕သင္တန္းမ်ားကို ရပ္ဆိုင္းလိုက္ၿပီး အေဝးသင္ေက်ာင္းအပ္ျခင္း၊ စာစဥ္ထုတ္ျခင္း၊ တင္ျခင္းမ်ားကိုလည္း ရပ္ဆိုင္းထားၿပီးျဖစ္ပါတယ္။ မည့္သည့္အခ်ိန္တြင္ အေဝးသင္လုပ္ငန္းမ်ားျပန္လည္ေဆာင္ရြက္နိုင္မည္ကို ထုတ္ျပန္ထားျခင္းမ်ိဳးမရွိေသးေၾကာင္း သိရပါတယ္။

ေက်ာင္းမ်ားဖြင့္လွစ္ျခင္းႏွင့္ပတ္သက္၍ ေကာလဟလ သတင္းမ်ားထြက္ရွိေနတတ္ပါတယ္။ ေက်ာင္းသား/သူမ်ားအေနျဖင့္ သတင္းတု၊ သတင္းမွားမ်ားကို မယုံၾကရန္လိုအပ္ပါတယ္။ ခိုင္မာေသာ တကၠသိုလ္မ်ား၏ Page မ်ားမွာေၾကညာမွသာ လက္ခံေပးရန္လိုအပ္ပါတယ္။ 

လတ္တေလာအေနျဖင့္ တကၠသိုလ္မ်ားဖြင့္လွစ္မည့္ရက္ႏွင့္ ပတ္သက္၍ ထုတ္ျပန္ထားျခင္းမရွိေသးသည့္အျပင္ စာေမးပြဲျပန္လည္ေျဖဆိုရန္အတြက္လည္း ရက္အတိအက် ထုတ္ျပန္ထားျခင္းမ်ားမရွိေသးေၾကာင္းသိရပါတယ္။


Credit: Dagon University Students' Union 

News Tips Latest Post Read 4256 times